ဆုဖလား အောင်မြင်မှုတွေ ရလိုရင် ဟယ်ရီကိန်း ရွေးရမယ့် အသင်းကို ဘာဘာတော့ဗ် ထောက်ပြ

နွေမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ အသင်းပြောင်းဖွယ် ရှိနေပြီး စပါးနဲ့ ယူနိုက်တက်မှာ ကစားဖူးတဲ့ တိုက်စစ်သမား ဘာဘာတော့ဗ်က ယူနိုက်တက်ဟာ မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်လိမ့်မယ်လို့ ထောက်ပြမှုတစ်ခု လုပ်သွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ နွေမှာ တိုက်စစ်သမားတွေ ခေါ်ယူအားဖြည့်မယ် သတင်းကြီးနေပြီး ဆန်ချိုအတွက် ချိတ်ဆက်မှုတွေ ရှိနေသလို ဒီရက်ပိုင်းမှာ စပါးကနေ ထွက်ခွာဖို့ လမ်းစပြလာတဲ့ ကိန်းနဲ့လည်း သတင်းဆက်နွယ်မှုတွေ ရှိလာတာဖြစ်တယ်။ ယူနိုက်တက် တိုက်စစ်သမားဟောင်း ဘာဘာတော့က ကိန်းရဲ့ အသင်းပြောင်းဖို့ရာ ကိစ္စအပေါ် အကောင်းမြင်နေပါတယ်။

” ကျနော်တုန်းက အခြေအနေတွေက ဟယ်ရီကိန်း ရင်ဆိုင်နေရတဲ့ အနေအထားတွေနဲ့ ဆင်တူပါတယ်။ ကျနော်ရဲ့ ကစားသမားဘဝ လမ်းကြောင်းမှန်ရောက်ဖို့ အသင်းပြောင်းလိုစိတ် ရှိခဲ့ခြင်းမျိုးနဲ့လည်း တူညီမှုရှိတယ်။ ကျနော်ကလည်း မှန်ကန်တဲ့ အသင်းမှာ ရှိမယ်ဆိုရင် ဆုဖလားတွေကို စိန်ခေါ်နိုင်မှာပဲလို့ တွေးမိခဲ့တယ်။

စပါးနဲ့ ယူနိုက်တက်ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးကောင်းတွေ ရှိထားပါတယ်။ တက်ဒီ ရှာရင်ဂမ်ဟာ စပါးကနေ ယူနိုက်တက်ကို ရောက်ခဲ့သလို ကျနော်ကလည်း စပါးကနေ ယူနိုက်တက်ကို ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ အခုကတော့ ကိန်းရဲ့ အလှည့်ပါပဲ။ သူက ကျနေ်ာလို အထောင်တိုက်စစ်သမားဖြစ်တယ်။ အခုဆိုရင် သူ့ကို ယူနိုက်တက်က ကမ်းလှမ်းမှုတွေ ရှိလာပါပြီ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

စပါးကစားသမားတွေဟာ ယူနိုက်တက်ကို ပြောင်းရွှေ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့ဖူးကြတယ်။ အဆိုပါထဲမှာတော့ ယူနိုက်တက် အသင်းခေါင်ေးဆာင်ဟောင်း မိုင်ကယ်ကာရစ်၊ ရှာရင်ဂမ်နဲ့ ဘာဘာတော့ဗ်တို့ဟာ ထင်ရှားသူတွေ ဖြစ်ကြပါတယ်။

ZAWGYI

ေႏြမွာ စပါးတိုက္စစ္မွဴး ဟယ္ရီကိန္းဟာ အသင္းေျပာင္းဖြယ္ ရွိေနျပီး စပါးနဲ႔ ယူႏုိက္တက္မွာ ကစားဖူးတဲ့ တိုက္စစ္သမား ဘာဘာေတာ့ဗ္က ယူႏုိက္တက္ဟာ မွန္ကန္တဲ့ ေရြးခ်ယ္မႈ ျဖစ္လိမ့္မယ္လို႔ ေထာက္ျပမႈတစ္ခု လုပ္သြားခဲ့ပါတယ္။

ယူႏုိက္တက္ဟာ ေႏြမွာ တိုက္စစ္သမားေတြ ေခၚယူအားျဖည့္မယ္ သတင္းၾကီးေနျပီး ဆန္ခ်ိဳအတြက္ ခ်ိတ္ဆက္မႈေတြ ရွိေနသလို ဒီရက္ပိုင္းမွာ စပါးကေန ထြက္ခြာဖို႔ လမ္းစျပလာတဲ့ ကိန္းနဲ႔လည္း သတင္းဆက္ႏြယ္မႈေတြ ရွိလာတာျဖစ္တယ္။ ယူႏုိက္တက္ တိုက္စစ္သမားေဟာင္း ဘာဘာေတာ့က ကိန္းရဲ႕ အသင္းေျပာင္းဖို႔ရာ ကိစၥအေပၚ အေကာင္းျမင္ေနပါတယ္။

” က်ေနာ္တုန္းက အေျခအေနေတြက ဟယ္ရီကိန္း ရင္ဆိုင္ေနရတဲ့ အေနအထားေတြနဲ႔ ဆင္တူပါတယ္။ က်ေနာ္ရဲ႕ ကစားသမားဘဝ လမ္းေၾကာင္းမွန္ေရာက္ဖို႔ အသင္းေျပာင္းလိုစိတ္ ရွိခဲ့ျခင္းမ်ိဳးနဲ႔လည္း တူညီမႈရွိတယ္။ က်ေနာ္ကလည္း မွန္ကန္တဲ့ အသင္းမွာ ရွိမယ္ဆိုရင္ ဆုဖလားေတြကို စိန္ေခၚႏုိင္မွာပဲလို႔ ေတြးမိခဲ့တယ္။

စပါးနဲ႔ ယူႏုိက္တက္ၾကားမွာ ေကာင္းမြန္တဲ့ ဆက္ဆံေရးေကာင္းေတြ ရွိထားပါတယ္။ တက္ဒီ ရွာရင္ဂမ္ဟာ စပါးကေန ယူႏုိက္တက္ကို ေရာက္ခဲ့သလို က်ေနာ္ကလည္း စပါးကေန ယူႏုိက္တက္ကို ေရာက္သြားခဲ့တာ ျဖစ္ပါတယ္။ အခုကေတာ့ ကိန္းရဲ႕ အလွည့္ပါပဲ။ သူက က်ေန္ာလို အေထာင္တုိက္စစ္သမားျဖစ္တယ္။ အခုဆိုရင္ သူ႔ကို ယူႏုိက္တက္က ကမ္းလွမ္းမႈေတြ ရွိလာပါျပီ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

စပါးကစားသမားေတြဟာ ယူႏုိက္တက္ကို ေျပာင္းေရႊ႔ျပီး ေအာင္ျမင္မႈေတြ ရရွိခဲ့ဖူးၾကတယ္။ အဆိုပါထဲမွာေတာ့ ယူႏုိက္တက္ အသင္းေခါင္ေးဆာင္ေဟာင္း မုိင္ကယ္ကာရစ္၊ ရွာရင္ဂမ္နဲ႔ ဘာဘာေတာ့ဗ္တို႔ဟာ ထင္ရွားသူေတြ ျဖစ္ၾကပါတယ္။