အသင်းသစ် ယူနိုက်တက်မှာ မြန်မြန် အထိုင်ကျခဲ့ခြင်း အကြောင်းတစ်ချက် အစ်ဟာလို ဖွင့်ဟ

ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့က ယူနိုက်တက်ထံ ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူး အစ်ဟာလိုက အသင်းသစ်မှာ မြန်မြန် အထိုင်ကျခဲ့တဲ့ အကြောင်းအရင်း တစ်ရပ်ကို ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အစ်ဟာလိုက ၎င်း စပိန်စကား တတ်တာကြောင့် အခုလို မြန်မြန် အဆင်ပြေခဲ့ကြောင်း ဆိုပါတယ်။ ယူနိုက်တက်မှာ စပိန်စကားပြော အသင်းဖော်တွေ ဖြစ်တဲ့ မာတာ၊ ဒီဂီယာ၊ ရိုမီယိုတို့ကြောင့် ခပ်မြန်မြန်ပဲ အထိုင်ကျခဲ့တယ်လို့ အစ်ဟာလိုက ဆိုပါတယ်။

” ယူနိုက်တက်ကို ရောက်တော့ တကယ့် မိတ်ဆွေ သူငယ်ချင်းကောင်းတွေ တွေ့ရတယ်။ အဝတ်လဲခန်းထဲမှာ တကယ်ကို ခင်စရာတွေပါ။ မာတာ၊ ဒီဂီယာ၊ ရိုမီရိုတို့နဲ့ စကားပြောရတာပိုအဆင်ပြေ တယ်။ စပိန် စကားပြောတဲ့သူအတွက် စပိန်တွေနဲ့ အဆင်ပြေတာလို့ပဲ ပြောရမှာပေါ့။

အသင်းမှာ အလျင်အမြန် အထိုင်ကျခဲ့တာက ဒီလို စီနီယာ ကစားသမားတွေရဲ့ အကူအညီကြောင့်ပါ။ အရင်ကတော့ ပြိုင်ဘက်အသင်းက ကစားသမားတွေပေါ့ အခုတော့ အသင်းဖော် ဖြစ်လာခဲ့ပြီ။ ” လို့ အစ်ဟာလိုက ဆိုပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားက အသင်း အဓိက တိုက်စစ်မှူး ရက်ဖို့ဒ် ဒဏ်ရာ ရနေချိန် အစားဝင်နိုင်ဖို့ အစ်ဟာလိုကို အငှား ခေါ်ယူခဲ့တာ ဖြစ်ပြီး ၎င်း အစွမ်းပြမှုများကြောင့် ရာသီကုန်မှာ အပြီးသတ် ဝယ်ယူဖို့ပါ လိုလားနေပြီ ဖြစ်ပါတယ်။

အစ်ဟာလိုရဲ့ လက်ရှိ မိခင်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းဘက်ကတော့ အစ်ဟာလိုကို လက်မလွှတ်လိုပါဘူး။ ကစားသမားက စိတ်အားထက်သန်လွန်း နေတာကြောင့် တန်ကြေးကို ပေါင် ၁၅ သန်း ဝန်းကျင် သတ်မှတ်ပေးထားပြီး ယူနိုက်တက်က လှုပ်ရှားရင် အပြောင်းအရွှေ့ ဖြစ်လာဖို့ ရှိနေပါတယ်။

Zawgyi – ျပီးခဲ့တဲ့ ဇန္န၀ါရီ အေျပာင္းအေရႊ႕က ယူနိုက္တက္ထံ ေရာက္ရွိလာခဲ့တဲ့ တိုက္စစ္မွဴး အစ္ဟာလိုက အသင္းသစ္မွာ ျမန္ျမန္ အထိုင္က်ခဲ့တဲ့ အေၾကာင္းအရင္း တစ္ရပ္ကို ထုတ္ေဖာ္ ေျပာဆိုသြားခဲ့ပါတယ္။

အစ္ဟာလိုက ၄င္း စပိန္စကား တတ္တာေၾကာင့္ အခုလို ျမန္ျမန္ အဆင္ေျပခဲ့ေၾကာင္း ဆိုပါတယ္။ ယူနိုက္တက္မွာ စပိန္စကားေျပာ အသင္းေဖာ္ေတြ ျဖစ္တဲ့ မာတာ၊ ဒီဂီယာ၊ ႐ိုမီယိုတို႔ေၾကာင့္ ခပ္ျမန္ျမန္ပဲ အထုိင္က်ခဲ့တယ္လို႔ အစ္ဟာလိုက ဆိုပါတယ္။

” ယူနိုက္တက္ကို ေရာက္ေတာ့ တကယ့္ မိတ္ေဆြ သူငယ္ခ်င္းေကာင္းေတြ ေတြ႔ရတယ္။ အ၀တ္လဲခန္းထဲမွာ တကယ္ကို ခင္စရာေတြပါ။ မာတာ၊ ဒီဂီယာ၊ ႐ိုမီ႐ိုတို႔နဲ႔ စကားေျပာရတာပိုအဆင္ေျပ တယ္။ စပိန္ စကားေျပာတဲ့သူအတြက္ စပိန္ေတြနဲ႔ အဆင္ေျပတာလို႔ပဲ ေျပာရမွာေပါ့။

အသင္းမွာ အလ်င္အျမန္ အထိုင္က်ခဲ့တာက ဒီလို စီနီယာ ကစားသမားေတြရဲ႕ အကူအညီေၾကာင့္ပါ။ အရင္ကေတာ့ ျပိဳင္ဘက္အသင္းက ကစားသမားေတြေပါ့ အခုေတာ့ အသင္းေဖာ္ ျဖစ္လာခဲ့ျပီ။ ” လို႔ အစ္ဟာလိုက ဆိုပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားက အသင္း အဓိက တိုက္စစ္မွဴး ရက္ဖို႔ဒ္ ဒဏ္ရာ ရေနခ်ိန္ အစား၀င္နုိင္ဖို႔ အစ္ဟာလိုကို အငွား ေခၚယူခဲ့တာ ျဖစ္ျပီး ၄င္း အစြမ္းျပမႈမ်ားေၾကာင့္ ရာသီကုန္မွာ အျပီးသတ္ ၀ယ္ယူဖို႔ပါ လိုလားေနျပီ ျဖစ္ပါတယ္။

အစ္ဟာလိုရဲ႕ လက္ရွိ မိခင္ကလပ္ ရွန္ဟိုင္းရွင္ဟြာအသင္းဘက္ကေတာ့ အစ္ဟာလိုကို လက္မလႊတ္လိုပါဘူး။ ကစားသမားက စိတ္အားထက္သန္လြန္း ေနတာေၾကာင့္ တန္ေၾကးကို ေပါင္ ၁၅ သန္း ၀န္းက်င္ သတ္မွတ္ေပးထားျပီး ယူနိုက္တက္က လႈပ္ရွားရင္ အေျပာင္းအေရႊ႕ ျဖစ္လာဖို႔ ရွိေနပါတယ္။