ခြေစွမ်း ပျောက်ဆုံးသွားတဲ့ ဆန်းချက် အိုဇေးအကြောင်း ပေါလ်အင့် သုံးသပ်ပြ

ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီး ပေါလ်အင့်က ယူနိုက်တက်တိုက်စစ်သမား ဆန်းချက်နဲ့ အာဆင်နယ်အသင်းသား အိုဇေးတို့ဟာ တွဲဘက် မကစားတော့ကတည်းက အရင်လို ခြေစွမ်းတွေ မရှိကြတော့ပါဘူးလို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားတွေ ဖြစ်ခဲ့ကြတဲ့ သူတို့နှစ်ဦးဟာ ဆန်းချက် ယူနိုက်တက်ကို ပြောင်းပြီးနောက်ပိုင်း ပုံမှန်ခြေစွမ်းတွေ ပျောက်ဆုံးခဲ့ကြတာပါ။ ယူနိုက်တက်မှာ ဆန်းချက် ရုန်းကန်ရသလိုပဲ အာဆင်နယ် မန်နေဂျာသစ်တွေ လက်အောက်မှာ အိုဇေးဟာ ထိပ်တန်းခြေစွမ်းတွေ ပြသနိုင်ခြင်း မရှိတာဖြစ်ပါတယ်။

ပေါလ်အင့်က ” အာဆင်နယ်မှာတုန်းက ဆန်းချက်ဟာ အကောင်းဆုံး တိုက်စစ်သမားဖြစ်ခဲ့ပါတယ်။ သူက အာဆင်နယ်မှာ သိပ်ကောင်းခဲ့တဲ့ တိုက်စစ်သမားပါ။ ယူနိုက်တက်ကို ပြောင်းလာပြီးနောက်ပိုင်း သူ့ရဲ့ အနေအထားကို အားလုံးလည်း သိခဲ့ပြီးဖြစ်တယ်။ ဆန်းချက်က အာဆင်နယ်မှာ အရမ်းကောင်းခဲ့တာဟာ အိုဇေးကြောင့် ဖြစ်ပါတယ်။

သူတို့နှစ်ဦးက အချင်းချင်း နားလည်မှုရှိပြီး တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းကြီး သိပါတယ်။ ဘယ်လို ကစားကြမယ်ဆိုတာကိုလည်း လှည့်ကြည့်စရာမလိုပဲကို အချင်းချင်း နားလည်ကြသူတွေဖြစ်တယ်။

အာဆင်နယ်မှာ ဆန်းချက် ကောင်းခဲ့တာက အိုဇေးနဲ့ တွဲဘက်ညီညီ ကစားနိုင်တာကြောင့်ဖြစ်တယ်။ သူတို့က တစ်ဦး ပိုမို ကောင်းမွန်လာဖို့ အခြားတစ်ဦးက ကူညီပေးနိုင်စွမ်း ရှိပါတယ်။ ဆန်းချက် ထွက်သွားပြီးနောက်မှာ အိုဇေးကလည်း တူညီတဲ့ ကစားသမား မဟုတ်တော့ပါဘူး။ တစ်ဦးမှ အကောင်းဆုံး ခြေစွမ်းတွေ မရကြပါဘူး ” လို့ ဆိုသွားတာဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ကစားသမားေဟာင္းၾကီး ေပါလ္အင့္က ယူႏုိက္တက္တိုက္စစ္သမား ဆန္းခ်က္နဲ႔ အာဆင္နယ္အသင္းသား အိုေဇးတို႔ဟာ တြဲဘက္ မကစားေတာ့ကတည္းက အရင္လို ေျခစြမ္းေတြ မရွိၾကေတာ့ပါဘူးလို႔ သံုးသပ္ေျပာဆိုလိုက္ပါတယ္။

ပရီးမီးယားလိဂ္ အေကာင္းဆံုး ကစားသမားေတြ ျဖစ္ခဲ့ၾကတဲ့ သူတို႔ႏွစ္ဦးဟာ ဆန္းခ်က္ ယူႏုိက္တက္ကို ေျပာင္းျပီးေနာက္ပိုင္း ပံုမွန္ေျခစြမ္းေတြ ေပ်ာက္ဆံုးခဲ့ၾကတာပါ။ ယူႏုိက္တက္မွာ ဆန္းခ်က္ ရုန္းကန္ရသလိုပဲ အာဆင္နယ္ မန္ေနဂ်ာသစ္ေတြ လက္ေအာက္မွာ အိုေဇးဟာ ထိပ္တန္းေျခစြမ္းေတြ ျပသႏုိုင္ျခင္း မရွိတာျဖစ္ပါတယ္။

ေပါလ္အင့္က ” အာဆင္နယ္မွာတုန္းက ဆန္းခ်က္ဟာ အေကာင္းဆံုး တိုက္စစ္သမားျဖစ္ခဲ့ပါတယ္။ သူက အာဆင္နယ္မွာ သိပ္ေကာင္းခဲ့တဲ့ တိုက္စစ္သမားပါ။ ယူႏုိက္တက္ကို ေျပာင္းလာျပီးေနာက္ပိုင္း သူ႔ရဲ႕ အေနအထားကို အားလံုးလည္း သိခဲ့ျပီးျဖစ္တယ္။ ဆန္းခ်က္က အာဆင္နယ္မွာ အရမ္းေကာင္းခဲ့တာဟာ အိုေဇးေၾကာင့္ ျဖစ္ပါတယ္။

သူတို႔ႏွစ္ဦးက အခ်င္းခ်င္း နားလည္မႈရွိျပီး တစ္ေယာက္အေၾကာင္း တစ္ေယာက္ ေကာင္းေကာင္းၾကီး သိပါတယ္။ ဘယ္လို ကစားၾကမယ္ဆိုတာကိုလည္း လွည့္ၾကည့္စရာမလိုပဲကို အခ်င္းခ်င္း နားလည္ၾကသူေတြျဖစ္တယ္။

အာဆင္နယ္မွာ ဆန္းခ်က္ ေကာင္းခဲ့တာက အိုေဇးနဲ႔ တြဲဘက္ညီညီ ကစားႏုိင္တာေၾကာင့္ျဖစ္တယ္။ သူတို႔က တစ္ဦး ပိုမို ေကာင္းမြန္လာဖို႔ အျခားတစ္ဦးက ကူညီေပးႏုိင္စြမ္း ရွိပါတယ္။ ဆန္းခ်က္ ထြက္သြားျပီးေနာက္မွာ အိုေဇးကလည္း တူညီတဲ့ ကစားသမား မဟုတ္ေတာ့ပါဘူး။ တစ္ဦးမွ အေကာင္းဆံုး ေျခစြမ္းေတြ မရၾကပါဘူး ” လို႔ ဆိုသြားတာျဖစ္ပါတယ္။