ယူနိုက်တက်နဲ့ ဆန်ချိုကိစ္စ သတင်းကောင်းတစ်ခုကို The Athletic သတင်းဌာနက ဖော်ပြ

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် ရာသီမှာ အသင်းတိုက်စစ်ကို အင်အားဖြည့်ဖို့အတွက် မွေးရပ်မြေဖြစ်တဲ့ အင်္ဂလန်ကို ပြန်လာလိုနေတဲ့ ဒေါ့မွန်တိုက်စစ်သမား ဆန်ချိုကို ခေါ်ယူူလိုနေတာပါ။

သတင်းကောင်းအဖြစ် The Athletic သတင်းဌာနက ဖော်ပြရာမှာ ” ဆန်ချိုဟာ မန်စီးတီးကစားသမားဘဝ သူ့သူငယ်ချင်းတွေ ရှိခဲ့တဲ့ မန်ချက်စတာကိုပဲ ပြန်ပြောင်းလာဖို့ အတော်လေး လမ်းဖွင့်ထားတဲ့ အခြေအနေဖြစ်တယ်။ ဆန်ချိုကို အပြိုင်ခေါ်ယူလိုတဲ့ လီဗာပူးနဲ့ ချယ်ဆီးတို့ဟာ ဒေါ့မွန် အလိုရှိတဲ့ ပြောင်းရွှေ့ကြေးကို အသုံးပြုသွားမှာ မဟုတ်ပါဘူး ” လို့ ပါရှိတာဖြစ်တယ်။

ဂျာမနီသတင်းဌာန BILD ကတော့ ဒေါ့မွန်က ၎င်းတို့ရဲ့ လူငယ်လေး ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးကိုး ယူရို သန်း ၁၄၀ ထိ ဈေးတင်ထားတယ်လို့ သိရတယ်။ ယူနိုက်တက်ဟာ ဆန်ချိုကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်ပြီး ပြောင်းရွှေ့ကြေး မြင့်မားနိုင်ပေမယ့် ကိုရိုနာ ကပ်ဘေးကြောင့် ဥရောပကစားသမားတွေရဲ့ တန်ကြေး ကျဆင်းမယ်လို့ ခန့်မှန်းထားရတယ်။

ယူနိုက်တက်ဘက်က ဒေါ့မွန်တောင်ပံသမားကို ခေါ်ယူဖို့ အားထုတ်လိုနေပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့် မသေချာသေးတဲ့ အနေအထား အပြင် ဈေးကွက်ကို ဖွင့်လှစ်ချိန် အပြောင်းအလဲတွေ ရှိလာနိုင်ခြင်းကလည်း အပြောင်းအရွှေ့ကို နှောင့်နှေးစေပါတယ်။ ယူနိုက်တက်ဘက်ကတော့ ဆန်ချိုအတွက် တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းထိပေးဖို့ ပြင်ဆင်ထားပြီဖြစ်ပါတယ်။

မန်နေဂျာဆိုးရှားက ဒီကာလတွေမှာ ကလပ်နဲ့ ပက်သက်တဲ့ သုံးသပ်မှုတွေကို ပြန်လုပ်ဆောင်မှာဖြစ်ပြီး ဘယ်လို ကစားသမားတွေကို ခေါ်ယူရမလဲဆိုတာကို လေ့လာမှာဖြစ်ကာ နွေဈေးကွက်ထဲ ငွေအသုံးစရိတ်ကြီး သုံးစွဲဖို့ ယူနိုက်တက်မှာ ဘဏ္ဍာရေးတောင့်တင်းတယ်လို့ ဒီအပတ်မှာပဲ ထုတ်ဖော် ကြေညာထားပါတယ်။

ZAWGYI

မန္ခ်က္စတာယူနိုက္တက္ဟာ လာမယ့္ ရာသီမွာ အသင္းတိုက္စစ္ကို အင္အားျဖည့္ဖို႔အတြက္ ေမြးရပ္ေျမျဖစ္တဲ့ အဂၤလန္ကို ျပန္လာလိုေနတဲ့ ေဒါ့မြန္တိုက္စစ္သမား ဆန္ခ်ိဳကို ေခၚယူူလိုေနတာပါ။

သတင္းေကာင္းအျဖစ္ The Athletic သတင္းဌာနက ေဖာ္ျပရာမွာ ” ဆန္ခ်ိဳဟာ မန္စီးတီးကစားသမားဘဝ သူ႔သူငယ္ခ်င္းေတြ ရွိခဲ့တဲ့ မန္ခ်က္စတာကိုပဲ ျပန္ေျပာင္းလာဖို႔ အေတာ္ေလး လမ္းဖြင့္ထားတဲ့ အေျခအေနျဖစ္တယ္။ ဆန္ခ်ိဳကို အျပိဳင္ေခၚယူလိုတဲ့ လီဗာပူးနဲ႔ ခ်ယ္ဆီးတို႔ဟာ ေဒါ့မြန္ အလိုရွိတဲ့ ေျပာင္းေရႊ႔ေၾကးကို အသံုးျပဳသြားမွာ မဟုတ္ပါဘူး ” လို႔ ပါရွိတာျဖစ္တယ္။

ဂ်ာမနီသတင္းဌာန BILD ကေတာ့ ေဒါ့မြန္က ၄င္းတို႔ရဲ႕ လူငယ္ေလး ဆန္ခ်ိဳအတြက္ ေျပာင္းေရႊ႔ေၾကးကိုး ယူရို သန္း ၁၄၀ ထိ ေစ်းတင္ထားတယ္လို႔ သိရတယ္။ ယူႏုိက္တက္ဟာ ဆန္ခ်ိဳကို ေခၚယူႏုိင္ဖို႔ ေရပန္းအစားဆံုးျဖစ္ျပီး ေျပာင္းေရႊ႔ေၾကး ျမင့္မားႏုိင္ေပမယ့္ ကိုရိုနာ ကပ္ေဘးေၾကာင့္ ဥေရာပကစားသမားေတြရဲ႕ တန္ေၾကး က်ဆင္းမယ္လို႔ ခန္႔မွန္းထားရတယ္။

ယူႏုိက္တက္ဘက္က ေဒါ့မြန္ေတာင္ပံသမားကို ေခၚယူဖို႔ အားထုတ္လိုေနေပမယ့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ မေသခ်ာေသးတဲ့ အေနအထား အျပင္ ေစ်းကြက္ကို ဖြင့္လွစ္ခ်ိန္ အေျပာင္းအလဲေတြ ရွိလာႏုိင္ျခင္းကလည္း အေျပာင္းအေရႊ႔ကို ေႏွာင့္ေႏွးေစပါတယ္။ ယူနုိက္တက္ဘက္ကေတာ့ ဆန္ခ်ိဳအတြက္ တစ္ပတ္လုပ္ခ ေပါင္ ၂ သိန္းထိေပးဖို႔ ျပင္ဆင္ထားျပီျဖစ္ပါတယ္။

မန္ေနဂ်ာဆိုးရွားက ဒီကာလေတြမွာ ကလပ္နဲ႔ ပက္သက္တဲ့ သံုးသပ္မႈေတြကို ျပန္လုပ္ေဆာင္မွာျဖစ္ျပီး ဘယ္လို ကစားသမားေတြကို ေခၚယူရမလဲဆိုတာကို ေလ့လာမွာျဖစ္ကာ ေႏြေစ်းကြက္ထဲ ေငြအသံုးစရိတ္ၾကီး သံုးစြဲဖို႔ ယူႏုိက္တက္မွာ ဘ႑ာေရးေတာင့္တင္းတယ္လို႔ ဒီအပတ္မွာပဲ ထုတ္ေဖာ္ ေၾကညာထားပါတယ္။