ကွင်းလယ်အတွက် ချိတ်ဆက်နေမှုမှာ ပြိုင်ဘက်သစ် ဝင်လာခြင်းကို ရင်ဆိုင်ရမယ့် ယူနိုက်တက်
ယူနိုက်တက်ဟာ နွေအပြောင်းအရွှေ့မှာ အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂရီလစ်ကို ခေါ်ယူနိုင်ဖို့ ချိတ်ဆက်နေတာဖြစ်ပြီး အခုဆိုရင်တော့ ပြိုင်ဘက် ပေါ်လာခဲ့ပြီဖြစ်ကာ အဲဗာတန်အသင်းကပါ ဂရီလစ်ကို ချိန်ရွယ်လာခဲ့ပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့လတွေမှာပဲ အင်္ဂလန်သတင်းဌာနတွေက ယူနိုက်တက်ဟာ ဂရီလစ်ကို ခေါ်ယူဖို့ ကြိုးစားနေကာ ဗီလာအသင်းသားက မန်ချက်စတာမှာ အိမ်ရှာနေပြီလို့တောင် ဖော်ပြခဲ့တာပါ။ ဂရီလစ်ကိုယ်တိုင်ကလည်း အပြောင်းအရွှေ့ ကိစ္စတွေကို ငြင်းဆန်တာမျိုး မလုပ်ခဲ့တဲ့အပြင် ဒီလို သတင်းထွက်နေတာကိုလည်း ကျေနပ်မှု ရှိတယ်လို့ ဝန်ခံခဲ့တယ်။
အဲဗာတန်ဘက်က စိတ်ဝင်စားလာခြင်းက မန်နေဂျာအန်ဆယ်လော့တီက သူ့ကစားကွက်မှာ ဂရီလစ် အံဝင်မယ်လို့ ယုံကြည်သလို လူငယ်ကစားသမားတွေနဲ့ ပြန်လည်စုဖွဲ့နေမှုမှာ ဂရီလစ်ကို ဝန်းရံတဲ့ အနေအထားထိ စဉ်းစားလာခဲ့တယ်လို့ သိရတယ်။ ယူနိုက်တက်နဲ့ အဲဗာတန်တို့ကြား အပြိုင်အဆိုင်တွေ ဖြစ်လာနိုင်ပြီး အဲဗာတန်က သူတို့ရဲ့ နွေ အဓိက ပစ်မှတ်အဖြစ် ဂရီလစ်ကို ရွေးချယ်သွားဖို့ထိ ရည်ရွယ်လာခဲ့ပါတယ်။
ပရီးမီးယားလိဂ်အသင်းတွေဘက်က ဂရီလစ်ကို ခေါ်ယူလိုတယ်ဆိုရင် ပေါင် ၄၅ သန်း ဝန်းကျင် ပေးဖို့ လိုအပ်မှာဖြစ်တယ်။ နွေမှာ ပေါ့ဘာကို ရောင်းထုတ်ရပါက ပြန်လည် အစားထိုးဖို့ ဂရီလစ်နဲ့ မတ်ဒီဆန်ကို စိတ်ဝင်စားနေသလို မန်နေဂျာ ဆိုးရှားက တိုက်စစ်ပိုင်းအတွက်လည်း တောင်ပံတိုက်စစ်နဲ့ တိုက်စစ်မှူးနေရာတွေကို ချိန်ရွယ်နေဆဲဖြစ်တယ်။
ယူနိုက်တက်ရဲ့ နွေပစ်မှတ်တွေကို ကလပ်တွေရဲ့ ကစားသမား ရောင်းချလိုမှုအပေါ် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်တယ်လို့ မန်နေဂျာ ဆိုးရှားက ဝန်ခံထားပါတယ်။ ဒါ့အပြင် ဘဏ္ဍာရေးတောင့်တင်းတဲ့ ယူနိုက်တက်ဟာ ဈေးကွက်ဖွင့်ချိန်မှာ လိုအပ်တဲ့ ကစားသမားတွေကို အသုံးစရိတ်ကြီးတွေနဲ့ ခေါ်ယူမှုတွေ လုပ်လာနိုင်ကြောင်းလည်း မန်နေဂျာဆိုးရှားက ပြိုင်ဘက်တွေကို သတိပေးထားတာဖြစ်ပါတယ်။
ယူႏုိက္တက္ဟာ ေႏြအေျပာင္းအေရႊ႔မွာ အက္စတြန္ဗီလာ အသင္းေခါင္းေဆာင္ ဂရီလစ္ကို ေခၚယူႏုိင္ဖို႔ ခ်ိတ္ဆက္ေနတာျဖစ္ျပီး အခုဆိုရင္ေတာ့ ျပိဳင္ဘက္ ေပၚလာခဲ့ျပီျဖစ္ကာ အဲဗာတန္အသင္းကပါ ဂရီလစ္ကို ခ်ိန္ရြယ္လာခဲ့ျပီျဖစ္ပါတယ္။
ျပီးခဲ့တဲ့လေတြမွာပဲ အဂၤလန္သတင္းဌာနေတြက ယူႏုိက္တက္ဟာ ဂရီလစ္ကို ေခၚယူဖို႔ ၾကိဳးစားေနကာ ဗီလာအသင္းသားက မန္ခ်က္စတာမွာ အိမ္ရွာေနျပီလို႔ေတာင္ ေဖာ္ျပခဲ့တာပါ။ ဂရီလစ္ကိုယ္တိုင္ကလည္း အေျပာင္းအေရႊ႔ ကိစၥေတြကို ျငင္းဆန္တာမ်ိဳး မလုပ္ခဲ့တဲ့အျပင္ ဒီလို သတင္းထြက္ေနတာကိုလည္း ေက်နပ္မႈ ရွိတယ္လို႔ ဝန္ခံခဲ့တယ္။
အဲဗာတန္ဘက္က စိတ္ဝင္စားလာျခင္းက မန္ေနဂ်ာအန္ဆယ္ေလာ့တီက သူ႔ကစားကြက္မွာ ဂရီလစ္ အံဝင္မယ္လို႔ ယံုၾကည္သလို လူငယ္ကစားသမားေတြနဲ႔ ျပန္လည္စုဖြဲ႔ေနမႈမွာ ဂရီလစ္ကို ဝန္းရံတဲ့ အေနအထားထိ စဥ္းစားလာခဲ့တယ္လို႔ သိရတယ္။ ယူႏိုက္တက္နဲ႔ အဲဗာတန္တို႔ၾကား အၿပိဳင္အဆိုင္ေတြ ျဖစ္လာႏိုင္ၿပီး အဲဗာတန္က သူတို႔ရဲ႕ ေႏြ အဓိက ပစ္မွတ္အျဖစ္ ဂရီလစ္ကို ေရြးခ်ယ္သြားဖို႔ထိ ရည္ရြယ္လာခဲ့ပါတယ္။
ပရီးမီးယားလိဂ္အသင္းေတြဘက္က ဂရီလစ္ကို ေခၚယူလိုတယ္ဆိုရင္ ေပါင္ ၄၅ သန္း ဝန္းက်င္ ေပးဖို႔ လိုအပ္မွာျဖစ္တယ္။ ေႏြမွာ ေပါ့ဘာကို ေရာင္းထုတ္ရပါက ျပန္လည္ အစားထိုးဖို႔ ဂရီလစ္နဲ႔ မတ္ဒီဆန္ကို စိတ္ဝင္စားေနသလို မန္ေနဂ်ာ ဆိုးရွားက တိုက္စစ္ပိုင္းအတြက္လည္း ေတာင္ပံတိုက္စစ္နဲ႔ တိုက္စစ္မွဴးေနရာေတြကို ခ်ိန္ရြယ္ေနဆဲျဖစ္တယ္။
ယူႏုိက္တက္ရဲ႔ ေႏြပစ္မွတ္ေတြကို ကလပ္ေတြရဲ႕ ကစားသမား ေရာင္းခ်လိုမႈအေပၚ မူတည္ျပီး အေျပာင္းအလဲ ရွိႏုိင္တယ္လို႔ မန္ေနဂ်ာ ဆိုးရွားက ဝန္ခံထားပါတယ္။ ဒါ့အျပင္ ဘ႑ာေရးေတာင့္တင္းတဲ့ ယူႏုိက္တက္ဟာ ေစ်းကြက္ဖြင့္ခ်ိန္မွာ လိုအပ္တဲ့ ကစားသမားေတြကို အသံုးစရိတ္ၾကီးေတြနဲ႔ ေခၚယူမႈေတြ လုပ္လာႏုိင္ေၾကာင္းလည္း မန္ေနဂ်ာဆိုးရွားက ျပိဳင္ဘက္ေတြကို သတိေပးထားတာျဖစ္ပါတယ္။