ဂျာစီလဲချင်တဲ့ ပြိုင်ဘက်ကစားသမား အမည် ဘစ်ဆာကာ ထုတ်ဖော် ပြောကြား

ယူနိုက်တက် အသင်း ညာစွန် ခံစစ်မှူး ဝမ် ဘစ်ဆာကာတော့ ပရီးမီးယားလိဂ်မှာ ဂျာစီချင်း လဲချင်တဲ့ ကစားသမား အမည် ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဘစ်ဆာကာ ဂျာစီလဲချင်တာကတော့ လီဗာပူး တိုက်စစ်မှူး ဆာဒီယို မာနေးနဲ့ ဖြစ်ပြီး ယခင်ကလည်း လဲဖူးတယ်လို့ ဆိုပါတယ်။

ဘယ်ပရီးမီးယားလိဂ် ကစားသမားနဲ့ ဂျာစီအကျီၤ လဲချင်သေးလဲ မေးခွန်းထုတ်ခြင်း ခံခဲ့ရာမှာ ဝမ် ဘစ်ဆာကာက ” မာနေးနဲ့ လဲချင်တယ်။ ပြီးခဲ့တဲ့ ရာသီုတန်းကလည်း ကျနော် သူ့ ဂျာစီ ရခဲ့ပါသေးတယ်။ ” လို့ ဖြေခဲ့ပါတယ်။

ယူနိုက်တက်ခံစစ်မှူး ဝမ် ဘစ်ဆာကာဟာ ခရစ်စတယ် ပဲလေ့စ်အသင်းမှာ ကစားသမားဘဝကို အစပြုခဲ့ပြီး ပဲလေ့စ်မှာ ၃ နှစ်ကြာ ကစားပြီးတဲ့ နောက် ပြီးခဲ့တဲ့ နွေက ယူနိုက်တက်ထံ အပြီးသတ် ပြောင်းရွေ့လာခဲ့ပါတယ်။ ဘစ်ဆာကာက လျင်လျင်မြန်မြန်ပဲ ယူနိုက်တက်မှာ အထိုင်ကျခဲ့ပြီး အသင်း အဓိက ကစားသမား ဖြစ်လာခဲ့ပါတယ်။

လက်ရှိ အချိန်မှာ ကိုရိုနာ ဗိုင်းရပ်စ် ပြန့်ပွားမှု ဆိုးဝါးနေတာကြောင့် ဘောလုံးပွဲများ ရပ်နားထားရပြီး ဘစ်ဆာကာကတော့ ပြိုင်ပွဲကို ဖျက်သိမ်းတာမျိုး မလုပ်ဘဲ ဆက်လက် ကစားစေချင်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

” ကျနော် လက်ရှိရာသီကို ဆက်ကစားစေချင်ပါတယ်။ ဘောလုံးပြိုင်ပွဲကို လွမ်းနေပါပြီ။ လက်ရှိရာသီမှာ ကောင်းစွာ ကစားခဲ့ကြတဲ့ အသင်းတွေအနေနဲ့ သူတို့ ပြီးသင့်တဲ့ နေရာမှာ အဆုံးသတ်ချင်ကြလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ ” လို့ ဘစ်ဆာကာက ဆိုခဲ့ပါတယ်။

Zawgyi – ယူနိုက္တက္ အသင္း ညာစြန္ ခံစစ္မွဴး ၀မ္ ဘစ္ဆာကာေတာ့ ပရီးမီးယားလိဂ္မွာ ဂ်ာစီခ်င္း လဲခ်င္တဲ့ ကစားသမား အမည္ ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။ ဘစ္ဆာကာ ဂ်ာစီလဲခ်င္တာကေတာ့ လီဗာပူး တိုက္စစ္မွဴး ဆာဒီယို မာေနးနဲ႕ ျဖစ္ျပီး ယခင္ကလည္း လဲဖူးတယ္လုိ႔ ဆိုပါတယ္။

ဘယ္ပရီးမီးယားလိဂ္ ကစားသမားနဲ႕ ဂ်ာစီအက်ီၤ လဲခ်င္ေသးလဲ ေမးခြန္းထုတ္ျခင္း ခံခဲ့ရာမွာ ၀မ္ ဘစ္ဆာကာက ” မာေနးနဲ႕ လဲခ်င္တယ္။ ျပီးခဲ့တဲ့ ရာသီုတန္းကလည္း က်ေနာ္ သူ႔ ဂ်ာစီ ရခဲ့ပါေသးတယ္။ ” လို႔ ေျဖခဲ့ပါတယ္။

ယူနိုက္တက္ခံစစ္မွဴး ဝမ္ ဘစ္ဆာကာဟာ ခရစ္စတယ္ ပဲေလ့စ္အသင္းမွာ ကစားသမားဘဝကို အစျပဳခဲ့ၿပီး ပဲေလ့စ္မွာ ၃ ႏွစ္ၾကာ ကစားၿပီးတဲ့ ေနာက္ ျပီးခဲ့တဲ့ ေႏြက ယူနိုက္တက္ထံ အၿပီးသတ္ ေျပာင္းေ႐ြ႕လာခဲ့ပါတယ္။ ဘစ္ဆာကာက လ်င္လ်င္ျမန္ျမန္ပဲ ယူနိုက္တက္မွာ အထိုင္က်ခဲ့ျပီး အသင္း အဓိက ကစားသမား ျဖစ္လာခဲ့ပါတယ္။

လက္ရွိ အခ်ိန္မွာ ကိုရိုနာ ဗိုင္းရပ္စ္ ျပန္႔ပြားမွဳ ဆိုး၀ါးေနတာေၾကာင့္ ေဘာလံုးပြဲမ်ား ရပ္နားထားရျပီး ဘစ္ဆာကာကေတာ့ ျပိဳင္ပြဲကို ဖ်က္သိမ္းတာမ်ိဳး မလုပ္ဘဲ ဆက္လက္ ကစားေစခ်င္ေၾကာင္းလည္း ေျပာဆိုခဲ့ပါတယ္။

” က်ေနာ္ လက္ရွိရာသီကို ဆက္ကစားေစခ်င္ပါတယ္။ ေဘာလံုးၿပိဳင္ပြဲကို လြမ္းေနပါၿပီ။ လက္ရွိရာသီမွာ ေကာင္းစြာ ကစားခဲ့ၾကတဲ့ အသင္းေတြအေနနဲ႔ သူတို႔ ၿပီးသင့္တဲ့ ေနရာမွာ အဆုံးသတ္ခ်င္ၾကလိမ့္မယ္လို႔ က်ေနာ္ ထင္ပါတယ္။ ” လို႔ ဘစ္ဆာကာက ဆိုခဲ့ပါတယ္။