အသက် ၃၁ နှစ်မှာ ဆာအဲလက်စ်ရဲ့ ယူနိုက်တက်ထံ ပြောင်းလာဖို့ ကမ်းလှမ်းမှုကို ပယ်ချခဲ့သူ
ဝက်ဟမ်းတိုက်စစ်သမားနဲ့ အသင်းခေါင်ဆောင်ဟောင်း ပါဘလို ဒီကာနီယိုက ၂၀၀၁ ခုနှစ်မှာ ဝက်ဟမ်းကနေ ယူနိုက်တက်ကို ပြောင်းလာဖို့ မန်ယူနိုက်တက်နဲ့ မန်နေဂျာဟောင်း ဆာအဲလက်စ်က ခရစ်စမတ်မှာ ဖုန်းဆက်တိုက်တွန်းခဲ့တယ်လို့ ပြောပြပါတယ်။
ပါဘလိုက အဆိုပါ ကိစ္စက အီတလီက သူငယ်ချင်းတွေ နောက်နေတယ်လို့ ထင်ခဲ့ပြီး မိသားစုဝင်တွေထဲက တစ်ဦးဦးက ခရစ်စမတ် နောက်ပြောင်မှုလုပ်တယ်လို့တောင် ကနဦး ယူဆခဲ့တာဖြစ်တယ်။
ပါဘလို ဒီကာနီယိုက “ ကျနော် ကိုယ်တွင်း ကလီစာတွေ ခုန်ထွက်မတတ်ပဲ။ ဒါက ကိုယ်ဘာသာ ထင်မြင်ယူဆထားတာထက် ကိုယ်က ပိုကောင်းနေတယ်လို့ ယူဆနေလို့လေ။ ယူနိုက်တက်က ကမ်းလှမ်းလာပြီး သူတို့က ကိုယ်ကို ပြောင်းလာစေလိုတယ်။ အဲ့သည် မိနစ်ပိုင်းလေးဟာ ကိုယ်ဘာသာ ပိုကြီးကျယ်ပြီး ပိုသန်မာသူလို့ ခံစားရစေတယ်။
ဆာအဲလက်စ်ကို မပြောင်းလာဘူးလို့ ပြောဖို့က အရမ်းကို ခက်ခဲခဲ့တယ်။ ကျနော် သူ့ကို အကြိမ် တစ်ထောင်လောက် ကျေးဇူးတင်မိတယ်လို ထင်တယ်။ ဒါပေမယ့် ပြောင်းလာမယ်လို့ မပြောခဲ့ဘူး။ ဝက်ဟမ်းက ကျနော် မိသားစုဖြစ်ပြီး အဆိုးဆုံး အချိန်မှာ ကျနော်ကို နွေးထွေးပေးခဲ့တဲ့ အသင်းပါ။ ကျနော်က အသင်းခေါင်းဆောင်ပါ။ မပြောင်းနိုင်ခဲ့ပါဘူး။
ဆာအဲလက်စ်က ‘ပါဘလို မင်းရဲ့ ဆုံးဖြတ်ချက်ကို ငါလေးစားတယ်။ မင်းလို အတွေးရှိတဲ့ သူတွေကို ငါလေးစားတယ်။ မင်းက ငါထင်းထားတဲ့ ကစားသမားမျိုးပါပဲ’ လို့ ကျနော်ကို တုန့်ပြန်ခဲ့ပါတယ် ” ဆိုပြီး ပြောပြခဲ့ပါတယ်။
ယူနိုက်တက် ကမ်းလှမ်းခဲ့စဉ်တုန်းက ပါဘလိုရဲ့ အသက်ဟာ ၃၁ နှစ် ရှိနေပါပြီ။ ကစားသမားဘဝ နောက်ဆုံးအချိန် ရောက်ခါနီးမှာ ထိုစဉ် ဥရောပအကောင်းဆုံး အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တာဖြစ်ပြီး ဆာအဲလက်စ်က ဝက်ဟမ်းရဲ့ ကျေးဇူးကို မမေ့တဲ့ ပါဘလိုကို လေးစားကြောင်း ပြန်လည် တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။
ZAWGYI
ဝက္ဟမ္းတိုက္စစ္သမားနဲ႔ အသင္းေခါင္ေဆာင္ေဟာင္း ပါဘလို ဒီကာနီယိုက ၂၀၀၁ ခုႏွစ္မွာ ဝက္ဟမ္းကေန ယူႏုိက္တက္ကို ေျပာင္းလာဖို႔ မန္ယူနုိက္တက္နဲ႔ မန္ေနဂ်ာေဟာင္း ဆာအဲလက္စ္က ခရစ္စမတ္မွာ ဖုန္းဆက္တိုက္တြန္းခဲ့တယ္လို႔ ေျပာျပပါတယ္။
ပါဘလိုက အဆိုပါ ကိစၥက အီတလီက သူငယ္ခ်င္းေတြ ေနာက္ေနတယ္လို႔ ထင္ခဲ့ျပီး မိသားစုဝင္ေတြထဲက တစ္ဦးဦးက ခရစ္စမတ္ ေနာက္ေျပာင္မႈလုပ္တယ္လို႔ေတာင္ ကနဦး ယူဆခဲ့တာျဖစ္တယ္။
ပါဘလို ဒီကာနီယိုက “ က်ေနာ္ ကိုယ္တြင္း ကလီစာေတြ ခုန္ထြက္မတတ္ပဲ။ ဒါက ကိုယ္ဘာသာ ထင္ျမင္ယူဆထားတာထက္ ကိုယ္က ပိုေကာင္းေနတယ္လို႔ ယူဆေနလို႔ေလ။ ယူႏုိက္တက္က ကမ္းလွမ္းလာျပီး သူတို႔က ကိုယ္ကို ေျပာင္းလာေစလိုတယ္။ အဲ့သည္ မိနစ္ပိုင္းေလးဟာ ကိုယ္ဘာသာ ပိုၾကီးက်ယ္ျပီး ပိုသန္မာသူလို႔ ခံစားရေစတယ္။
ဆာအဲလက္စ္ကို မေျပာင္းလာဘူးလို႔ ေျပာဖို႔က အရမ္းကို ခက္ခဲခဲ့တယ္။ က်ေနာ္ သူ႔ကို အၾကိမ္ တစ္ေထာင္ေလာက္ ေက်းဇူးတင္မိတယ္လို ထင္တယ္။ ဒါေပမယ့္ ေျပာင္းလာမယ္လို႔ မေျပာခဲ့ဘူး။ ဝက္ဟမ္းက က်ေနာ္ မိသားစုျဖစ္ျပီး အဆိုးဆံုး အခ်ိန္မွာ က်ေနာ္ကို ေႏြးေထြးေပးခဲ့တဲ့ အသင္းပါ။ က်ေနာ္က အသင္းေခါင္းေဆာင္ပါ။ မေျပာင္းႏုိင္ခဲ့ပါဘူး။
ဆာအဲလက္စ္က ‘ပါဘလို မင္းရဲ႕ ဆံုးျဖတ္ခ်က္ကို ငါေလးစားတယ္။ မင္းလို အေတြးရွိတဲ့ သူေတြကို ငါေလးစားတယ္။ မင္းက ငါထင္းထားတဲ့ ကစားသမားမ်ိဳးပါပဲ’ လို႔ က်ေနာ္ကို တုန္႔ျပန္ခဲ့ပါတယ္ ” ဆိုျပီး ေျပာျပခဲ့ပါတယ္။
ယူႏုိက္တက္ ကမ္းလွမ္းခဲ့စဥ္တုန္းက ပါဘလိုရဲ႕ အသက္ဟာ ၃၁ ႏွစ္ ရွိေနပါျပီ။ ကစားသမားဘဝ ေနာက္ဆံုးအခ်ိန္ ေရာက္ခါနီးမွာ ထိုစဥ္ ဥေရာပအေကာင္းဆံုး အသင္းရဲ႕ ကမ္းလွမ္းမႈကို ျငင္းဆန္ခဲ့တာျဖစ္ျပီး ဆာအဲလက္စ္က ဝက္ဟမ္းရဲ႕ ေက်းဇူးကို မေမ့တဲ့ ပါဘလိုကို ေလးစားေၾကာင္း ျပန္လည္ တုန္႔ျပန္ခဲ့တာျဖစ္ပါတယ္။