လက်ရှိဘောလုံးရာသီမှာ ယူနိုက်တက်ကို အလှည့်အပြောင်း ဖြစ်သွားစေတဲ့ ဂိုးပြတ် နိုင်ပွဲ
မန်ချက်စတာ ယူနိုက်တက်ဟာ ကိုရိုနာကြောင့် ဘောလုံးပွဲများ မရပ်နားခင်မှာ ၁၁ ပွဲ ဆက် ရှုံးပွဲ မရှိဘဲ ပုံစံကောင်း ရရှိလာနေတဲ့ အသင်း ဖြစ်ပါတယ်။ ဘောလုံးရာသီ အစောပိုင်း က ဆိုးဝါးတဲ့ အစ ပိုင်ဆိုင်ခဲ့ပေမယ့် ဇန်နဝါရီလထဲက ပွဲစဉ်တစ်ပွဲဟာ အသင်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာအောင် အလှည့်အပြောင်း ဖြစ်ခဲ့တယ်လို့ လုခ်ရှောက သုံးသပ် ပြောဆိုလိုက်ပါတယ်။
ဇန်နဝါရီလထဲမှာ ထရမ်းမီးယား ရိုဗာစ်အသင်းကို ၆-၀ နဲ့ ဂိုးပြတ် နိုင်ခဲ့တဲ့ ပွဲဟာ ယူနိုက်တက်ရဲ့ အလှည့်အပြောင်း ဖြစ်စေခဲ့တယ်လို့ ရှောက ဆိုပါတယ်။ ထိုပွဲ မတိုင်ခင်မှာ ယူနိုက်တက်က လီဗာပူး၊ ဘန်လေ အသင်းတို့ကို ၂-၀ စီနဲ့ ဆက်တိုက် ရှုံးနိမ့်ထားခဲ့တာပါ။
အဲဒီနောက် ထရမ်းမီးယားနဲ့ ရင်ဆိုင်ရာမှာ လိဂ်တူးကလပ်ကို ယူနိုက်တက်တို့ သက်သက်သာသာနဲ့ ဂိုးပြတ် နိုင်ခဲ့ပြီး ယုံကြည်မှုများ ပြန်လည် တည်ဆောက်နိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာတင် ယူနိုက်တက်က မက်ဂွဲရား၊ ဒါလော့၊ လင်ဂတ်၊ ဖီးလ် ဂျုံးစ်၊ မာရှယ်တို့သွင်းဂိုးတွေနဲ့ ၅-၀ ရလဒ်နဲ့ ဦးဆောင်ထားနိုင်ခဲ့တာပါ။
ထိုပွဲ ပြီးတည်းက ယူနိုက်တက်ဟာ ၁၁ ပွဲ ဆက် ရှုံးပွဲ မရှိဘဲ ပုံစံကောင်း ပြန်လည် တည်ဆောက်နိုင်ခဲ့ပြီး ဘောလုံးပွဲများ ရပ်နားထားလို့သာ ဆက်လက် မှတ်တမ်းကောင်းများ မပြသနိုင်သေးတာ ဖြစ်ပါတယ်။ ထရမ်းမီးယားနဲ့ ပွဲက ယူနိုက်တက်ကို တွန်းအားကောင်း ဖြစ်စေခဲ့တယ်လို့ ရှောက ယုံကြည်နေပါတယ်။
” အဲဒီပွဲဟာ လုံး၀ ပရော်ဖက်ရှင်နယ် စွမ်းဆောင်ရည်နဲ့ သဘောထားကို ပြသနိုင်ခဲ့တယ်။ အားလုံးလည်း ယုံကြည်မှုကောင်းတွေ အပြည့် ပြန် တည်ဆောက်နိုင်ခဲ့တယ်။ ကျနော် ထင်တာ မမှားဘူးဆိုရင် အဲဒီနိုင်ပွဲ နောက်ပိုင်း ကျနော်တို့ လုံး၀ ရလဒ်ကောင်းတွေ ဆက်တိုက် ရယူနိုင်ခဲ့တယ်။
ထရမ်းမီးယားနဲ့ ပွဲက ယူနိုက်တက် အသင်းလိုက် တိုးတက်လာဖို့ ခြေလှမ်းကောင်း တစ်ရပ် ဖြစ်ခဲ့ပြီး မှတ်တမ်းကောင်းတွေ ဆက်လက် ရယူနိုင်ခဲ့တယ်။ အဝတ်လဲခန်းမှာလည်း အားလုံးက ပျော်ရွှင်နေကြပြီး ကောင်းတဲ့ဘက်ကို မြင်နေခဲ့ကြတယ်။ ” လို့ ရှောက ဆိုပါတယ်။
Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ကိုရိုနာေၾကာင့္ ေဘာလံုးပြဲမ်ား မရပ္နားခင္မွာ ၁၁ ပြဲ ဆက္ ရွံဳးပြဲ မရွိဘဲ ပံုစံေကာင္း ရရွိလာေနတဲ့ အသင္း ျဖစ္ပါတယ္။ ေဘာလံုးရာသီ အေစာပိုင္း က ဆိုး၀ါးတဲ့ အစ ပိုင္ဆိုင္ခဲ့ေပမယ့္ ဇန္န၀ါရီလထဲက ပြဲစဥ္တစ္ပြဲဟာ အသင္း လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္လာေအာင္ အလွည့္အေျပာင္း ျဖစ္ခဲ့တယ္လို႔ လုခ္ေရွာက သံုးသပ္ ေျပာဆိုလိုက္ပါတယ္။
ဇန္န၀ါရီလထဲမွာ ထရမ္းမီးယား ရိုဗာစ္အသင္းကို ၆-၀ နဲ႕ ဂိုးျပတ္ နုိင္ခဲ့တဲ့ ပြဲဟာ ယူနိုက္တက္ရဲ႕ အလွည့္အေျပာင္း ျဖစ္ေစခဲ့တယ္လို႔ ေရွာက ဆိုပါတယ္။ ထိုပြဲ မတိုင္ခင္မွာ ယူနိုက္တက္က လီဗာပူး၊ ဘန္ေလ အသင္းတို႔ကို ၂-၀ စီနဲ႕ ဆက္တိုက္ ရွံဳးနိမ့္ထားခဲ့တာပါ။
အဲဒီေနာက္ ထရမ္းမီးယားနဲ႕ ရင္ဆိုင္ရာမွာ လိဂ္တူးကလပ္ကို ယူနိုက္တက္တို႔ သက္သက္သာသာနဲ႕ ဂိုးျပတ္ နုိင္ခဲ့ျပီး ယံုၾကည္မႈမ်ား ျပန္လည္ တည္ေဆာက္နုိင္ခဲ့ပါတယ္။ ပထမပိုင္းမွာတင္ ယူနိုက္တက္က မက္ဂြဲရား၊ ဒါေလာ့၊ လင္ဂတ္၊ ဖီးလ္ ဂ်ံဳးစ္၊ မာရွယ္တို႔သြင္းဂိုးေတြနဲ႕ ၅-၀ ရလဒ္နဲ႕ ဦးေဆာင္ထားနုိင္ခဲ့တာပါ။
ထိုပြဲ ျပီးတည္းက ယူနုိက္တက္ဟာ ၁၁ ပြဲ ဆက္ ရွံဳးပြဲ မရွိဘဲ ပုံစံေကာင္း ျပန္လည္ တည္ေဆာက္နုိင္ခဲ့ျပီး ေဘာလံုးပြဲမ်ား ရပ္နားထားလို႔သာ ဆက္လက္ မွတ္တမ္းေကာင္းမ်ား မျပသနိုင္ေသးတာ ျဖစ္ပါတယ္။ ထရမ္းမီးယားနဲ႕ ပြဲက ယူနိုက္တက္ကို တြန္းအားေကာင္း ျဖစ္ေစခဲ့တယ္လို႔ ေရွာက ယံုၾကည္ေနပါတယ္။
” အဲဒီပြဲဟာ လံုး၀ ပေရာ္ဖက္ရွင္နယ္ စြမ္းေဆာင္ရည္နဲ႕ သေဘာထားကို ျပသနိုင္ခဲ့တယ္။ အားလံုးလည္း ယံုၾကည္မႈေကာင္းေတြ အျပည့္ ျပန္ တည္ေဆာက္နုိင္ခဲ့တယ္။ က်ေနာ္ ထင္တာ မမွားဘူးဆိုရင္ အဲဒီနုိင္ပြဲ ေနာက္ပိုင္း က်ေနာ္တုိ႔ လံုး၀ ရလဒ္ေကာင္းေတြ ဆက္တိုက္ ရယူနိုင္ခဲ့တယ္။
ထရမ္းမီးယားနဲ႕ ပြဲက ယူနုိက္တက္ အသင္းလိုက္ တိုးတက္လာဖုိ႔ ေျခလွမ္းေကာင္း္ တစ္ရပ္ ျဖစ္ခဲ့ျပီး မွတ္တမ္းေကာင္းေတြ ဆက္လက္ ရယူနုိင္ခဲ့တယ္။ အ၀တ္လဲခန္းမွာလည္း အားလံုးက ေပ်ာ္ရႊင္ေနၾကျပီး ေကာင္းတဲ့ဘက္ကို ျမင္ေနခဲ့ၾကတယ္။ ” လို႔ ေရွာက ဆိုပါတယ္။