ငွေကြေးအခြေအနေအရ တိုက်စစ်မှူး ကိန်းကို ယူနိုက်တက်ထံ ရောင်းချဖွယ် ရှိလာတဲ့ စပါး

ကိုဗစ်ကာလ ဘောလုံးပွဲများ ရပ်နားလိုက်တာကြောင့် ပွဲနေ့ဝင်ငွေများ ရုပ်သံထုတ်လွှင့်ခွင့်များ အပါ ဝင်ငွေများစွာ ထိခိုက်မှု ရှိနေတာကြောင့် အသင်း ဘဏ္ဍာရေး အကြပ်အတည်း ဖြစ်လာမှာ စပါးအသင်း ဥက္ကဌ လီဗိုင်းက စိုးရိမ်နေရပြီ ဖြစ်ပါတယ်။ စပါးအသင်းဟာ ကွင်းသစ် တည်ဆောက်ထားမှုအတွက် ပေးချေစရာတွေလည်း ကျန်ရှိနေပါသေးတယ်။

လက်ရှိ ဘောလုံးရာသီကို ဖျက်သိမ်းသင့်တယ်လို့ ကိန်းက မှတ်ချက်ပေးခဲ့တဲ့ အပေါ်လည်း လီဗိုင်းက ဒေါသထွက်နေပြီး ရေရှည်မှာ ကြပ်တည်းလာမယ့် အခြေအနေ အတွက် ပြင်ဆင်မှုတွေ စီစဉ်နေပါတယ်။

လီဗိုင်းဟာ ကွင်းသစ် တည်ဆောက်ထားတဲ့ ကုန်ကျစရိတ်တွေကို ကာမိစေဖို့နဲ့ လတ်တလော ငွေကြေး အကြပ်အတည်းကို ထိန်းသိမ်းနိုင်ဖို့ တိုက်စစ်မှူး ကိန်းကို ရောင်းထုတ်လိုနေတယ်လို့ သိရပါတယ်။

ကိန်းကို အလိုရှိနေတဲ့ ယူနိုက်တက်ထံ ပေါင် သန်း ၂၀၀ နဲ့ ရောင်းချဖို့ လီဗိုင်းက ကြံရွယ်နေကြောင်း ဒေးလီးမေးလ် သတင်းက ဖော်ပြထားပါတယ်။

စပါးအသင်းဟာ ပေါင် ၁ ဘီလီယံထိ သုံးကာ ကွင်းသစ်ကြီးကို တည်ဆောက်ထားတာကြောင့် ယခင် ဘောလုံးရာသီများမှာလည်း အပြောင်းအရွှေ့ အသုံးစရိတ်များ တောက်လျောက် ချွေတာခဲ့ရပါတယ်။ ကွင်းအတွက် ပေါင် ၆၃၇ သန်း ထိ ပေးချေဖို့က ကျန်သေးပြီး လွှဲပြောင်းခကလည်း ပေါင် ၈၃ သန်း ပေးရဖို့ ရှိတာကြောင့် လီဗိုင်းက စပါးအသင်း ပြိုလဲမှာကို စိုးရိမ်နေပါတယ်။

လက်ရှိ ဘောလုံးရာသီသာ ဖျက်သိမ်းလိုက်ရင် စပါးအသင်းဟာ ဝင်ငွေ ရရှိစရာတွေ ပျောက်သွားမှာ ဖြစ်တာကြောင့် ပိုမို ကြပ်တည်းတဲ့ အနေအထား ကြုံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အသင်းမှာ တန်ကြေး အမြင့်ဆုံး ဖြစ်တဲ့ တိုက်စစ်မှူး ကိန်းကို ပြောင်းရွှေ့ကြေး မြင့်မြင့်နဲ့ ရောင်းထုတ်ရန် ပြင်ဆင်လာပါတယ်။

Zawgyi – ကိုဗစ္ကာလ ေဘာလံုးပြဲမ်ား ရပ္နားလိုက္တာေၾကာင့္ ပြဲေန႔၀င္ေငြမ်ား ရုပ္သံထုတ္လႊင့္ခြင့္မ်ား အပါ ၀င္ေငြမ်ားစြာ ထိခိုက္မႈ ရွိေနတာေၾကာင့္ အသင္း ဘ႑ာေရး အၾကပ္အတည္း ျဖစ္လာမွာ စပါးအသင္း ဥကၠဌ လီဗိုင္းက စိုးရိမ္ေနရျပီ ျဖစ္ပါတယ္။ စပါးအသင္းဟာ ကြင္းသစ္ တည္ေဆာက္ထားမႈအတြက္ ေပးေခ်စရာေတြလည္း က်န္ရွိေနပါေသးတယ္။

လက္ရွိ ေဘာလံုးရာသီကို ဖ်က္သိမ္းသင့္တယ္လို႔ ကိန္းက မွတ္ခ်က္ေပးခဲ့တဲ့ အေပၚလည္း လီဗိုင္းက ေဒါသထြက္ေနျပီး ေရရွည္မွာ ၾကပ္တည္းလာမယ့္ အေျခအေန အတြက္ ျပင္ဆင္မႈေတြ စီစဥ္ေနပါတယ္။

လီဗိုင္းဟာ ကြင္းသစ္ တည္ေဆာက္ထားတဲ့ ကုန္က်စရိတ္ေတြကို ကာမိေစဖို႔နဲ႕ လတ္တေလာ ေငြေၾကး အၾကပ္အတည္းကို ထိန္းသိမ္းနုိင္ဖို႔ တိုက္စစ္မွဴး ကိန္းကို ေရာင္းထုတ္လိုေနတယ္လို႔ သိရပါတယ္။ ကိန္းကို အလိုရွိေနတဲ့ ယူနိုက္တက္ထံ ေပါင္ သန္း ၂၀၀ နဲ႕ ေရာင္းခ်ဖို႔ လီဗိုင္းက ၾကံရြယ္ေနေၾကာင္း ေဒးလီးေမးလ္ သတင္းက ေဖာ္ျပထားပါတယ္။

စပါးအသင္းဟာ ေပါင္ ၁ ဘီလီယံထိ သံုးကာ ကြင္းသစ္ၾကီးကို တည္ေဆာက္ထားတာေၾကာင့္ ယခင္ ေဘာလံုးရာသီမ်ားမွာလည္း အေျပာင္းအေရႊ႕ အသံုးစရိတ္မ်ား ေတာက္ေလ်ာက္ ေခၽြတာခဲ့ရပါတယ္။ ကြင္းအတြက္ ေပါင္ ၆၃၇ သန္း ထိ ေပးေခ်ဖို႔က က်န္ေသးျပီး လႊဲေျပာင္းခကလည္း ေပါင္ ၈၃ သန္း ေပးရဖို႔ ရွိတာေၾကာင့္ လီဗိုင္းက စပါးအသင္း ျပိဳလဲမွာကို စိုးရိမ္ေနပါတယ္။

လက္ရွိ ေဘာလံုးရာသီသာ ဖ်က္သိမ္းလိုက္ရင္ စပါးအသင္းဟာ ၀င္ေငြ ရရွိစရာေတြ ေပ်ာက္သြားမွာ ျဖစ္တာေၾကာင့္ ပိုမို ၾကပ္တည္းတဲ့ အေနအထား ၾကံဳရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အသင္းမွာ တန္ေၾကး အျမင့္ဆံုး ျဖစ္တဲ့ တိုက္စစ္မွဴး ကိန္းကို ေျပာင္းေရႊ႕ေၾကး ျမင့္ျမင့္နဲ႕ ေရာင္းထုတ္ရန္ ျပင္ဆင္လာပါတယ္။