ပေါ့ဘာ ယူနိုက်တက်ထံ ပြန်သွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တဲ့ မိခင်ဖြစ်သူ
ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာက ၂၀၁၂ ခုနှစ်မှာ ယူနိုက်တက်ကနေ ထွက်ခွာ ဖြစ်စဉ်က တချိန်မှာ ဒီအသင်းထံ ပြန်လာ ကစားဖြစ်လိမ့်မယ်လို့ မိခင်ဖြစ်သူက ကြို ပြောခဲ့ကြောင်း ထုတ်ဖော် ဝန်ခံစကား ဆိုလိုက်ပါတယ်။
၂၀၁၂ နွေမှာ ပေါ့ဘာက ယူနိုက်တက်ကနေ ထွက်ခွာပြီး ဂျူဗင်တပ်ထံ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရောက်ရှိ သွားခဲ့ပါတယ်။ ပြင်သစ်သားဟာ ထိုစဉ်က ပွဲထွက်လူစာရင်းမှာ စိတ်ကျေနပ်လောက်အောင် ပါဝင်ခွင့် မရခဲ့တာကြောင့် အသင်းပြောင်းဖြစ်ခဲ့ပါတယ်။
မန်ချက်စတာကနေ တူရင်သို့ ပြောင်းဖြစ်ခဲ့ပေမယ့် ပေါ့ဘာ မိခင်ဖြစ်သူကတော့ သူ့သားဟာ တချိန်မှာ အိုးထရက်ဖို့ဒ်ထံ ပြန်လာလိမ့်မယ်လို့ ခံစား သိရှိနေခဲ့ပါတယ်။ ဒီအကြောင်းကို မန်ချက်စတာအသင်းရဲ့ တရားဝင်ချယ်နယ်က အင်တာဗျူး အစီအစဉ်မှာ ပေါ့ဘာက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
” ကျနော့် အမေက အမြဲတမ်း ပြောတယ်။ မင်း တခြားနေရာတွေ သွားချင် သွားဖြစ်လိမ့်မယ် ဒါပေမယ့် ဒီကိုပဲ ပြန်လာ ဖြစ်မှာပါ လို့ သူမ ပြောခဲ့တယ်။ အမေတွေ အကြောင်း ခင်ဗျားတို့လည်း သိမှာပါ။ မင်း ဒီကို ပြန်လာရမှာ စိတ်မပူနဲ့လို့ ကျနော့်ကို နှစ်သိမ့်ခဲ့တာမျိုးပေါ့။ ဒါပေမယ့် ကျနော် တကယ်ပဲ စိတ်အေးအေးထားနေခဲ့ပြီး ဒီကို ပြန်လာနိုင်ခဲ့တယ်။
အသင်းဆီ ပြန်လာရတော့ တကယ်ကို ပျော်ရွှင်နေခဲ့တာ။ ကျနော် မပြီးဆုံးသေးတဲ့ တာဝန်တစ်ခု ထားခဲ့ပြီး ဒီက ထွက်သွားရသလို ဖြစ်ခဲ့တယ်။ တစ်စုံတစ်ခုကို ကျနော် စတင်ခဲ့ပေမယ့် အပြီးမသတ်ခဲ့သလိုမျိုးပေါ့။ ဒီတော့ ကျနော့်် ကစားသမား ဘ၀ စတင်ခဲ့တဲ့ နေရာ ပြန်လာရာတော့ တော်တော် ပျော်ပါတယ်။ အခုက ကျနော် လုံး၀ စီနီယာအသင်းသား ကစားသမား တစ်ဦး ဖြစ်နေခဲ့ပြီ လူငယ် ကစားသမား မဟုတ်တော့ဘူး။ ” လို့ ပေါ့ဘာက ဆိုပါတယ်။
ပေါ့ဘာက မန်ချက်စတာ ယူနိုက်တက်ထံ ၂၀၁၆ မှာ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ ငယ်ဘ၀ ကစားသမား ဘ၀ စတင်ခဲ့ရာမြေကို ပြန်ရောက်လာပြီး ပေါ့ဘာက မပြီးဆုံးသေးတဲ့ လုပ်ငန်းစဉ်များ ဆက်လက် လုပ်ဆောင်ခွင့်ရလို့ ပျော်ရွှင်နေပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ ပြင်သစ်သားက ဒဏ်ရာများကြောင့် ရုန်းကန်နေရပြီး ပွဲစဉ် တော်တော်များများ လွဲချော်ထားရပါတယ်။
Zawgyi – ယူနိုက္တက္ ကြင္းလယ္ကစားသမား ေပါ့ဘာက ၂၀၁၂ ခုနွစ္မွာ ယူနိုက္တက္ကေန ထြက္ခြာ ျဖစ္စဥ္က တခ်ိန္မွာ ဒီအသင္းထံ ျပန္လာ ကစားျဖစ္လိမ့္မယ္လို႔ မိခင္ျဖစ္သူက ၾကိဳ ေျပာခဲ့ေၾကာင္း ထုတ္ေဖာ္ ၀န္ခံစကား ဆိုလိုက္ပါတယ္။
၂၀၁၂ ေႏြမွာ ေပါ့ဘာက ယူနုိက္တက္ကေန ထြက္ခြာျပီး ဂ်ဴဗင္တပ္ထံ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ေရာက္ရွိ သြားခဲ့ပါတယ္။ ျပင္သစ္သားဟာ ထိုစဥ္က ပြဲထြက္လူစာရင္းမွာ စိတ္ေက်နပ္ေလာက္ေအာင္ ပါ၀င္ခြင့္ မရခဲ့တာေၾကာင့္ အသင္းေျပာင္းျဖစ္ခဲ့ပါတယ္။
မန္ခ်က္စတာကေန တူရင္သို႔ ေျပာင္းျဖစ္ခဲ့ေပမယ့္ ေပါ့ဘာ မိခင္ျဖစ္သူကေတာ့ သူ႔သားဟာ တခ်ိန္မွာ အိုးထရက္ဖို႔ဒ္ထံ ျပန္လာလိမ့္မယ္လို႔ ခံစား သိရွိေနခဲ့ပါတယ္။ ဒီအေၾကာင္းကို မန္ခ်က္စတာအသင္းရဲ႕ တရား၀င္ခ်ယ္နယ္က အင္တာဗ်ဴး အစီအစဥ္မွာ ေပါ့ဘာက ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။
” က်ေနာ့္ အေမက အျမဲတမ္း ေျပာတယ္။ မင္း တျခားေနရာေတြ သြားခ်င္ သြားျဖစ္လိမ့္မယ္ ဒါေပမယ့္ ဒီကိုပဲ ျပန္လာ ျဖစ္မွာပါ လို႔ သူမ ေျပာခဲ့တယ္။ အေမေတြ အေၾကာင္း ခင္ဗ်ားတို႔လည္း သိမွာပါ။ မင္း ဒီကို ျပန္လာရမွာ စိတ္မပူနဲ႕လို႔ က်ေနာ့္ကို နွစ္သိမ့္ခဲ့တာမ်ိဳးေပါ့။ ဒါေပမယ့္ က်ေနာ္ တကယ္ပဲ စိတ္ေအးေအးထားေနခဲ့ျပီး ဒီကို ျပန္လာနုိင္ခဲ့တယ္။
အသင္းဆီ ျပန္လာရေတာ့ တကယ္ကို ေပ်ာ္ရႊင္ေနခဲ့တာ။ က်ေနာ္ မျပီးဆံုးေသးတဲ့ တာ၀န္တစ္ခု ထားခဲ့ျပီး ဒီက ထြက္သြားရသလို ျဖစ္ခဲ့တယ္။ တစ္စံုတစ္ခုကို က်ေနာ္ စတင္ခဲ့ေပမယ့္ အျပီးမသတ္ခဲ့သလိုမ်ိဳးေပါ့။ ဒီေတာ့ က်ေနာ့္္ ကစားသမား ဘ၀ စတင္ခဲ့တဲ့ ေနရာ ျပန္လာရာေတာ့ ေတာ္ေတာ္ ေပ်ာ္ပါတယ္။ အခုက က်ေနာ္ လံုး၀ စီနီယာအသင္းသား ကစားသမား တစ္ဦး ျဖစ္ေနခဲ့ျပီ လူငယ္ ကစားသမား မဟုတ္ေတာ့ဘူး။ ” လို႔ ေပါ့ဘာက ဆိုပါတယ္။
ေပါ့ဘာက မန္ခ်က္စတာ ယူနိုက္တက္ထံ ၂၀၁၆ မွာ ကလပ္စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကးနဲ႕ ျပန္လည္ ေရာက္ရွိလာခဲ့ပါတယ္။ ငယ္ဘ၀ ကစားသမား ဘ၀ စတင္ခဲ့ရာေျမကို ျပန္ေရာက္လာျပီး ေပါ့ဘာက မျပီးဆံုးေသးတဲ့ လုပ္ငန္းစဥ္မ်ား ဆက္လက္ လုပ္ေဆာင္ခြင့္ရလို႔ ေပ်ာ္ရႊင္ေနပါတယ္။ ဒါေပမယ့္ ဒီရာသီမွာေတာ့ ျပင္သစ္သားက ဒဏ္ရာမ်ားေၾကာင့္ ရုန္းကန္ေနရျပီး ပြဲစဥ္ ေတာ္ေတာ္မ်ားမ်ား လြဲေခ်ာ္ထားရပါတယ္။