ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဖြစ်လာခြင်း လျှို့ဝှက်ချက်ကို ဖာနန်ဒက်စ် ဖွင့်ဟ
ဇန္နဝါရီလကမွ ယူႏုိက္တက္ကို ေျပာင္းေရႊ႔လာတဲ့ ကြင္းလယ္ကစားသမား ဘရူႏို ဖာနန္ဒက္စ္ဟာ ေဖေဖာ္ဝါရီလအတြက္ ပရီးမီးယားလိဂ္ တစ္လတာအေကာင္းဆံုး ကစားသမားကို ရရွိထားသူပါ။
ေဘာလံုးပြဲေတြကို ရပ္နားလိုက္ျခင္းေၾကာင့္ ဖာနန္ဒက္စ္ရဲ႕ တိုးတက္ေနတဲ့ ေျခစြမ္းေတြကို ျမင္ခြင့္မရေတာ့တာက စိတ္ပ်က္စရာ ျဖစ္ခဲ့တယ္။ ကစားသမား ကိုယ္တိုင္ကေတာ့ သူ႔ရဲ႕ စြမ္းေဆာင္ရည္ေတြဟာ လွ်ိဳ႕ဝွက္ခ်က္ရယ္လို႔ မရွိပဲ ကစားကြင္းမွာ ရာႏႈန္းျပည့္ ေပးဆပ္မႈနဲ႔အတူ ေလ့က်င့္ေရးမွာ ၾကိဳးစားျခင္းကပဲ အခုလို တိုးတက္လာေစတယ္လို႔ ဖြင့္ဟပါတယ္။
ေပၚတူဂီသားက ” ေလ့က်င့္ေရးက အေရးၾကီးပါတယ္။ အမ်ားၾကီး လြဲေခ်ာ္တယ္ဆိုတာက အေရးမၾကီးပါဘူး။ လြဲေခ်ာ္မႈေတြ ရွိတဲ့အခါမွာ မွန္ကန္ေအာင္ ျပန္လည္ လုပ္ႏုိင္ဖို႔ လိုပါတယ္။ ဆက္လက္ျပီး တိုးတက္လာဖို႔ အာရံုစိုက္ လုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။
ဘားတန္းကို ထိေအာင္ ကန္လိုရင္ ေန႔တိုင္း ၁၀ ၾကိမ္ေလာက္ ၾကိဳးစားပါ။ တစ္ၾကိမ္ေတာင္ ထိေအာင္ မကန္ႏုိင္ဘူးဆိုရင္လည္း ျပႆနာ မဟုတ္ပါဘူး။ ဆက္ျပီးလည္း ၾကိဳးစားမႈကို မေလ်ာ့ပဲ ကန္ေနရမွာျဖစ္ပါတယ္။ ေဘာလံုးမွာ အေရးၾကီးဆံုးက ဒီလို ဆက္လက္ျပီး ေလ့က်င့္ေနမႈျဖစ္ပါတယ္ ” လို႔ ဖြင့္ဟခဲ့ပါတယ္။
ယူႏုိက္တက္က ေျပာင္းေရႊ႔ေၾကး ေပါင္ ၄၆.၆ သန္း ေပးေခ်ျပီး ေခၚယူထားရတဲ့ ဘရူႏိုဟာ သူ႔ရဲ႕ ပထမဆံုးေသာ ပရီးမီးယားလိဂ္ကို အျပည့္အဝ ကစားခြင့္ရတဲ့ ေဖေဖာ္ဝါရီလအတြင္းမွာ ကိုယ္တိုင္ ၁ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၂ ၾကိမ္ ျပဳလုပ္ႏုိင္ခဲ့တာလည္း ျဖစ္ပါတယ္။
သူအသင္းကို ေရာက္လာျပီးတည္းက ယူႏုိက္တက္ဟာ ျပိဳင္ပြဲစံုမွာ အေရးနိမ့္ထားျခင္း မရွိတဲ့ စံခ်ိန္ကိုလည္း ပိုင္ဆုိင္ထားပါတယ္။ သူဟာ အသင္းကို ေရာက္လာတာ မၾကာေသးေပမယ့္လည္း ပရိသတ္ အခ်စ္ေတာ္ ကစားသမားျဖစ္လာခဲ့ျပီး အနာဂတ္ အသင္းေခါင္းေဆာင္အျဖစ္ပါ မွတ္ခ်က္ေကာင္းေတြ ရေနတာျဖစ္ပါတယ္။
UNICODE
ဇန်နဝါရီလကမှ ယူနိုက်တက်ကို ပြောင်းရွှေ့လာတဲ့ ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ဟာ ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံး ကစားသမားကို ရရှိထားသူပါ။
ဘောလုံးပွဲတွေကို ရပ်နားလိုက်ခြင်းကြောင့် ဖာနန်ဒက်စ်ရဲ့ တိုးတက်နေတဲ့ ခြေစွမ်းတွေကို မြင်ခွင့်မရတော့တာက စိတ်ပျက်စရာ ဖြစ်ခဲ့တယ်။ ကစားသမား ကိုယ်တိုင်ကတော့ သူ့ရဲ့ စွမ်းဆောင်ရည်တွေဟာ လျှို့ဝှက်ချက်ရယ်လို့ မရှိပဲ ကစားကွင်းမှာ ရာနှုန်းပြည့် ပေးဆပ်မှုနဲ့အတူ လေ့ကျင့်ရေးမှာ ကြိုးစားခြင်းကပဲ အခုလို တိုးတက်လာစေတယ်လို့ ဖွင့်ဟပါတယ်။
ပေါ်တူဂီသားက ” လေ့ကျင့်ရေးက အရေးကြီးပါတယ်။ အများကြီး လွဲချော်တယ်ဆိုတာက အရေးမကြီးပါဘူး။ လွဲချော်မှုတွေ ရှိတဲ့အခါမှာ မှန်ကန်အောင် ပြန်လည် လုပ်နိုင်ဖို့ လိုပါတယ်။ ဆက်လက်ပြီး တိုးတက်လာဖို့ အာရုံစိုက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ဘားတန်းကို ထိအောင် ကန်လိုရင် နေ့တိုင်း ၁၀ ကြိမ်လောက် ကြိုးစားပါ။ တစ်ကြိမ်တောင် ထိအောင် မကန်နိုင်ဘူးဆိုရင်လည်း ပြဿနာ မဟုတ်ပါဘူး။ ဆက်ပြီးလည်း ကြိုးစားမှုကို မလျော့ပဲ ကန်နေရမှာဖြစ်ပါတယ်။ ဘောလုံးမှာ အရေးကြီးဆုံးက ဒီလို ဆက်လက်ပြီး လေ့ကျင့်နေမှုဖြစ်ပါတယ် ” လို့ ဖွင့်ဟခဲ့ပါတယ်။
ယူနိုက်တက်က ပြောင်းရွှေ့ကြေး ပေါင် ၄၆.၆ သန်း ပေးချေပြီး ခေါ်ယူထားရတဲ့ ဘရူနိုဟာ သူ့ရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ်ကို အပြည့်အဝ ကစားခွင့်ရတဲ့ ဖေဖော်ဝါရီလအတွင်းမှာ ကိုယ်တိုင် ၁ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
သူအသင်းကို ရောက်လာပြီးတည်းက ယူနိုက်တက်ဟာ ပြိုင်ပွဲစုံမှာ အရေးနိမ့်ထားခြင်း မရှိတဲ့ စံချိန်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ သူဟာ အသင်းကို ရောက်လာတာ မကြာသေးပေမယ့်လည်း ပရိသတ် အချစ်တော် ကစားသမားဖြစ်လာခဲ့ပြီး အနာဂတ် အသင်းခေါင်းဆောင်အဖြစ်ပါ မှတ်ချက်ကောင်းတွေ ရနေတာဖြစ်ပါတယ်။