ဟယ်ရီကိန်းကို ရောင်းထုတ်ရင်တောင် ယူနိုက်တက်ကို မရောင်းဖို့ ဆုံးဖြတ်ထားတဲ့ စပါး
စပါးအသင်း ဘဏ္ဍာရေး အကြပ်အတည်း ဖြစ်လာမှာ စိုးရိမ်နေတဲ့ စပါးအသင်း ဥက္ကဌ လီဗိုင်းဟာ ၎င်းတို့အသင်း တိုက်စစ်သမား ဟယ်ရီကိန်းကို ရောင်းထုတ်ရမယ်ဆိုရင်တောင် ယူနိုက်တက် အပါအဝင် အင်္ဂလန်တွင်း ပြိုင်ဘက်တွေကို မရောင်းဖို့ ဆုံးဖြတ်လာပါတယ်။
ကွင်းသစ်တည်ဆောက်ထားမှုကြောင့် ကြွေးမှီ ပေါင် ၁ ဘီလီယံဝန်းကျင် ရှိနေတဲ့ စပါးဟာ အသုံးစရိတ် ခြွေတာထားတာပါ။ ဒါပေမယ့် ကိုဗစ်ကာလ ဘောလုံးပွဲများ ရပ်နားလိုက်တာကြောင့် ပွဲနေ့ဝင်ငွေများ ရုပ်သံထုတ်လွှင့်ခွင့်များ အပါ ဝင်ငွေများစွာ ထိခိုက်မှု ရှိနေတာကြောင့် စပါးအသင်း ဘဏ္ဍာရေးကို ဖြေရှင်းကို ကိန်းကို ရောင်းချမယ်လို့ လေသံ စပစ်နေတာဖြစ်တယ်။
စပါးအသင်းဟာ နွေဈေးကွက်မှာ ဟယ်ရီကိန်းအတွက် ပေါင် သန်း ၂၀၀ ရရင် ရောင်းထုတ်မှာပါ။ ဒါပေမယ့်လည်း ဂါရတ်ဘေလ်းကို လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ထံ ရောင်းထုတ်ခဲ့သလိုပဲ ကိန်းကိုလည်း ပြည်တွင်းပြိုင်ဘက်တွေထံ မရောင်းပဲ အင်္ဂလန်ပြင်ပ ကလပ်တွေကိုပဲ ရောင်းဖို့ လီဗိုင်းက ထပ်မံ သတင်းလွှင့်လာပါတယ်။
ယူနိုက်တက်ဟာ နွေမှာ တိုက်စစ်သမားတွေ ခေါ်ယူအားဖြည့်မယ် သတင်းကြီးနေပြီး ဆန်ချိုအတွက် ချိတ်ဆက်မှုတွေ ရှိနေသလို စပါးကနေ ထွက်ခွာဖို့ လမ်းစပြလာတဲ့ ကိန်းနဲ့လည်း သတင်းဆက်နွယ်မှုတွေ ရှိလာတာဖြစ်တယ်။ ဆုဖလားတွေ အနိုင်ရလိုတဲ့ ကိန်းဟာ ပိုမိုတိုးတက်တဲ့ အသင်းတွေထံ ပြောင်းလိုနေတာဖြစ်တယ်။
စပါးနဲ့ ယူနိုက်တက်မှာ ကစားဖူးတဲ့ တိုက်စစ်သမား ဘာဘာတော့ဗ်က ယူနိုက်တက်ဟာ မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်လိမ့်မယ်လို့ ထောက်ပြခဲ့သလို ခံစစ်မှူးဟောင်း ဖာဒီနန်က အင်္ဂလန်တိုက်စစ်သမားတွေဖြစ်တဲ့ ဆန်ချိုနဲ့ ဟယ်ရီကိန်းတို့ နှစ်ဦးလုံးကို အသုံးစရိတ်ကြီးတွေနဲ့ ခေါ်ယူမယ့် အစီအစဉ်ကို ထောက်ခံဆွေးနွေးမှု လုပ်ထားခဲ့ပါတယ်။
ZAWGYI
စပါးအသင္း ဘ႑ာေရး အၾကပ္အတည္း ျဖစ္လာမွာ စိုးရိမ္ေနတဲ့ စပါးအသင္း ဥကၠဌ လီဗိုင္းဟာ ၄င္းတို႔အသင္း တိုက္စစ္သမား ဟယ္ရီကိန္းကို ေရာင္းထုတ္ရမယ္ဆိုရင္ေတာင္ ယူႏုိက္တက္ အပါအဝင္ အဂၤလန္တြင္း ျပိဳင္ဘက္ေတြကို မေရာင္းဖို႔ ဆံုးျဖတ္လာပါတယ္။
ကြင္းသစ္တည္ေဆာက္ထားမႈေၾကာင့္ ေၾကြးမွီ ေပါင္ ၁ ဘီလီယံဝန္းက်င္ ရွိေနတဲ့ စပါးဟာ အသံုးစရိတ္ ေျခြတာထားတာပါ။ ဒါေပမယ့္ ကိုဗစ္ကာလ ေဘာလံုးပြဲမ်ား ရပ္နားလိုက္တာေၾကာင့္ ပြဲေန႔၀င္ေငြမ်ား ရုပ္သံထုတ္လႊင့္ခြင့္မ်ား အပါ ၀င္ေငြမ်ားစြာ ထိခိုက္မႈ ရွိေနတာေၾကာင့္ စပါးအသင္း ဘ႑ာေရးကို ေျဖရွင္းကို ကိန္းကို ေရာင္းခ်မယ္လို႔ ေလသံ စပစ္ေနတာျဖစ္တယ္။
စပါးအသင္းဟာ ေႏြေစ်းကြက္မွာ ဟယ္ရီကိန္းအတြက္ ေပါင္ သန္း ၂၀၀ ရရင္ ေရာင္းထုတ္မွာပါ။ ဒါေပမယ့္လည္း ဂါရတ္ေဘလ္းကို လာလီဂါကလပ္ ရီးရဲလ္မက္ဒရစ္ထံ ေရာင္းထုတ္ခဲ့သလိုပဲ ကိန္းကိုလည္း ျပည္တြင္းျပိဳင္ဘက္ေတြထံ မေရာင္းပဲ အဂၤလန္ျပင္ပ ကလပ္ေတြကိုပဲ ေရာင္းဖို႔ လီဗိုင္းက ထပ္မံ သတင္းလႊင့္လာပါတယ္။
ယူႏုိက္တက္ဟာ ေႏြမွာ တိုက္စစ္သမားေတြ ေခၚယူအားျဖည့္မယ္ သတင္းၾကီးေနျပီး ဆန္ခ်ိဳအတြက္ ခ်ိတ္ဆက္မႈေတြ ရွိေနသလို စပါးကေန ထြက္ခြာဖို႔ လမ္းစျပလာတဲ့ ကိန္းနဲ႔လည္း သတင္းဆက္ႏြယ္မႈေတြ ရွိလာတာျဖစ္တယ္။ ဆုဖလားေတြ အႏုိင္ရလိုတဲ့ ကိန္းဟာ ပိုမိုတိုးတက္တဲ့ အသင္းေတြထံ ေျပာင္းလိုေနတာျဖစ္တယ္။
စပါးနဲ႔ ယူႏုိက္တက္မွာ ကစားဖူးတဲ့ တိုက္စစ္သမား ဘာဘာေတာ့ဗ္က ယူႏုိက္တက္ဟာ မွန္ကန္တဲ့ ေရြးခ်ယ္မႈ ျဖစ္လိမ့္မယ္လို႔ ေထာက္ျပခဲ့သလို ခံစစ္မွဴးေဟာင္း ဖာဒီနန္က အဂၤလန္တိုက္စစ္သမားေတြျဖစ္တဲ့ ဆန္ခ်ိဳနဲ႔ ဟယ္ရီကိန္းတို႔ ႏွစ္ဦးလံုးကို အသံုးစရိတ္ၾကီးေတြနဲ႔ ေခၚယူမယ့္ အစီအစဥ္ကို ေထာက္ခံေဆြးေႏြးမႈ လုပ္ထားခဲ့ပါတယ္။