ယူနိုက်တက်ကို ပြောင်းမလားအပေါ် ရေသောက်ပြသွားတဲ့ ဒေါ့မွန်တိုက်စစ်သမား ဆန်ချို

အင်စတာဂရမ်မှာ ရေပန်းစားနေတဲ့ ကိစ္စတစ်ခုက ဒေါ့မွန်တိုက်စစ်သမား ဆန်ချိုဟာ ယူနိုက်တက်ထံ ပြောင်းမလား မေးခွန်းအတွက် ရေသောက်ပြခဲ့ခြင်းပဲဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် ရာသီမှာ အသင်းတိုက်စစ်ကို အင်အားဖြည့်ဖို့အတွက် မွေးရပ်မြေဖြစ်တဲ့ အင်္ဂလန်ကို ပြန်လာလိုနေတဲ့ ဒေါ့မွန်တိုက်စစ်သမား ဆန်ချိုကို ခေါ်ယူူလိုနေတာပါ။ ဒေါ့မွန်ကလည်း ကစားသမားက ဆန္ဒရှိတယ်ဆိုပါက အသင်းကနေ ထွက်ခွာခွင့်ပြုသွားမယ်လို့ အသိပေးပြောဆိုထားပြီး သူတို့တောင်းဆိုထားတဲ့ ငွေကြေးပမာဏကိုတော့ ပေးချေရမယ်လို့ သတိပေးခဲ့ပါတယ်။

ထပ်ပြီးလည်း သတင်းကောင်းအဖြစ် The Athletic သတင်းဌာနက ဖော်ပြရာမှာ ” ဆန်ချိုဟာ မန်စီးတီးကစားသမားဘဝ သူ့သူငယ်ချင်းတွေ ရှိခဲ့တဲ့ မန်ချက်စတာကိုပဲ ပြန်ပြောင်းလာဖို့ အတော်လေး လမ်းဖွင့်ထားတဲ့ အခြေအနေဖြစ်တယ်။ ဆန်ချိုကို အပြိုင်ခေါ်ယူလိုတဲ့ လီဗာပူးနဲ့ ချယ်ဆီးတို့ဟာ ဒေါ့မွန် အလိုရှိတဲ့ ပြောင်းရွှေ့ကြေးကို အသုံးပြုသွားမှာ မဟုတ်ပါဘူး ” လို့ ပါရှိတာဖြစ်တယ်။

သတင်းတွေက ဆန်ချိုနဲ့ ယူနိုက်တက်ကြား ချိတ်ဆက်ပေးမှုတွေ မြင့်မားနေဆဲမှာပဲ အင်စတာဂရမ်မှာ Live လွှင့်နေစဉ် တိုက်စစ်သမားလေးကို ပရိသတ်တစ်ဦးက “ယူနိုက်တက်ကို ပြောင်းရွှေ့မယ်ဆိုရင် ရေသောက်ပြပါ” လို့ စာရေးသား တောင်းဆိုခဲ့တာဖြစ်တယ်။

အဆိုပါ မှတ်ချက်ကို မြင်ခြင်းကြောင့်လား မသိနိုင်ပေမယ့် ဆန်ချိုက ရေသောက်ပြခဲ့တာကြောင့် လူမှုကွန်ယက်မှာတော့ ယူနိုက်တက်ကို ဆန်းချို ပြောင်းလာလိုကြောင်း အရိပ်အမြွက်ပေးတယ်လို့ ယူဆနေကြတာဖြစ်တယ်။

တချို့ကတော့ ကလေးဆန်တဲ့ ယူဆချက်လို့ ပြောကြပေမယ့် အပြောင်းအရွှေ့ သတင်းကြီးတွေ ထွက်နေစဉ်မှာ ကစားသမားဘက်က လုပ်ပြတဲ့ အပြုအမှုက သူ့ရဲ့ စိတ်ရင်းက ယူနိုက်တက်ဘက် ယိမ်းနေခြင်းကို ဖော်ပြလိုခြင်း ဖြစ်လိမ့်မယ် သုံးသပ်ချက်တွေကတော့ ပျံ့နှံ့နေပြီဖြစ်ပါတယ်။

ZAWGYI

အင္စတာဂရမ္မွာ ေရပန္းစားေနတဲ့ ကိစၥတစ္ခုက ေဒါ့မြန္တိုက္စစ္သမား ဆန္ခ်ိဳဟာ ယူႏုိက္တက္ထံ ေျပာင္းမလား ေမးခြန္းအတြက္ ေရေသာက္ျပခဲ့ျခင္းပဲျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဟာ လာမယ့္ ရာသီမွာ အသင္းတိုက္စစ္ကို အင္အားျဖည့္ဖို႔အတြက္ ေမြးရပ္ေျမျဖစ္တဲ့ အဂၤလန္ကို ျပန္လာလိုေနတဲ့ ေဒါ့မြန္တိုက္စစ္သမား ဆန္ခ်ိဳကို ေခၚယူူလိုေနတာပါ။ ေဒါ့မြန္ကလည္း ကစားသမားက ဆႏၵရွိတယ္ဆိုပါက အသင္းကေန ထြက္ခြာခြင့္ျပဳသြားမယ္လို႔ အသိေပးေျပာဆိုထားၿပီး သူတို႔ေတာင္းဆိုထားတဲ့ ေငြေၾကးပမာဏကိုေတာ့ ေပးေခ်ရမယ္လို႔ သတိေပးခဲ့ပါတယ္။

ထပ္ျပီးလည္း သတင္းေကာင္းအျဖစ္ The Athletic သတင္းဌာနက ေဖာ္ျပရာမွာ ” ဆန္ခ်ိဳဟာ မန္စီးတီးကစားသမားဘဝ သူ႔သူငယ္ခ်င္းေတြ ရွိခဲ့တဲ့ မန္ခ်က္စတာကိုပဲ ျပန္ေျပာင္းလာဖို႔ အေတာ္ေလး လမ္းဖြင့္ထားတဲ့ အေျခအေနျဖစ္တယ္။ ဆန္ခ်ိဳကို အျပိဳင္ေခၚယူလိုတဲ့ လီဗာပူးနဲ႔ ခ်ယ္ဆီးတို႔ဟာ ေဒါ့မြန္ အလိုရွိတဲ့ ေျပာင္းေရႊ႔ေၾကးကို အသံုးျပဳသြားမွာ မဟုတ္ပါဘူး ” လို႔ ပါရွိတာျဖစ္တယ္။

သတင္းေတြက ဆန္ခ်ိဳနဲ႔ ယူႏုိက္တက္ၾကား ခ်ိတ္ဆက္ေပးမႈေတြ ျမင့္မားေနဆဲမွာပဲ အင္စတာဂရမ္မွာ Live လႊင့္ေနစဥ္ တိုက္စစ္သမားေလးကို ပရိသတ္တစ္ဦးက “ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕မယ္ဆိုရင္ ေရေသာက္ျပပါ” လို႔ စာေရးသား ေတာင္းဆိုခဲ့တာျဖစ္တယ္။

အဆိုပါ မွတ္ခ်က္ကို ျမင္ျခင္းေၾကာင့္လား မသိႏုိင္ေပမယ့္ ဆန္ခ်ိဳက ေရေသာက္ျပခဲ့တာေၾကာင့္ လူမႈကြန္ယက္မွာေတာ့ ယူႏုိက္တက္ကို ဆန္းခ်ိဳ ေျပာင္းလာလိုေၾကာင္း အရိပ္အျမြက္ေပးတယ္လို႔ ယူဆေနၾကတာျဖစ္တယ္။

တခ်ိဳ႕ကေတာ့ ကေလးဆန္တဲ့ ယူဆခ်က္လို႔ ေျပာၾကေပမယ့္ အေျပာင္းအေရႊ႔ သတင္းၾကီးေတြ ထြက္ေနစဥ္မွာ ကစားသမားဘက္က လုပ္ျပတဲ့ အျပဳအမႈက သူ႔ရဲ႕ စိတ္ရင္းက ယူႏုိက္တက္ဘက္ ယိမ္းေနျခင္းကို ေဖာ္ျပလိုျခင္း ျဖစ္လိမ့္မယ္ သံုးသပ္ခ်က္ေတြကေတာ့ ပ်ံ႔ႏွံ႔ေနျပီျဖစ္ပါတယ္။