ဆောင်းနပ်ဆိုတာ ဘယ်သူလဲလို့ သူ့အပေါ် ဝေဖန်သူကြီးကို တိုက်ခိုက်လိုက်တဲ့ ပေါ့ဘာ

ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာက သူ့ကို အမြဲတစေ ဝေဖန်လေ့ရှိတဲ့ လီဗာပူးဂန္တဝင်ကြီး ဂရေမီဆောင်းနပ်ကို ပြန်လည် တုန့်ပြန်မှုတစ်ခု ပြုလုပ်သွားပါတယ်။

စကိုင်းစပေါ့မှာ ဝေဖန်ရေးသမားတစ်ဦးအဖြစ် အလုပ်လုပ်နေတဲ့ ဆောင်းနပ်က ပေါ့ဘာရဲ့ စိတ်ဓါတ်ပိုင်းကို နှစ်သက်သလို ဒဏ်ရာပြဿနာတွေကြောင့် ဆက်တိုက် အနားယူနေတဲ့ အနေအထားတွေမှာ ပေါဘာရဲ့ လုပ်ဆောင်မှုတွေကို အမြဲတမ်း ဝေဖန်လေ့ ရှိသူပါ။ ဆောင်းနပ်က ပေါ့ဘာဟာ ကစားသမားကောင်းတွေရဲ့ ခံယူချက် မရှိဘူးလို့ ပြင်းပြင်းထန်ထန် ဝေဖန်ထားဖူးပါတယ်။

ပေါ့ဘာက ” သူက ဘယ်သူလဲဆိုတာတောင် ကျနော် တကယ် မသိဘူး။ သူက ကစားသမားကောင်း တစ်ယောက်လို့တော့ ကျနော် ကြားဖူးတယ်။ ဒါပေမယ့် နာမည်နဲ့ မျက်နှာ တွဲပြီးတောင် မသိပါဘူး။

ကျနော် ပြောခဲ့သလိပဲ ကျနော်က ဝေဖန်ရေးသမားတွေကို အမြဲတမ်း ကြည့်နေတတ်သူ မဟုတ်ဘူး။ ဘောလုံးပွဲတွေကိုကြည့်တယ်။ ဒါပေမယ့် ပွဲပြီးတဲ့အချိန်မှာ တစ်ယောက်ယောက်က ပွဲအပေါ် ဝေဖန်တာတွေကို ဆက်ပြီး နားထောင်လေ့ မရှိဘူး။ ဘောလုံးအပေါ် အာရုံစိုက်ရတာကိုပဲ ကျနော် ကြိုက်တယ် ” လို့ တုန့်ပြန်ခဲ့တာဖြစ်တယ်။

ပေါ့ဘာက သူ့ကို Sky News ကနေ အမြဲတမ်း ဝေဖန်လေ့ရှိတဲ့ ဆောင်းနပ်ကို တုန့်ပြန်မှု လုပ်ခဲ့တာဖြစ်ပြီး ဒါဟာ သူ့ရဲ့ ကစားကွင်းနောက်ကွယ်က ပုဂ္ဂိုလ်ရေး အမြင်တွေကို တုန့်ပြန်ခဲ့ခြင်းပါ။ ပြင်သစ်သားအနေနဲ့ တကယ်တမ်း ရင်ဆိုင်ရမှာက ယူနိုက်တက်ပရိသတ်တွေထံက လေးစားမှုကို ဘယ်လို ပြန်ရယူမလဲအပေါ် ဖြစ်ပါတယ်။

ပေါ့ဘာ ဒဏ်ရာရနေချိန်မှာ အေးဂျင့်ရွိုင်အိုလာက မန်နေဂျာဆိုးရှားနဲ့ ပြဿနာတွေ တက်ထားခဲ့သလို ယူနိုက်တက်ကို မလေးစားတဲ့ အပြုအမှုတွေအတွက် ပရိသတ်တွေရဲ့ ဒေါသကို ရင်ဆိုင်ထားရတယ်။ နွေမှာ ကိစ္စတွေအားလုံးအတွက် အဖြေ ထွက်လာနိုင်ပေမယ့် ပရိသတ်တွေဘက်ကတော့ ကလပ်အပေါ် လေးစားမှု ပြန်လည် ပြသပေးမှုကို အလိုရှိနေတာ ဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္ကြင္းလယ္လူ ေပါ့ဘာက သူ႔ကို အျမဲတေစ ေဝဖန္ေလ့ရွိတဲ့ လီဗာပူးဂႏၱဝင္ၾကီး ဂေရမီေဆာင္းနပ္ကို ျပန္လည္ တုန္႔ျပန္မႈတစ္ခု ျပဳလုပ္သြားပါတယ္။

စကိုင္းစေပါ့မွာ ေဝဖန္ေရးသမားတစ္ဦးအျဖစ္ အလုပ္လုပ္ေနတဲ့ ေဆာင္းနပ္က ေပါ့့ဘာရဲ႕ စိတ္ဓါတ္ပိုင္းကို ႏွစ္သက္သလို ဒဏ္ရာျပႆနာေတြေၾကာင့္ ဆက္တုိက္ အနားယူေနတဲ့ အေနအထားေတြမွာ ေပါဘာရဲ႕ လုပ္ေဆာင္မႈေတြကို အျမဲတမ္း ေဝဖန္ေလ့ ရွိသူပါ။ ေဆာင္းနပ္က ေပါ့ဘာဟာ ကစားသမားေကာင္းေတြရဲ႕ ခံယူခ်က္ မရွိဘူးလို႔ ျပင္းျပင္းထန္ထန္ ေဝဖန္ထားဖူးပါတယ္။

ေပါ့ဘာက ” သူက ဘယ္သူလဲဆိုတာေတာင္ က်ေနာ္ တကယ္ မသိဘူး။ သူက ကစားသမားေကာင္း တစ္ေယာက္လို႔ေတာ့ က်ေနာ္ ၾကားဖူးတယ္။ ဒါေပမယ့္ နာမည္နဲ႔ မ်က္ႏွာ တြဲျပီးေတာင္ မသိပါဘူး။

က်ေနာ္ ေျပာခဲ့သလိပဲ က်ေနာ္က ေဝဖန္ေရးသမားေတြကို အျမဲတမ္း ၾကည့္ေနတတ္သူ မဟုတ္ဘူး။ ေဘာလံုးပြဲေတြကိုၾကည့္တယ္။ ဒါေပမယ့္ ပြဲျပီးတဲ့အခ်ိန္မွာ တစ္ေယာက္ေယာက္က ပြဲအေပၚ ေဝဖန္တာေတြကို ဆက္ျပီး နားေထာင္ေလ့ မရွိဘူး။ ေဘာလံုးအေပၚ အာရုံစိုက္ရတာကိုပဲ က်ေနာ္ ၾကိဳက္တယ္ ” လို႔ တုန္႔ျပန္ခဲ့တာျဖစ္တယ္။

ေပါ့ဘာက သူ႔ကို Sky News ကေန အျမဲတမ္း ေဝဖန္ေလ့ရွိတဲ့ ေဆာင္းနပ္ကို တုန္႔ျပန္မႈ လုပ္ခဲ့တာျဖစ္ျပီး ဒါဟာ သူ႔ရဲ႕ ကစားကြင္းေနာက္ကြယ္က ပုဂၢိဳလ္ေရး အျမင္ေတြကို တုန္႔ျပန္ခဲ့ျခင္းပါ။ ျပင္သစ္သားအေနနဲ႔ တကယ္တမ္း ရင္ဆိုင္ရမွာက ယူႏုိက္တက္ပရိသတ္ေတြထံက ေလးစားမႈကို ဘယ္လို ျပန္ရယူမလဲအေပၚ ျဖစ္ပါတယ္။

ေပါ့ဘာ ဒဏ္ရာရေနခ်ိန္မွာ ေအးဂ်င့္ရိြဳင္အိုလာက မန္ေနဂ်ာဆိုးရွားနဲ႔ ျပႆနာေတြ တက္ထားခဲ့သလို ယူႏုိက္တက္ကို မေလးစားတဲ့ အျပဳအမႈေတြအတြက္ ပရိသတ္ေတြရဲ႕ ေဒါသကို ရင္ဆိုင္ထားရတယ္။ ေႏြမွာ ကိစၥေတြအားလံုးအတြက္ အေျဖ ထြက္လာႏုိင္ေပမယ့္ ပရိသတ္ေတြဘက္ကေတာ့ ကလပ္အေပၚ ေလးစားမႈ ျပန္လည္ ျပသေပးမႈကို အလိုရွိေနတာ ျဖစ္ပါတယ္။