အာဆင်နယ် ပရိသတ် တစ်ဦး ဖြစ်ခဲ့ကြောင်း ဝန်ခံလိုက်တဲ့ ပေါ့ဘာ

မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ၎င်း ငယ်စဉ်က အာဆင်နယ်ဖန် တစ်ဦး ဖြစ်ခဲ့ကြောင်း ထုတ်ဖော် ဝန်ခံလိုက်ပြီး ထိုစဉ်က အာဆင်နယ် တိုက်စစ်မှူး အွန်နရီကို အားပေးခဲ့တယ်လို့ ဆိုပါတယ်။

ပေါ့ဘာဟာ ၎င်း အသက် ၁၆ နှစ် အရွယ် ၂၀၀၉ ခုနှစ်မှာမှ ယူနိုက်တက်ထံ ရောက်ရှိခဲ့တာ ဖြစ်ပြီး ၂၀၁၂ မှာ ဂျူဗင်တပ်အသင်းထံ ထွက်ခွာသွားခဲ့ပြန်ပါတယ်။ အဲဒီနောက် လေးနှစ်အကြာမှာ ထိုစဉ်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ အိုးထရက်ဖို့ဒ်ထံ ပြန်လည် ရောက်ရှိလာခဲ့တာပါ။။

အာဆင်နယ်ရဲ့ စံချိန်တင် ဂိုးသွင်းရှင် အွန်နရီက ထိပ်သီး ကစားသမားတွေ ဖြစ်တဲ့ ရော်နယ်ဒင်ဟို၊ ရော်နယ်ဒို၊ ဇီဒန်းတို့နဲ တစ်အုပ်စုတည်း သတ်မှတ်ခံရပြီး ပေါ့ဘာအတွက်တော့ ငယ်စဉ်က စိတ်ကြိုက်ကစားသမား တစ်ဦး ဖြစ်ခဲ့ပါတယ်။

” ကျနော် ရိုးရိုးသားသား ဝန်ခံမယ်။ အစပိုင်းမှာ ကျနော်က အာဆင်နယ်ဖန် တစ်ယောက်ပါ။ ဒါကလည်း ပြင်သစ် ကစားသမားတွေကြောင့်ပဲ ဆိုတာ ခင်ဗျား သိတဲ့ အတိုင်းပဲ။ ကျနော်နဲ့ ကျနော့် အစ်ကိုက အာဆင်နယ်ဖန်၊ တခြား အစ်ကို တစ်ယောက်ကတော့ မန်ချက်စတာ ယူနိုက်တက်ဖန်။

ကျနော် အွန်နရီကို အတော် သဘောကျခဲ့တာ။ သူ့ကြောင့်ပဲ ကျနော် အာဆင်နယ် ဖန်တစ်ယောက် ဖြစ်ခဲ့တယ်။ နောက် ကျနော် စိတ်ပြောင်းသွားပြီး တခြား အစ်ကိုလို ဖြစ်သွားတယ်။ အာဆင်နယ် မဟုတ်တော့ဘူး ယူနိုက်တက်ဖန် ဖြစ်လာတယ်။ ” လို့ ပေါ့ဘာ က ဆိုပါတယ်။

လက်ရှိ အသက် ၂၇ နှစ် ရှိပြီ ဖြစ်တဲ့ ပေါ့ဘာဟာ ယူနိုက်တက်ထံ ဒုတိယ အကြိမ် ပြန် အလာမှာတော့ ဝေဖန်မှုတွေ ခံယူနေရပါတယ်။ ဒဏ်ရာတွေကြောင့် ဒီရာသီမှာ ပွဲစဉ်တောေ်တာ်များများ လွဲချော်ခဲ့ပြီး အသင်းပြောင်းရန် ခြေလှမ်းပြင်နေတဲ့ ပေါ့ဘာကို ယူနိုက်တက် ပရိသတ်တွေက ငြိုငြင်နေကြပြီ ဆိုရမှာပါ။

Zawgyi – မန္ခ်က္စတာယူနိုက္တက္ ကြင္းလယ္ကစားသမား ေပါ့ဘာဟာ ၄င္း ငယ္စဥ္က အာဆင္နယ္ဖန္ တစ္ဦး ျဖစ္ခဲ့ေၾကာင္း ထုတ္ေဖာ္ ၀န္ခံလိုက္ျပီး ထိုစဥ္က အာဆင္နယ္ တိုက္စစ္မွဴး အြန္နရီကို အားေပးခဲ့တယ္လို႔ ဆိုပါတယ္။

ေပါ့ဘာဟာ ၄င္း အသက္ ၁၆ နွစ္ အရြယ္ ၂၀၀၉ ခုနွစ္မွာမွ ယူနိုက္တက္ထံ ေရာက္ရွိခဲ့တာ ျဖစ္ျပီး ၂၀၁၂ မွာ ဂ်ဴဗင္တပ္အသင္းထံ ထြက္ခြာသြားခဲ့ျပန္ပါတယ္။ အဲဒီေနာက္ ေလးနွစ္အၾကာမွာ ထိုစဥ္က ကမၻာ့စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကးနဲ႕ အိုးထရက္ဖို႔ဒ္ထံ ျပန္လည္ ေရာက္ရွိလာခဲ့တာပါ။။

အာဆင္နယ္ရဲ႕ စံခ်ိန္တင္ ဂိုးသြင္းရွင္ အြန္နရီက ထိပ္သီး ကစားသမားေတြ ျဖစ္တဲ့ ေရာ္နယ္ဒင္ဟုိ၊ ေရာ္နယ္ဒို၊ ဇီဒန္းတို႔နဲ တစ္အုပ္စုတည္း သတ္မွတ္ခံရျပီး ေပါ့ဘာအတြက္ေတာ့ ငယ္စဥ္က စိတ္ၾကိဳက္ကစားသမား တစ္ဦး ျဖစ္ခဲ့ပါတယ္။

” က်ေနာ္ ရိုးရိုးသားသား ၀န္ခံမယ္။ အစပိုင္းမွာ က်ေနာ္က အာဆင္နယ္ဖန္ တစ္ေယာက္ပါ။ ဒါကလည္း ျပင္သစ္ ကစားသမားေတြေၾကာင့္ပဲ ဆိုတာ ခင္ဗ်ား သိတဲ့ အတိုင္းပဲ။ က်ေနာ္နဲ႕ က်ေနာ့္ အစ္ကိုက အာဆင္နယ္ဖန္္၊ တျခား အစ္ကို တစ္ေယာက္ကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ဖန္။

က်ေနာ္ အြန္နရီကို အေတာ္ သေဘာက်ခဲ့တာ။ သူ႔ေၾကာင့္ပဲ က်ေနာ္ အာဆင္နယ္ ဖန္တစ္ေယာက္ ျဖစ္ခဲ့တယ္။ ေနာက္ က်ေနာ္ စိတ္ေျပာင္းသြားျပီး တျခား အစ္ကိုလို ျဖစ္သြားတယ္။ အာဆင္နယ္ မဟုတ္ေတာ့ဘူး ယူနိုက္တက္ဖန္ ျဖစ္လာတယ္။ ” လို႔ ေပါ့ဘာ က ဆိုပါတယ္။

လက္ရွိ အသက္ ၂၇ နွစ္ ရွိျပီ ျဖစ္တဲ့ ေပါ့ဘာဟာ ယူနိုက္တက္ထံ ဒုတိယ အၾကိိမ္ ျပန္ အလာမွာေတာ့ ေ၀ဖန္မႈေတြ ခံယူေနရပါတယ္။ ဒဏ္ရာေတြေၾကာင့္ ဒီရာသီမွာ ပြဲစဥ္ေတာေ္တာ္မ်ားမ်ား လြဲေခ်ာ္ခဲ့ျပီး အသင္းေျပာင္းရန္ ေျခလွမ္းျပင္ေနတဲ့ ေပါ့ဘာကို ယူနိုက္တက္ ပရိသတ္ေတြက ျငိဳျငင္ေနၾကျပီ ဆိုရမွာပါ။