အသုံးစရိတ်ကြီးနဲ့ ဈေးကွက်ထဲဝင်မယ့် ယူနိုက်တက်အတွက် ဘောနပ် ခေါ်ယူမှု
နွေအပြောင်းအရွှေ့မှာ ယူနိုက်တက်က ဘာမင်ဂမ် ကွင်းလယ်လူ ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်ခဲ့ရင် ဘောနပ် ခေါ်ယူမှု ဖြစ်လာလိမ့်မယ်လို့ စကိုင်းစပေါ့မှ James Cooper က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
နွေဈေးကွက်က ယူနိုက်တက်အတွက် စိတ်လှုပ်ရှားစရာတွေကို သယ်ဆောင်ပေးလာနိုင်ပါတယ်။ မန်နေဂျာ ဆိုးရှားက မန်ချက်စတာယူနိုက်တက်ဟာ ကမ္ဘာပေါ်မှာ ဘဏ္ဍာရေးအင်အား အတောင့်တင်းဆုံး ကလပ်တွေထဲ ပါဝင်နေပြီး အပြောင်းအရွှေ့ ဈေးကွက် ဖွင့်ချိန်မှာ ငွေကြေး အလုံးအရင်းနဲ့ ဝင်ရောက်ဖို့ အဆင့်သင့်ရှိကြောင်း ထုတ်ဖော်ပြောဆိုထားတယ်။
ယူနိုက်တက်ဟာ ဆန်ချို၊ ကိန်း၊ ဂရီလစ် အစရှိတဲ့ ကစားသမားတွေနဲ့ သတင်းထွက်ထားကာ ပြိုင်ဘက်တွေ ဘဏ္ဍာရေး ထိခိုက်နိုင်တဲ့ အနေအထားမှာ ကစားသမား ခေါ်ယူမှုတွေအတွက် အဆင်သင့် ပြင်ဆင်ထားမယ့် သဘောမျိုးကို မန်နေဂျာ ဆိုးရှားက ပြောထားတာဖြစ်ပါတယ်။
ကူပါကတော့ ယူနိုက်တက်ဟာ စီနီယာလူစာရင်းအတွက် အင်အားဖြည့်မှုကိုပဲ အဓိက လုပ်ဆောင်မှာဖြစ်ကာ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသက် ၁၆ နှစ်အရွယ် ကွင်းလယ်လူကို ခေါ်ယူခဲ့ရင်တော့ ဘောနပ် ခေါ်ယူမှု ဖြစ်လာလိမ့်မယ်လို့ ဆိုခဲ့တာဖြစ်တယ်။
အဆိုပါ အသက် ၁၆ နှစ်အရွယ် လူငယ်လေးဟာ အင်္ဂလန်ရဲ့ အနာဂတ် ကွင်းလယ်လူအဖြစ် နာမည်ကြီးနေပြီး ပြောင်းရွှေ့ကြေးက ယူရို ၃၅ သန်းထိ ရောက်နိုင်တယ်လို့ သိထားရတယ်။ ဘယ်လင်ဟမ် ဟာ အသက် ၁၇ နှစ်အောက် အင်္ဂလန်လူငယ်တွေထဲမှာ ပွဲကစားခွင့် အများဆုံးရထားသူဖြစ်ပြီး ကွင်းလယ်နဲ့ ကွင်းလယ်ဖန်တီးရှင် နေရာတွေမှာ ကစားနိုင်သူဖြစ်ပါတယ်။
ZAWGYI
ေႏြအေျပာင္းအေရႊ႔မွာ ယူႏုိက္တက္က ဘာမင္ဂမ္ ကြင္းလယ္လူ ဘယ္လင္ဟမ္ကို ေခၚယူႏုိင္ခဲ့ရင္ ေဘာနပ္ ေခၚယူမႈ ျဖစ္လာလိမ့္မယ္လို႔ စကိုင္းစေပါ့မွ James Cooper က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ေႏြေစ်းကြက္က ယူႏုိက္တက္အတြက္ စိတ္လႈပ္ရွားစရာေတြကို သယ္ေဆာင္ေပးလာႏုိင္ပါတယ္။ မန္ေနဂ်ာ ဆိုးရွားက မန္ခ်က္စတာယူႏုိက္တက္ဟာ ကမၻာေပၚမွာ ဘ႑ာေရးအင္အား အေတာင့္တင္းဆံုး ကလပ္ေတြထဲ ပါဝင္ေနျပီး အေျပာင္းအေရႊ႔ ေစ်းကြက္ ဖြင့့္ခ်ိန္မွာ ေငြေၾကး အလံုးအရင္းနဲ႔ ဝင္ေရာက္ဖို႔ အဆင့္သင့္ရွိေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားတယ္။
ယူႏုိက္တက္ဟာ ဆန္ခ်ိဳ၊ ကိန္း၊ ဂရီလစ္ အစရွိတဲ့ ကစားသမားေတြနဲ႔ သတင္းထြက္ထားကာ ျပိဳင္ဘက္ေတြ ဘ႑ာေရး ထိခိုက္ႏုိင္တဲ့ အေနအထားမွာ ကစားသမား ေခၚယူမႈေတြအတြက္ အဆင္သင့္ ျပင္ဆင္ထားမယ့္ သေဘာမ်ိဳးကို မန္ေနဂ်ာ ဆိုးရွားက ေျပာထားတာျဖစ္ပါတယ္။
ကူပါကေတာ့ ယူႏုိက္တက္ဟာ စီနီယာလူစာရင္းအတြက္ အင္အားျဖည့္မႈကိုပဲ အဓိက လုပ္ေဆာင္မွာျဖစ္ကာ အလားအလာေကာင္းေတြ ပိုင္ဆုိင္ထားတဲ့ အသက္ ၁၆ ႏွစ္အရြယ္ ကြင္းလယ္လူကို ေခၚယူခဲ့ရင္ေတာ့ ေဘာနပ္ ေခၚယူမႈ ျဖစ္လာလိမ့္မယ္လို႔ ဆိုခဲ့တာျဖစ္တယ္။
အဆိုပါ အသက္ ၁၆ ႏွစ္အရြယ္ လူငယ္ေလးဟာ အဂၤလန္ရဲ႕ အနာဂတ္ ကြင္းလယ္လူအျဖစ္ နာမည္ၾကီးေနျပီး ေျပာင္းေရႊ႔ေၾကးက ယူရို ၃၅ သန္းထိ ေရာက္ႏုိင္တယ္လို႔ သိထားရတယ္။ ဘယ္လင္ဟမ္ ဟာ အသက္ ၁၇ ႏွစ္ေအာက္ အဂၤလန္လူငယ္ေတြထဲမွာ ပြဲကစားခြင့္ အမ်ားဆံုးရထားသူျဖစ္ျပီး ကြင္းလယ္နဲ႔ ကြင္းလယ္ဖန္တီးရွင္ ေနရာေတြမွာ ကစားႏုိင္သူျဖစ္ပါတယ္။