အပြောင်းအရွှေ့ သတင်း မထွက်ဖူးတဲ့ တိုက်စစ်မှူးကို ယူနိုက်တက် ခေါ်ယူမယ်လို့ ရိုးစွပ်မှု

အီတလီသတင်းဌာနတွေက အပြောင်းအရွှေ့မှာ ယူနိုက်တက်နဲ့ သတင်း တစ်ကြိမ်မှ ထွက်ပေါ်လာခြင်း မရှိပေမယ့်လည်း တိုရီနို တိုက်စစ်မှူး ဘယ်လော့တီဟာ မန်ချက်စတာအသင်းရဲ့ ပစ်မှတ်ထဲ ပါဝင်နေပါတယ်လို့ အခိုင်အမာ ပြောဆိုလာပါတယ်။

တိုရီနိုအသင်းနဲ့အတူ ထွန်းတောက်လာပြီး အသင်းခေါင်းဆောင်အဖြစ်လည်း တာဝန်ယူနေတဲ့ ဘယ်လော့တီဟာ နွေအတွက် ယူနိုက်တက်ရဲ့ ပစ်မှတ် ၁၄ ဦးစားရင်းထဲ ပါဝင်လာနေခြင်းတော့ မရှိပါဘူး။ ဒါပေမယ့် တိုက်စစ်မှူးသစ် ခေါ်ယူဖို့ ရည်ရွယ်ထားတဲ့ မန်နေဂျာဆိုးရှားဟာ အီတလီသားကိုလည်း သူ့ပစ်မှတ်ထဲ သေချာပေါက် ထည့်ထားမယ်လို့ ဖော်ပြခံလာရတာဖြစ်တယ်။

၂၀၁၇ ခုနှစ်မှာတုန်းက ယူနိုက်တက်နဲ့ ဘယ်လော့တီကြား အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်ထားဖူးပြီး ထိုစဉ်ကတော့ ကလပ်ဟာ တိုက်စစ်မှူး လူကာကူကိုပဲ ခေါ်ယူခဲ့တာဖြစ်တယ်။ အသက် ၂၆ နှစ်အရွယ် တိုက်စစ်သမားဟာ ပေါက်ကွဲအားကောင်းကေကာင်း ကစားနိုင်ပြီး ဒီရာသီမှာ ကိုယ်တိုင် ၁၅ ဂိုး သွင်းယူပြီး ဂိုးထောက်ပံ့မှု ၃ ကြိမ် လုပ်ထားနိုင်ပါတယ်။

ဒီရက်ပိုင်းမှာပ ဘယ်လော့တီရဲ့ သတင်းအပြင် ယူနိုက်တက်ဟာ ပေါင် ၁၃၅ သန်း တန်ကြေးရှိတယ်လို့ သတ်မှတ်ထားတဲ့ အက်သလက်တီကိုမက်ဒရစ် ကွင်းလယ်လူ ဆောလ်နီဂွက်ဇ်ကို လက်ရှိသူရရှိနေတဲ့ တစ်ပတ်လုပ်ခထက် ၂ဆခွဲ နီးပါး ပေးချေကာ ခေါ်ယူသွားဖို့အတွက် ကြိုးစားနေတယ်လို့ ဗြိတိန်သတင်းတွေက ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် စပိန်ကွင်းလယ်လူကို ယူနိုက်တက်က ကာလရှည် စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး လက်ရှိမှာ ဆောလ်နီဂွက်ဇ်က တစ်ပတ်လုပ်ခ ပေါင်ရှစ်သောင်းခွဲ ရရှိနေတာဖြစ်ပါတယ်။ ယူနိုက်တက်က တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းအထိ ပေးချေကာ ခေါ်ယူသွားဖို့ ကြိုးစားနေတာဖြစ်ပြီး စပိန်ကလပ်ဘက်က ရောင်းချမယ်လို့လည်း မျှော်လင့်နေပါတယ်။

ZAWGYI




