ရော်နယ်ဒိုတောင် မမှီတဲ့ ပေါစခိုးရဲ့ အရည်အချင်းကောင်းကို ဟားဂရိတ် ထုတ်ဖော်
ဘိုင်ယန်မြူနစ်နဲ့ ယူနိုက်တက် ကစားသမားဟောင်းကြီး ဟားဂရိတ်က ရော်နယ်ဒိုနဲ့ ပေါစခိုးဟာ မတူညီတဲ့ ကစားသမားတွေအဖြစ် ပြောပြမှု လုပ်ဆောင်သွားပါတယ်။
နှစ်ဦးလုံးက ထိပ်တန်း ကစားသမားတွေဖြစ်ကြပေမယ့် ရော်နယ်ဒိုက ရုပ်ပိုင်းဆိုင်ရာ သန်မာလွန်းတဲ့ ဘောလုံးသမားဖြစ်ပြီး စခိုးကတော့ ရုပ်ပိုင်းဆိုင်ရာ မကောင်းပေမယ့် ဘောလုံးဉာဏ်ရည် သိပ်ကောင်းတဲ့သူလို့ ဟားဂရိတ်က ပြောပါတယ်။
ဟားဂရိတ်က ပြောပြရာမှာ “ ကျနော် တွဲကစားဖူးတဲ့ ကစားသမားတွေထဲမှာ ရော်နယ်ဒိုက အကောင်းဆုံး ဖြစ်ပါတယ်။ သူက အရပ်အမောင်း မြင့်မားပြီး ပြင်းပြထက်သန်စွာ ကစားသလို ဘယ်ခြေ ညာခြေ နှစ်ဘက်လုံး သန်မာပြီး အမြင့်ခုန်နိုင်စွမ်းမှာ ဘက်စကတ်ဘောသမားလို ကောင်းမွန်ပါတယ်။
ဒါပေမယ့် စိတ်ဓါတ်ပိုင်းမှာတော့ ပေါစခိုးက အကောင်းဆုံးပါပဲ။ သူက ပွဲကို ကစားနေရင်းနဲ့ကို ခေါင်းထဲမှာ ပွဲအကြောင်း စဉ်းစားနေလို့ ရသူဖြစ်တယ်။ ရုပ်ပိုင်းဆိုင်ရာမှာ သူက ရော်နယ်ဒိုလို မကောင်းသလို၊ မြန်နှုန်းလည်း မကောင်းပါဘူး။ ဒါပေမယ့် သူက တွဲဘက် ကစားဖူးသမျှထဲမှာ ဉာဏ်ရည် အမြင့်ဆုံး ကစားသမားဖြစ်ပါတယ်။
သူတို့ကို နှိုင်းယှဉ်လို့တော့ မရပါဘူး။ သူတို့က ခြားနားတဲ့ ကစားသမားတွေဖြစ်ပြီး ကစားဟန်ကလည်း လုံးဝကို ကွဲပြားသူတွေ ဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ ဘောလုံးကစားဖို့ မွေးဖွားလာသူဖြစ်တယ်။ စခိုးက ဘောလုံးဉာဏ်ရည်မှာ အခြားသူတွေထက် သာလွန်လွန်းပါတယ်။
ဇာဗီ၊ အင်နီယေစတာလို ဂန္တဝင်ကြီးတွေကလည်း စခိုးရဲ့ ဘောလုံး ဉာဏ်ရည် မြင့်မားမှုကြောင့်ပဲ သူ့ကို အထင်ကြီးတာဖြစ်တယ်။ ပေါစခိုးက အရမ်းကို ထူးချွန်သူဖြစ်လိုပဲ သူ့ကို အားလုံးက စံပြကစားသမားအဖြစ် မှတ်ယူခဲ့ကြတာပါ ” လို့ ရှင်းပြခဲ့ပါတယ်။
ZAWGYI
ဘိုင္ယန္ျမဴနစ္နဲ႔ ယူႏုိက္တက္ ကစားသမားေဟာင္းၾကီး ဟားဂရိတ္က ေရာ္နယ္ဒိုနဲ႔ ေပါစခိုးဟာ မတူညီတဲ့ ကစားသမားေတြအျဖစ္ ေျပာျပမႈ လုပ္ေဆာင္သြားပါတယ္။
ႏွစ္ဦးလံုးက ထိပ္တန္း ကစားသမားေတြျဖစ္ၾကေပမယ့္ ေရာ္နယ္ဒိုက ရုပ္ပိုင္းဆိုင္ရာ သန္မာလြန္းတဲ့ ေဘာလံုးသမားျဖစ္ျပီး စခိုးကေတာ့ ရုပ္ပိုင္းဆိုင္ရာ မေကာင္းေပမယ့္ ေဘာလံုးဥာဏ္ရည္ သိပ္ေကာင္းတဲ့သူလို႔ ဟားဂရိတ္က ေျပာပါတယ္။
ဟားဂရိတ္က ေျပာျပရာမွာ “ က်ေနာ္ တြဲကစားဖူးတဲ့ ကစားသမားေတြထဲမွာ ေရာ္နယ္ဒိုက အေကာင္းဆံုး ျဖစ္ပါတယ္။ သူက အရပ္အေမာင္း ျမင့္မားျပီး ျပင္းျပထက္သန္စြာ ကစားသလို ဘယ္ေျခ ညာေျခ ႏွစ္ဘက္လံုး သန္မာျပီး အျမင့္ခုန္ႏုိင္စြမ္းမွာ ဘက္စကတ္ေဘာသမားလို ေကာင္းမြန္ပါတယ္။
ဒါေပမယ့္ စိတ္ဓါတ္ပိုင္းမွာေတာ့ ေပါစခိုးက အေကာင္းဆံုးပါပဲ။ သူက ပြဲကို ကစားေနရင္းနဲ႔ကို ေခါင္းထဲမွာ ပြဲအေၾကာင္း စဥ္းစားေနလို႔ ရသူျဖစ္တယ္။ ရုပ္ပိုင္းဆိုင္ရာမွာ သူက ေရာ္နယ္ဒိုလို မေကာင္းသလို၊ ျမန္ႏႈန္းလည္း မေကာင္းပါဘူး။ ဒါေပမယ့္ သူက တြဲဘက္ ကစားဖူးသမွ်ထဲမွာ ဥာဏ္ရည္ အျမင့္ဆံုး ကစားသမားျဖစ္ပါတယ္။
သူတို႔ကို ႏိႈင္းယွဥ္လို႔ေတာ့ မရပါဘူး။ သူတို႔က ျခားနားတဲ့ ကစားသမားေတြျဖစ္ျပီး ကစားဟန္ကလည္း လံုးဝကို ကြဲျပားသူေတြ ျဖစ္ပါတယ္။ ေရာ္နယ္ဒိုကေတာ့ ေဘာလံုးကစားဖို႔ ေမြးဖြားလာသူျဖစ္တယ္။ စခိုးက ေဘာလံုးဥာဏ္ရည္မွာ အျခားသူေတြထက္ သာလြန္လြန္းပါတယ္။
ဇာဗီ၊ အင္နီေယစတာလို ဂႏၱဝင္ၾကီးေတြကလည္း စခိုးရဲ႕ ေဘာလံုး ဥာဏ္ရည္ ျမင့္မားမႈေၾကာင့္ပဲ သူ႔ကို အထင္ၾကီးတာျဖစ္တယ္။ ေပါစခိုးက အရမ္းကို ထူးခၽြန္သူျဖစ္လိုပဲ သူ႔ကို အားလံုးက စံျပကစားသမားအျဖစ္ မွတ္ယူခဲ့ၾကတာပါ ” လို႔ ရွင္းျပခဲ့ပါတယ္။