ယူနိုက်တက်မှာ တောက်ပလာမယ့် ကြယ်ပွင့် အဖြစ် နဗီးလ် ရွေးချယ် ချီးကျူးလိုက်သူ

အနာဂတ်မှာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ အတူ တောက်ပလာမယ့် ကြယ်ပွင့် တစ်ပွင့် အဖြစ် မေဆင်ဂရင်းဝုဒ်ကို ယူနိုက်တက် ခံစစ်မှူးဟေငာ်းကြီး ဂယ်ရီနဗီးလ်က ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။

ယူနိုက်တက် အကယ်ဒမီကနေ အသင်းကြီးထံ ခေါ်ယူကာ ကစားခွင့်တွေ ရနေတဲ့ ဂရင်းဝုဒ်ဟာ အသက် ၁၈ နှစ်သာ ရှိပါသေးတယ်။ လက်ရှိ ဘောလုံးရာသီမှာ အသင်းနဲ့ အတူ (၁၇) ပွဲ ပွဲထွက်ကစားပြီး (၂၃) ပွဲ လူစား ဝင် ကစားပေးထားကာ (၁၂)ဂိုး သွင်းပေးထားပါတယ်။

ဂရင်းဝုဒ်ဟာ ယူနိုက်တက်ကို ငယ်ရွယ်စဉ်ကတည်းက အားပေးခဲ့သူဖြစ်ပြီး တချိန်မှာ ဂရင်းဝုဒ်က သူ စိတ်ကူးထဲက အတိုင်း ဖြစ်ချင်သလို ဖြစ်လာလိမ့်မယ်လို့ နဗီးလ်က ထောက်ခံ ပြောဆိုလိုက်ပါတယ်။

” ဂရင်းဝုဒ်က ရည်မှန်းချက် အတိုင်း သူဖြစ်ချင်သလို ဖြစ်လာမှာပါ။ သူက တစ်ကယ့် အရည်အသွေးရှိတဲ့ ကစားသမားတစ်ယောက် ဖြစ်တယ်။ ကြံ့ခိုင်မှုကလည်း အရမ်းကို ကောင်းပါတယ်။ သူသာ ဒီလိုဆက်ပြီး စွမ်းဆောင်ပေးမယ် ဆိုရင် တစ်ချိန်မှာ သူဟာ ယူနိုက်တက် ကြယ်ပွင့် ဖြစ်လာမှာပါ။ ” လို့ နဗီးလ်က ပြောသွားခဲ့ပါတယ်။

မေဆင် ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်းရဲ့ ယူရိုပါလိဂ် နောက်ဆုံး LASK အသင်းနဲ့ ပွဲတုန်းက သူ့ရဲ့ ၁၂ ဂိုးမြောက်သွင်းဂိုး ကို သွင်းယူ ထားခဲ့ပါတယ်။

Zawgyi – အနာဂတ္မွာ မန္ခ်က္စတာယူနိုက္တက္ အသင္းနဲ႕ အတူ ေတာက္ပလာမယ့္ ၾကယ္ပြင့္ တစ္ပြင့္ အျဖစ္ ေမဆင္ဂရင္း၀ုဒ္ကို ယူနိုက္တက္ ခံစစ္မွဴးေဟငာ္းၾကီး ဂယ္ရီနဗီးလ္က ထုတ္ေဖာ္ ခ်ီးက်ဴးလိုက္ပါတယ္။

ယူနုိက္တက္ အကယ္ဒမီကေန အသင္းၾကီးထံ ေခၚယူကာ ကစားခြင့္ေတြ ရေနတဲ့ ဂရင္း၀ုဒ္ဟာ အသက္ ၁၈ နွစ္သာ ရွိပါေသးတယ္။ လက္ရွိ ေဘာလံုးရာသီမွာ အသင္းနဲ႕ အတူ (၁၇) ပြဲ ပြဲထြက္ကစားၿပီး (၂၃) ပြဲ လူစား ဝင္ ကစားေပးထားကာ (၁၂)ဂိုး သြင္းေပးထားပါတယ္။

ဂရင္း၀ုဒ္ဟာ ယူနိုက္တက္ကို ငယ္႐ြယ္စဥ္ကတည္းက အားေပးခဲ့သူျဖစ္ၿပီး တခ်ိန္မွာ ဂရင္း၀ုဒ္က သူ စိတ္ကူးထဲက အတိုင္း ျဖစ္ခ်င္သလို ျဖစ္လာလိမ့္မယ္လို႔ နဗီးလ္က ေထာက္ခံ ေျပာဆိုလိုက္ပါတယ္။

” ဂရင္း၀ုဒ္က ရည္မွန္းခ်က္ အတိုင္း သူျဖစ္ခ်င္သလို ျဖစ္လာမွာပါ။ သူက တစ္ကယ့္ အရည္အေသြးရွိတဲ့ ကစားသမားတစ္ေယာက္ ျဖစ္တယ္။ ႀကံ့ခိုင္မႈကလည္း အရမ္းကို ေကာင္းပါတယ္။ သူသာ ဒီလိုဆက္ၿပီး စြမ္းေဆာင္ေပးမယ္ ဆိုရင္ တစ္ခ်ိန္မွာ သူဟာ ယူႏိုက္တက္ ၾကယ္ပြင့္ ျဖစ္လာမွာပါ။ ” လို႔ နဗီးလ္က ေျပာသြားခဲ့ပါတယ္။

ေမဆင္ ဂရင္းဝုဒ္ဟာ ယူႏိုက္တက္အသင္းရဲ႕ ယူ႐ိုပါလိဂ္ ေနာက္ဆုံး LASK အသင္းနဲ႔ ပြဲတုန္းက သူ႔ရဲ႕ ၁၂ ဂိုးေျမာက္သြင္းဂိုး ကို သြင္းယူ ထားခဲ့ပါတယ္။