နွေမှာ မန်ချက်စတာကို ပြန်မလာလိုတဲ့ ယူနိုက်တက်ရဲ့ အငှားချကစားသမား

အာဂျင်တီးနားကိုပြန်ပြီး အငှားနဲ့သွားရောက်ကစားနေတဲ့ ယူနိုက်တက်နောက်ခံလူ ရိုဂျိုက နွေမှာ ယူနိုက်တက်ကို ပြန်မလာလိုတော့ပါကြောင်း ထုတ်ဖော်ပြောဆိုသွားပါတယ်။

ယူနိုက်တက်မှာ ပုံမှန်ပွဲကစားခွင့် ပျောက်ဆုံးနေခဲ့ပြီး ကြံ့ခိုင်မှုဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ရိုဂျိုဟာ ပထမရာသီဝက်မှာ ယူနိုက်တက်နဲ့ ဆက်ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ဇန်နဝါရီမှာတော့ အာဂျင်တီးနားက ငယ်ဘဝကလပ်ထံ ရာသီဝက်အငှား သွားရောက်ကစားဖို့ ထွက်ခွာသွားခဲ့တာဖြစ်တယ်။

ကစားသမား သွားရောက်ကစားနေတဲ့ အာဂျင်တီးနားကလပ် Estudiantes အသင်းရဲ့ ဥက္ကဌဖြစ်ပြီး ယူနိုက်တက်ကစားသမားဟောင်း ဗီရွန်ကလည်း ရိုဂျိုကို ဆက်ခေါ်ထားလိုတဲ့ သဘောတွေ ပြောဆိုထားတာဖြစ်တယ်။ ယူနိုက်တက်ဟာ ရိုဂျိုကို အပြီးသတ် ရောင်းထုတ်မှုတွေပဲ လုပ်ဆောင်လိုကာ အာဂျင်တီးနားအသင်းထံ ရောင်းထုတ်ပေးဖို့ထက် ဈေးကောင်းရမယ့် အခြားအသင်းတွေကို ကမ်းလှမ်းခွင့် ပေးဖွယ်ရှိတယ်။

ရိုဂျိုကိုယ်တိုင်ကတော့ ” အပြောင်းအရွှေ့ ကိစ္စတွေက ကျနေ်ာအပေါ်ပဲ မူတည်တယ်ဆိုရင်တော့ ဒီမှာ နောက်ထပ် ၆ လလောက် ထပ်ပြီး ကစားလိုပါတယ်။ ပွဲတွေ သိပ်မကစားရပဲ အသင်းကနေ ထွက်ခွာရမှာက နာကျင်ရမှာပါ။ ကျနော် ကြံ့ခိုင်မှု ကောင်းနေလို့ ပွဲတွေ ပိုကစားနိုင်နေပါပြီ ” လို့ ဆိုခဲ့တာဖြစ်တယ်။

အင်တာမီလန်မှာ အငှား သွားရောက် ကစားနေတဲ့ ယူနိုက်တက် တိုက်စစ်သမား ဆန်းချက်ဟာလည်း လာမယ့် ဇူလိုင် အငှားပြီးဆုံးချိန်မှာ မိခင်ကလပ်အသင်းထံ ပြန်လာရမှာဖြစ်တယ်။ အင်တာမီလန်မှာလည်း ဆန်းချက်က ဒူးဒဏ်ရာကြောင့် ရုန်းကန်နေရပြီး ဒီရာသီ ၁၅ ပွဲသာ ပါဝင်ကစားထးကာ တစ်ဂိုးပဲ သွင်းယူထားပါတယ်။ အင်တာဘက်ကလည်း ဆန်းချက်ကို အပြီးသတ် ဝယ်ယူနိုင်ဖို့ လိုလားပုံ မရှိသေးပါဘူး။

ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ အင်တာ မဝယ်ယူလိုရင်လည်း ဆန်းချက်ကို လာမယ့်ရာသီမှာ ပြန်ခေါ်ပြီး အသင်း တိုက်စစ်ပိုင်း အင်အားဖြည့်မှု အဖြစ် ထည့်သွင်းသွားဖို့ ရှိပါတယ်။ သူဟာ အငှားကစားသမားတွေကို ရောင်းထုတ်ဖို့ (သို့) နေရာချဖို့ ကိစ္စတွေကို စီမံသွားရဦးမှာ ဖြစ်ပါတယ်။

ZAWGYI

အာဂ်င္တီးနားကိုျပန္ျပီး အငွားနဲ႔သြားေရာက္ကစားေနတဲ့ ယူႏိုက္တက္ေနာက္ခံလူ ႐ိုဂ်ိဳက ေႏြမွာ ယူႏုိက္တက္ကို ျပန္မလာလိုေတာ့ပါေၾကာင္း ထုတ္ေဖာ္ေျပာဆိုသြားပါတယ္။

ယူနုိက္တက္မွာ ပံုမွန္ပြဲကစားခြင့္ ေပ်ာက္ဆံုးေနခဲ့ျပီး ၾကံ႕ခိုင္မႈဆိုင္ရာ ျပႆနာေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ရိုဂ်ိဳဟာ ပထမရာသီဝက္မွာ ယူႏုိက္တက္နဲ႔ ဆက္ရွိေနခဲ့ပါတယ္။ ဒါေပမယ့္ ဇန္နဝါရီမွာေတာ့ အာဂ်င္တီးနားက ငယ္ဘဝကလပ္ထံ ရာသီဝက္အငွား သြားေရာက္ကစားဖို႔ ထြက္ခြာသြားခဲ့တာျဖစ္တယ္။

ကစားသမား သြားေရာက္ကစားေနတဲ့ အာဂ်င္တီးနားကလပ္ Estudiantes အသင္းရဲ႕ ဥကၠဌျဖစ္ျပီး ယူႏုိက္တက္ကစားသမားေဟာင္း ဗီရြန္ကလည္း ရိုဂ်ိဳကို ဆက္ေခၚထားလိုတဲ့ သေဘာေတြ ေျပာဆိုထားတာျဖစ္တယ္။ ယူႏုိက္တက္ဟာ ရိုဂ်ိဳကို အျပီးသတ္ ေရာင္းထုတ္မႈေတြပဲ လုပ္ေဆာင္လိုကာ အာဂ်င္တီးနားအသင္းထံ ေရာင္းထုတ္ေပးဖို႔ထက္ ေစ်းေကာင္းရမယ့္ အျခားအသင္းေတြကို ကမ္းလွမ္းခြင့္ ေပးဖြယ္ရွိတယ္။

ရိုဂ်ိဳကိုယ္တိုင္ကေတာ့ ” အေျပာင္းအေရႊ႔ ကိစၥေတြက က်ေန္ာအေပၚပဲ မူတည္တယ္ဆိုရင္ေတာ့ ဒီမွာ ေနာက္ထပ္ ၆ လေလာက္ ထပ္ျပီး ကစားလိုပါတယ္။ ပြဲေတြ သိပ္မကစားရပဲ အသင္းကေန ထြက္ခြာရမွာက နာက်င္ရမွာပါ။ က်ေနာ္ ၾကံ႕ခိုင္မႈ ေကာင္းေနလုိ႔ ပြဲေတြ ပိုကစားႏုိင္ေနပါျပီ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

အင္တာမီလန္မွာ အငွား သြားေရာက္ ကစားေနတဲ့ ယူနိုက္တက္ တိုက္စစ္သမား ဆန္းခ်က္ဟာလည္း လာမယ့္ ဇူလိုင္ အငွားျပီးဆံုးခ်ိန္မွာ မိခင္ကလပ္အသင္းထံ ျပန္လာရမွာျဖစ္တယ္။ အင္တာမီလန္မွာလည္း ဆန္းခ်က္က ဒူးဒဏ္ရာေၾကာင့္ ရုန္းကန္ေနရျပီး ဒီရာသီ ၁၅ ပြဲသာ ပါ၀င္ကစားထးကာ တစ္ဂိုးပဲ သြင္းယူထားပါတယ္။ အင္တာဘက္ကလည္း ဆန္းခ်က္ကို အျပီးသတ္ ၀ယ္ယူနုိင္ဖို႔ လိုလားပံု မရွိေသးပါဘူး။

ယူနိုက္တက္ နည္းျပ ဆိုးရွားကေတာ့ အင္တာ မ၀ယ္ယူလိုရင္လညး္ ဆန္းခ်က္ကို လာမယ့္ရာသီမွာ ျပန္ေခၚျပီး အသင္း တိုက္စစ္ပိုင္း အင္အားျဖည့္မႈ အျဖစ္ ထည့္သြင္းသြားဖို႔ ရွိပါတယ္။ သူဟာ အငွားကစားသမားေတြကို ေရာင္းထုတ္ဖို႔ (သို႔) ေနရာခ်ဖို႔ ကိစၥေတြကို စီမံသြားရဦးမွာ ျဖစ္ပါတယ္။