ခံစစ်အကောင်းဆုံး သူ့အတွက်တောင် ရင်ဆိုင်ရခက်တဲ့ အသင်းဖော်ကို ဘစ်ဆာကာ ဖြေကြား

ယူနိုက်တက် အသင်းဖော်တွေထဲမှာ လေ့ကျင့်ကွင်းအတွင်း ရင်ဆိုင် ထိန်းချုပ်ရအခက်ဆုံး ကစားသမားက တိုက်စစ်မှူး ရက်ဖို့ဒ် ဖြစ်တယ်လို့ ညာအစွန်လူ ဝမ်ဘစ်ဆာကာက ပြောပါတယ်။

ယူနိုက်တက် တရားဝင်ဝဘ်ဆိုက်မှာ ပြုလုပ်တဲ့ အမေးအဖြကဏ္ဍမှာ ကလပ် အသင်းဖော်တွေထဲ ရင်ဆိုင်ရ အခက်ခဲဆုံး ကစားသမားက ဘယ်သူဖြစ်သလဲဆိုတဲ့ မေးခွန်းကို ဝမ်ဘစ်ဆာကာ ဖြေကြားခဲ့တာပါ။ ဘစ်ဆာကာကပဲ တိုက်စစ်မှူး ရက်ဖို့ဒ်ဟာ လှည့်စားနိုင်မှုတွေ များပြားပြီး ကြိုတင် ခန့်မှန်းလို့မရတဲ့ တိုက်စစ်သမား ဖြစ်တယ်လို့ ဆာကာကပြောပါတယ်။

သူကပဲ ရက်ဖို့ဒ်ဟာ လှိမ်ခေါက် ကျော်ဖြတ်နိုင်စွမ်း ရှိသလို ကြိုတင် မှန်းဆမရတဲ့ လှည့်စားနိုင်မှုတွေ ရှိတာကြောင့် ထိန်းချုပ်ရ ခက်ခဲကြောင်းနဲ့ ရပ်ဖိုဒ့်လို ကစားသမားနဲ့ လေ့ကျင့်ရတာက သူ့ရဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေဖို့ အဓိက ကျစေခဲ့တယ်လို့ ဝန်ခံစကား ပြောဆိုခဲ့တာဖြစ်တယ်။

ညာအစွန်လူတွေထဲမှာ ဖြတ်ထုတ်မှုကို ချိန်သားကိုက် အလုပ်နိုင်ဆုံးလို့ ချီးကျူးခဲ့နေရတဲ့ ဘစ်ဆာကာက တစ်ပွဲလုံးဆိုရင်တော့ ဘောလုံးပြန်ဆယ်မှု ၈ ကြိမ်၊ ဖြတ်လုမှု ၈ ကြိမ်၊ တစ်ဦးချင်း ၃ ကြိမ်၊ ဖြတ်တေက်မှု ၃ ကြိမ်နဲ့ ဖြတ်တင်ဘော တားဆီးမှု ၂ ကြိမ်တို့ကို တစ်ဦးတည်း လုပ်နိုင်သူဖြစ်တယ်။

ခံစစ်ပိုင်းမှာ လုံခြုံလွန်းတဲ့ ဘစ်ဆာကာဟာ တိုက်စစ်ပိုင်း လိုက်ပါမှုမှာလည်း အတော်လေး တိုးတက်လာသူဖြစ်တယ်။ သူ့ကို ရင်ဆိုင်ပြီး ကျော်ဖြတ်နိုင်တဲ့ တိုက်စစ်သမားတွေက ပရီးမီးယားလိဂ်မှာတောင် နည်းပါးစွာပဲ ရှိနေပါတယ်။ ဒီလို တိုးတက်လာမှုက အသင်းဖော် ရက်ဖို့ဒ်နဲ့ အတူ လေ့ကျင့်ရမှုကလည်း အရေးပါနေတာဖြစ်ပြီး အင်္ဂလန်သား တိုက်စစ်မှူးဟာ အခုနှစ်ဘောလုံးရာသီမှာ အသပရီးမီးယားသွင်းဂိုး ၁၄ဂိုး ရရှိထားပါတယ်။

ယူႏိုက္တက္ အသင္းေဖာ္ေတြထဲမွာ ေလ့က်င့္ကြင္းအတြင္း ရင္ဆိုင္ ထိန္းခ်ဳပ္ရအခက္ဆုံး ကစားသမားက တိုက္စစ္မႉး ရက္ဖို႔ဒ္ ျဖစ္တယ္လို႔ ညာအစြန္လူ ဝမ္ဘစ္ဆာကာက ေျပာပါတယ္။

ယူႏုိက္တက္ တရားဝင္ဝဘ္ဆိုက္မွာ ျပဳလုပ္တဲ့ အေမးအျဖက႑မွာ ကလပ္ အသင္းေဖာ္ေတြထဲ ရင္ဆိုင္ရ အခက္ခဲဆုံး ကစားသမားက ဘယ္သူျဖစ္သလဲဆိုတဲ့ ေမးခြန္းကို ဝမ္ဘစ္ဆာကာ ေျဖၾကားခဲ့တာပါ။ ဘစ္ဆာကာကပဲ တိုက္စစ္မႉး ရက္ဖို႔ဒ္ဟာ လွည့္စားႏိုင္မႈေတြ မ်ားျပားျပီး ၾကိဳတင္ ခန္႔မွန္းလို႔မရတဲ့ တိုက္စစ္သမား ျဖစ္တယ္လို႔ ဆာကာကေျပာပါတယ္။

သူကပဲ ရက္ဖို႔ဒ္ဟာ လိွမ္ေခါက္ ေက်ာ္ျဖတ္ႏုိင္စြမ္း ရွိသလို ၾကိဳတင္ မွန္းဆမရတဲ့ လွည့္စားႏုိင္မႈေတြ ရွိတာေၾကာင့္ ထိန္းခ်ဳပ္ရ ခက္ခဲေၾကာင္းနဲ႔ ရပ္ဖိုဒ့္လို ကစားသမားနဲ႔ ေလ့က်င့္ရတာက သူ႔ရဲ႕ စြမ္းေဆာင္ရည္ကို တိုးတက္ေစဖို႔ အဓိက က်ေစခဲ့တယ္လို႔ ဝန္ခံစကား ေျပာဆိုခဲ့တာျဖစ္တယ္။

ညာအစြန္လူေတြထဲမွာ ျဖတ္ထုတ္မႈကို ခ်ိန္သားကိုက္ အလုပ္ႏုိင္ဆံုးလို႔ ခ်ီးက်ဴးခဲ့ေနရတဲ့ ဘစ္ဆာကာက တစ္ပြဲလံုးဆိုရင္ေတာ့ ေဘာလံုးျပန္ဆယ္မႈ ၈ ၾကိမ္၊ ျဖတ္လုမႈ ၈ ၾကိမ္၊ တစ္ဦးခ်င္း ၃ ၾကိမ္၊ ျဖတ္ေတက္မႈ ၃ ၾကိမ္နဲ႔ ျဖတ္တင္ေဘာ တားဆီးမႈ ၂ ၾကိမ္တို႔ကို တစ္ဦးတည္း လုပ္ႏုိင္သူျဖစ္တယ္။

ခံစစ္ပိုင္းမွာ လံုျခံဳလြန္းတဲ့ ဘစ္ဆာကာဟာ တိုက္စစ္ပိုင္း လုိက္ပါမႈမွာလည္း အေတာ္ေလး တိုးတက္လာသူျဖစ္တယ္။ သူ႔ကို ရင္ဆိုင္ျပီး ေက်ာ္ျဖတ္ႏုိင္တဲ့ တိုက္စစ္သမားေတြက ပရီးမီးယားလိဂ္မွာေတာင္ နည္းပါးစြာပဲ ရွိေနပါတယ္။ ဒီလို တိုးတက္လာမႈက အသင္းေဖာ္ ရက္ဖို႔ဒ္နဲ႔ အတူ ေလ့က်င့္ရမႈကလည္း အေရးပါေနတာျဖစ္ျပီး အဂၤလန္သား တိုက္စစ္မွဴးဟာ အခုႏွစ္ေဘာလုံးရာသီမွာ အသပရီးမီးယားသြင္းဂိုး ၁၄ဂိုး ရရွိထားပါတယ္။