ယူနိုက်တက်အတွက် မခေါ်ယူပေးနိုင်လို့ မိုးယက်စ် နောင်တရခဲ့တဲ့ ထိပ်တန်း အပြောင်းအရွှေ့ ၃ ခု
အဲဗာတန်နဲ့ ယူနိုက်တက် မန်နေဂျာဟောင်း မိုယက်စ်က သူဟာ ဆယ်စုနှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ အဲဗာတန်အသင်းကို စွန့်ခွာခဲ့တာအတွက် နောင်တရပေမယ့် ယူနိုက်တက်ကို ကိုင်တွယ်ဖို့ ရွေးချယ်ခဲ့တာအတွက်တော့ နောင်တမရပါဘူးလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ယူနိုက်တက် မန်နေဂျာဟောင်း မိုယက်စ်က အိုးလ်ထရပ်ဖို့ဒ်မှာ နည်းပြ ဖြစ်ခဲ့စဉ်တုန်းက ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ တိုနီ ခရူးစ်ကို မခေါ်ယူခဲ့တဲ့ အတွက်လည်း အထူး နောင်တရ မိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ်။
မိုးယက်စ်က ပြောရာမှာ ” ကျနော် ခေါ်ယူလိုတဲ့ ကစားသမားတွေထဲမှာ တိုနီ ခရူစ်က သေချာပေါက် ပါခဲ့ပါတယ်။ နောက်ပြီး ကျနော်က ဂါရတ်ဘေလ်းနဲ့ ဖာဘရီဂတ်စ်တိုကိုလည်း ခေါ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် သူတို့တွေ မတိုင်ခင်မှာ ကျနော်မှာ ပြောစရာတွေလည်း အများကြီး ရှိပါတယ်။ ” လို့ ဖွင့်ဟခဲ့တာဖြစ်တယ်။
ယူနိုက်တက်ဟာ ၂၀၁၃ ခုနှစ်မှာ အသင်းရဲ့ မန်နေဂျာကြီး ဆာ အဲလက်စ် ဖာဂူဆန်က အသင်းရဲ့ နည်းပြအဖြစ်ကနေ အနားယူသွားခဲ့တာကြောင့် နည်းပြသစ် တစ်ဦးကို လိုက်လံ ရှာဖွေနေခဲ့ကြပြီး နောက်ဆုံးမှာ အဲဗာတန် မန်နေဂျာ မိုယက်စ်ကို မန်နေဂျာသစ် အဖြစ် ခန့်အပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
စကော့သားကြီးကပဲ “ အတိတ်က အချိန်တွေကို ပြန်တွေးခဲ့ရင် ကျနော် တည်ဆောက်ခဲ့တဲ့ အဲဗာတန်အသင်းကနေ ထွက်ခွာခဲ့တာကို နောင်တရမိပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကို ပြောင်းခဲ့တာအတွက်တော့ နောင်တ မရပါဘူး။ မန်နေဂျာတစ်ယောက်က အမြဲတမ်း အချိန်ကောင်းတွေကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ပဲ ခက်ခဲတဲ့ အချိန်တွေကိုလည်း ရင်ဆိုင်ရပါတယ် ” လို့ ဆိုခဲ့ပါတယ်။
ZAWGYI
အဲဗာတန္နဲ႔ ယူႏုိက္တက္ မန္ေနဂ်ာေဟာင္း မိုယက္စ္က သူဟာ ဆယ္စုႏွစ္ၾကာ ကိုင္တြယ္ခဲ့တဲ့ အဲဗာတန္အသင္းကို စြန္႔ခြာခဲ့တာအတြက္ ေနာင္တရေပမယ့္ ယူႏုိက္တက္ကို ကိုင္တြယ္ဖို႔ ေရြးခ်ယ္ခဲ့တာအတြက္ေတာ့ ေနာင္တမရပါဘူးလို႔ ထုတ္ေဖာ္ ေျပာဆိုလုိက္ပါတယ္။
ယူႏိုက္တက္ မန္ေနဂ်ာေဟာင္း မိုယက္စ္က အိုးလ္ထရပ္ဖို႔ဒ္မွာ နည္းျပ ျဖစ္ခဲ့စဥ္တုန္းက ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ကြင္းလယ္ ကစားသမား ျဖစ္သူ တိုနီ ခ႐ူးစ္ကို မေခၚယူခဲ့တဲ့ အတြက္လည္း အထူး ေနာင္တရ မိေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ပါတယ္။
မိုးယက္စ္က ေျပာရာမွာ ” က်ေနာ္ ေခၚယူလိုတဲ့ ကစားသမားေတြထဲမွာ တိုနီ ခရူစ္က ေသခ်ာေပါက္ ပါခဲ့ပါတယ္။ ေနာက္ျပီး က်ေနာ္က ဂါရတ္ေဘလ္းနဲ႔ ဖာဘရီဂတ္စ္တိုကိုလည္း ေခၚယူဖို႔ ၾကိဳးစားခဲ့ပါေသးတယ္။ ဒါေပမယ့္ သူတို႔ေတြ မတိုင္ခင္မွာ က်ေနာ္မွာ ေျပာစရာေတြလည္း အမ်ားၾကီး ရွိပါတယ္။ ” လို႔ ဖြင့္ဟခဲ့တာျဖစ္တယ္။
ယူႏုိက္တက္ဟာ ၂၀၁၃ ခုႏွစ္မွာ အသင္းရဲ႕ မန္ေနဂ်ာၾကီး ဆာ အဲလက္စ္ ဖာဂူဆန္က အသင္းရဲ႕ နည္းျပအျဖစ္ကေန အနားယူသြားခဲ့တာေၾကာင့္ နည္းျပသစ္ တစ္ဦးကို လိုက္လံ ရွာေဖြေနခဲ့ၾကၿပီး ေနာက္ဆုံးမွာ အဲဗာတန္ မန္ေနဂ်ာ မိုယက္စ္ကို မန္ေနဂ်ာသစ္ အျဖစ္ ခန႔္အပ္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။
စေကာ့သားၾကီးကပဲ “ အတိတ္က အခ်ိန္ေတြကို ျပန္ေတြးခဲ့ရင္ က်ေနာ္ တည္ေဆာက္ခဲ့တဲ့ အဲဗာတန္အသင္းကေန ထြက္ခြာခဲ့တာကို ေနာင္တရမိပါတယ္။ ဒါေပမယ့္ ယူႏုိက္တက္ကို ေျပာင္းခဲ့တာအတြက္ေတာ့ ေနာင္တ မရပါဘူး။ မန္ေနဂ်ာတစ္ေယာက္က အျမဲတမ္း အခ်ိန္ေကာင္းေတြကို ပိုင္ဆုိင္ႏုိင္မွာ မဟုတ္ပဲ ခက္ခဲတဲ့ အခ်ိန္ေတြကိုလည္း ရင္ဆိုင္ရပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။