ယူနိုက်တက် ကစားသမား ဘ၀ ရည်မှန်းချက်ကို ဖွင့်ဟလိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်က ယူနိုက်တက် ကစားသမားဘဝမှာ အသင်းနဲ့ အတူ ဆုဖလား အစုံ ရယူဖို့ ရည်မှန်းချက် ရှိကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကမှ စပို့တင်းလစ္စဘွန်းကနေ ယူနိုက်တက်ထံ ပြောင်းရွှေ့လာတဲ့ ပေါ်တူဂီ လက်ရွေးစင်ကစားသမားဟာ အချိန်တို အတွင်းမှာပဲ ယူနိုက်တက်မှာ ပုံစံကောင်းပြထားသူ ဖြစ်ပါတယ်။ ကလပ်အသင်းသစ်မှာ ကောင်းစွာ အထိုင်ကျပြီး ဆုဖလားမျိုးစုံ ရယူသွားချင်တဲ့ အကြောင်း ဖာနန်ဒက်စ်က အခုလို ဆိုခဲ့ပါတယ်။

” ကျနော် ဆုဖလား အားလုံး ရချင် နိုင်ချင်ပါတယ်။ ပြိုင်ပွဲ အားလုံးမှာ အောင်နိုင်ဖို့ ကို ကျနော် စိတ်တအားထက်သန်နေပြီ။ ယူနိုက်တက်မှာ အမှတ်ပေးဖလား၊ လိဂ်ဖလား၊ ချန်ပီယံလိဂ် နဲ့ အရာရာ ဆွတ်ခူးရယူနိုင်ဖို့ လာခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်မှာ အလားအလာရှိတာကို ကျနော် တို့ သိတယ်။

ဘာကြောင့်လဲဆိုတော့ ဒီအသင်းဟာ လူငယ်ကစားသမားတွေနဲ့ ဖွဲ့စည်းထားပြီး အရည်အသွေးမြင့် ကစားသမားတွေ ရှိတယ်။ ကျနော် တို့က ငယ်ရွယ်နေပြီး အခြားအသင်းတွေက အတွေ့အကြုံ ရင့်ကျက်နေမှာကိုလဲ မစိုးရိမ်ပါဘူး။ ဘာကြောင့်လဲဆိုတာ အသင်းမှာ လူငယ်တွေကို ကူညီနိုင်မယ့် အတွေ့အကြုံရင့် ကစားသမားတွေလည်း ရှိပါတယ်။

ဒီလို ပေါင်းစပ်မှုကနေ အခု နဲ့ အနာဂတ်မှာ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကို မသိနိုင်ဘူး။ ယူနိုက်တက်ဟာ အသင်းကြီးဖြစ်တာနဲ့အညီ ကစားသမားတော်တော်များများ လာချင်နေကြတယ်။ ” လို့ ဖာနန်ဒက်စ်က ပြေကြားခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် တိုက်စစ်သမားဟာ လက်ရှိ ဘောလုံးရာသီမှာ ယူနိုက်တက် အတွက် (၉) ပွဲကစားထားပြီး (၃) ဂိုးသွင်း (၄) ဂိုးဖန်တီးထားသူဖြစ်ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္တိုက္စစ္သမား ဘရူနို ဖာနန္ဒက္စ္က ယူနိုက္တက္ ကစားသမားဘ၀မွာ အသင္းနဲ႕ အတူ ဆုဖလား အစံု ရယူဖို႔ ရည္မွန္းခ်က္ ရွိေၾကာင္း ထုတ္ေဖာ္ ေျပာဆိုထားပါတယ္။

ျပီးခဲ့တဲ့ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကမွ စပို႔တင္းလစၥဘြန္းကေန ယူနိုက္တက္ထံ ေျပာင္းေ႐ႊ႕လာတဲ့ ေပၚတူဂီ လက္ေ႐ြးစင္ကစားသမားဟာ အခ်ိန္တို အတြင္းမွာပဲ ယူႏိုက္တက္မွာ ပုံစံေကာင္းျပထားသူ ျဖစ္ပါတယ္။ ကလပ္အသင္းသစ္မွာ ေကာင္းစြာ အထိုင္က်ျပီး ဆုဖလားမ်ိဳးစံု ရယူသြားခ်င္တဲ့ အေၾကာင္း ဖာနန္ဒက္စ္က အခုလို ဆိုခဲ့ပါတယ္။

” က်ေနာ္ ဆုဖလား အားလံုး ရခ်င္ နုိင္ခ်င္ပါတယ္။ ျပိဳင္ပြဲ အားလံုးမွာ ေအာင္ႏိုင္ဖို႔ ကို က်ေနာ္ စိတ္တအားထက္သန္ေနျပီ။ ယူႏိုက္တက္မွာ အမွတ္ေပးဖလား၊ လိဂ္ဖလား၊ ခ်န္ပီယံလိဂ္ နဲ႔ အရာရာ ဆြတ္ခူးရယူႏိုင္ဖို႔ လာခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္မွာ အလားအလာရွိတာကို က်ေနာ္ တို႔ သိတယ္။

ဘာေၾကာင့္လဲဆိုေတာ့ ဒီအသင္းဟာ လူငယ္ကစားသမားေတြနဲ႔ ဖြဲ႕စည္းထားၿပီး အရည္အေသြးျမင့္ ကစားသမားေတြ ရွိတယ္။ က်ေနာ္ တို႔က ငယ္ရြယ္ေနၿပီး အျခားအသင္းေတြက အေတြ႕အႀကဳံ ရင့္က်က္ေနမွာကိုလဲ မစိုးရိမ္ပါဘူး။ ဘာေၾကာင့္လဲဆိုတာ အသင္းမွာ လူငယ္ေတြကို ကူညီႏိုင္မယ့္ အေတြ႕အႀကဳံရင့္ ကစားသမားေတြလည္း ရွိပါတယ္။

ဒီလို ေပါင္းစပ္မႈကေန အခု နဲ႔ အနာဂတ္မွာ ဘာေတြဆက္ျဖစ္လာမလဲ ဆိုတာကို မသိနိုင္ဘူး။ ယူႏိုက္တက္ဟာ အသင္းႀကီးျဖစ္တာနဲ႔အညီ ကစားသမားေတာ္ေတာ္မ်ားမ်ား လာခ်င္ေနၾကတယ္။ ” လို႔ ဖာနန္ဒက္စ္က ေျပၾကားခဲ့ပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ တိုက္စစ္သမားဟာ လက္ရွိ ေဘာလုံးရာသီမွာ ယူနိုက္တက္ အတြက္ (၉) ပြဲကစားထားၿပီး (၃) ဂိုးသြင္း (၄) ဂိုးဖန္တီးထားသူျဖစ္ပါတယ္။