ယူနိုက်တက်ပစ်မှတ် ကော်တင်ညိုရဲ့ အပြောင်းအရွှေ့ကိစ္စကို ဖြေဆိုပေးတဲ့ ဘာကာ မန်နေဂျာ

ဘာကာ မန်နေဂျာ ဆက်တီယန်က လာမယ့်နွေမှာ ကက်တလန်ကနေ ထွက်ခွာသွားမယ်လို့ သတင်းကြီးနေတဲ့ ယူနိုက်တက်ပစ်မှတ် ကော်တင်ညိုရဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ ပက်သက်ပြီး ဖြေဆိုပေးမှု လုပ်လာပါတယ်။

အသက် ၂၇ နှစ်အရွယ် ကွင်းလယ်လူဟာ ၂၀၁၈ ခုနှစ်မှာ လီဗာပူးကနေ ပေါင် ၁၄၂ သန်းနဲ့ ပြောင်းလာခဲ့ပြီး ဒီတစ်ရာသီလုံး ဘိုင်ယန်မြူနစ်အသင်းထံ အငှားချခြင်း ခံထားရတာပါ။ ဒါပေမယ့် ဘွန်ဒက်လီဂါကလပ်က အပြီးသတ် ခေါ်ယူမှာ မဟုတ်ခြင်းကြောင့် ကော်တင်ညိုကို ရောင်းချလိုနေပြီ ဖြစ်ပြီး ယူရို သန်း ၈၀ လောက် ရရင် ရောင်းချမယ် သတင်းတွေ ထွက်နေတာဖြစ်ပါတယ်။

လီဗာပူးအသင်းကနေ ဘာစီလိုနာထံ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၂၀ နဲ့ ပြောင်းလာခဲ့တဲ့ ကော်တင်ညိုက နူးကမ့်မှာ ထင်သလောက် ခြေစွမ်း မပြနိုင်ဘဲ ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်ထံ ပြန်သွားဖို့ အလားအလာများနေပါတယ်။ ကော်တင်ညိုကို ချယ်ဆီး အပြင် ယူနိုက်တက်၊ အာဆင်နယ်နဲ့ စပါးတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားမှု ပြသထားပါတယ်။

စပိန်သတင်းတွေကတော့ ကော်တင်ညိုကို ခေါ်ယူနိုင်မယ့် ကလပ်က ယူနိုက်တက်ပဲ ရှိတယ်လို့ ဆိုထားသလို ဘွန်ကီဒိုင်တွေကလည်း ကော်တင်ညို ရောက်နိုင်တဲ့ ပရီးမီးယားလိဂ် အသင်းတွေထဲမှာ ယူနိုက်တက်ကို ထိပ်ဆုံးက ထားနေတာဖြစ်တယ်။

ဘာစီလိုနာ မန်နေဂျာ ဆက်တီယန်က ပြောရာမှာ ” ကော်တင်ညိုလား၊ ကျနော်သူ့ကို အတော်လေး သဘောကျပါတယ်။ သူက ဘာစီလိုနာ ကစားသမားအဖြစ် ရှိနေဆဲပါ။ သူ့ကို ခေါ်ယူလိုတယ်ဆိုရင် ဘာစီလိုနာကို ပြောင်းရွှေ့ကြေးတစ်ရပ် မဟုတ်လည်း စာချုပ်ပါကြေး ပေးဖို့ လိုပါတယ်။ လာမယ့် ရာသီ အစမှာတော့ သူဟာ ဘာစီလိုနာမှာ ရှိနေပါလိမ့်မယ် ” လို့ ဖြေဆိုခဲ့တာဖြစ်တယ်။

ZAWGYI

ဘာကာ မန္ေနဂ်ာ ဆက္တီယန္က လာမယ့္ေႏြမွာ ကက္တလန္ကေန ထြက္ခြာသြားမယ္လို႔ သတင္းၾကီးေနတဲ့ ယူႏုိက္တက္ပစ္မွတ္ ေကာ္တင္ညိဳရဲ႕ အေျပာင္းအေရႊ႔ကိစၥနဲ႔ ပက္သက္ျပီး ေျဖဆိုေပးမႈ လုပ္လာပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ ကြင္းလယ္လူဟာ ၂၀၁၈ ခုႏွစ္မွာ လီဗာပူးကေန ေပါင္ ၁၄၂ သန္းနဲ႔ ေျပာင္းလာခဲ့ျပီး ဒီတစ္ရာသီလံုး ဘုိင္ယန္ျမဴနစ္အသင္းထံ အငွားခ်ျခင္း ခံထားရတာပါ။ ဒါေပမယ့္ ဘြန္ဒက္လီဂါကလပ္က အျပီးသတ္ ေခၚယူမွာ မဟုတ္ျခင္းေၾကာင့္ ေကာ္တင္ညိဳကို ေရာင္းခ်လိုေနျပီ ျဖစ္ျပီး ယူရို သန္း ၈၀ ေလာက္ ရရင္ ေရာင္းခ်မယ္ သတင္းေတြ ထြက္ေနတာျဖစ္ပါတယ္။

လီဗာပူးအသင္းကေန ဘာစီလိုနာထံ ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၁၂၀ နဲ႕ ေျပာင္းလာခဲ့တဲ့ ေကာ္တင္ညိဳက နူးကမ့္မွာ ထင္သေလာက္ ေျခစြမ္း မျပနိုင္ဘဲ ရုန္းကန္ခဲ့ရျပီး ပရီးမီးယားလိဂ္ထံ ျပန္သြားဖို႔ အလားအလာမ်ားေနပါတယ္။ ေကာ္တင္ညိဳကို ခ်ယ္ဆီး အျပင္ ယူနုိက္တက္၊ အာဆင္နယ္နဲ႕ စပါးတို႔ကလည္း ေခၚယူဖို႔ စိတ္၀င္စားမႈ ျပသထားပါတယ္။

စပိန္သတင္းေတြကေတာ့ ေကာ္တင္ညိဳကို ေခၚယူႏုိင္မယ့္ ကလပ္က ယူႏုိက္တက္ပဲ ရွိတယ္လို႔ ဆိုထားသလို ဘြန္ကီဒိုင္ေတြကလည္း ေကာ္တင္ညိဳ ေရာက္ႏုိင္တဲ့ ပရီးမီးယားလိဂ္ အသင္းေတြထဲမွာ ယူႏုိက္တက္ကို ထိပ္ဆံုးက ထားေနတာျဖစ္တယ္။

ဘာစီလိုနာ မန္ေနဂ်ာ ဆက္တီယန္က ေျပာရာမွာ ” ေကာ္တင္ညိဳလား၊ က်ေနာ္သူ႔ကို အေတာ္ေလး သေဘာက်ပါတယ္။ သူက ဘာစီလိုနာ ကစားသမားအျဖစ္ ရွိေနဆဲပါ။ သူ႔ကို ေခၚယူလိုတယ္ဆိုရင္ ဘာစီလိုနာကို ေျပာင္းေရႊ႔ေၾကးတစ္ရပ္ မဟုတ္လည္း စာခ်ဳပ္ပါေၾကး ေပးဖို႔ လိုပါတယ္။ လာမယ့္ ရာသီ အစမွာေတာ့ သူဟာ ဘာစီလိုနာမွာ ရွိေနပါလိမ့္မယ္ ” လို႔ ေျဖဆိုခဲ့တာျဖစ္တယ္။