ဆန်ချို-ဂရင်းဝုဒ် အလဲအထပ်အတွက် ယူနိုက်တက်နဲ့ ဆွေးနွေးညှိနှိုင်းခဲ့တဲ့ ဒေါ့မွန်
ဒေါ့မွန်အသင်းဟာ ၎င်းတို့ တိုက်စစ်ကြယ်ပွင့် ဆန်ချိုကို အလိုရှိနေတဲ့ ယူနိုက်တက် ထံကနေ ဂရင်းဝုဒ်ကို အလဲအထပ် အဖြစ် ထည့်သွင်း ကမ်းလှမ်းဖို့ ပြီးခဲ့တဲ့ နွေက ဆွေးနွေးခဲ့ကြောင်း သတင်း ထွက်ပေါ်လာပါတယ်။
ဒါပေမယ့် ယူနိုက်တက်က ဆယ်ကျော်သက် တိုက်စစ်မှူးလေး ဂရင်းဝုဒ်ကို ရောင်းချဖို့ အစီအစဉ် မရှိတာကြောင့် ဆွေးနွေးမှုကလည်း အထမမြောက်ခဲ့ဘဲ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း ယူနိုက်တက်က ဆန်ချိုကို ခေါ်ယူဖို့ ဆက်လက် စိတ်ဝင်စားနေသော်လည်း ဂရင်းဝုဒ်ကိုတော့ ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုမှာ ထည့်သွင်းမှာ မဟုတ်ပါဘူး။
ဒေါ့မွန်အသင်းဟာ အင်္ဂလန်ရဲ့ အရည်အသွေးမြင့် လူငယ်ကစားသမားတွေကို ခေါ်ယူဖို့ အမြဲ စိတ်အားထက်သန်နေပြီး ဆန်ချိုကိုလည်း ထိုလမ်းစဉ်အတိုင်းပဲ အရခေါ်ယူခဲ့တာပါ။ လောလောဆယ်မှာလည်း ဘာမင်ဂမ် စီးတီးမှ လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်ကို ကင်းထောက် ချိတ်ဆက်နေပါတယ်။
ဆန်ချိုဟာ မန်စီးတီးကနေ ဒေါ့မွန်ထံ ၂၀၁၇ မှာပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး ဒီရာသီမှာ ၂၃ ပွဲ ကစား ၁၄ ဂိုးသွင်း၊ ၁၅ ကြိမ် ဂိုးထောက်ပံ့ထားကာ မှတ်တမ်းကောင်းများ ဆက်လက် ထိန်းသိမ်းထားပါတယ်။ အသက် ၂၀ အရွယ် အင်္ဂလန်သားကို ဥရောပတလွှားမှ ထိပ်သီးကလပ်တွေက အလိုရှိနေကြပြီး ကစားသမား ကိုယ်တိုင်ကတော့ အင်္ဂလန်သို့ ပြန် ကစားဖို့ လိုလားနေပါတယ်။
ဆန်ချိုကို ယူနိုက်တက် စိတ်ဝင်စား စောင့်ကြည့်နေတာက ဒေါ့မွန်အသင်း အသိ ဖြစ်ပြီး ၎င်းတို့ကလည်း အပြန်အလှန် အနေနဲ့ ယူနိုက်တက် လူငယ် ဂရင်းဝုဒ်ကို ခေါ်ယူလိုနေပါတယ်။ ဒေါ့မွန် အနေနဲ့ ဆန်ချို အပြောင်းအရွှေ့မှာ ဂရင်းဝုဒ်ကို ထည့်သွင်းဖို့ ထပ်မံ ကြိုးစားသည့်တိုင် ယူနိုက်တက်ကတော့ အသင်း လူငယ်ကြယ်ပွင့်လေးကို အထိခံဦးမှာ မဟုတ်ပါဘူး။
ဂရင်းဝုဒ်က ယူနိုက်တက်နဲ့ ကာလရှည် သက်တမ်းတိုး စာချုပ်သစ် တစ်ရပ် ချုပ်ဆိုထားပြီး ဒီရာသီမှာ ပထမအသင်းကြီးနဲ့ အတူ ကစားခွင့်များ ပိုမို ရရှိထားပါတယ်။ ဒီတစ်ရာသီတည်းတင် ယူနိုက်တက် အတွက် သွင်းဂိုး ၁၂ ဂိုး ရှိထားပြီး ဖြစ်ပါတယ်။
Zawgyi – ေဒါ့မြန္အသင္းဟာ ၄င္းတို႔ တိုက္စစ္ၾကယ္ပြင့္ ဆန္ခ်ိဳကို အလိုရွိေနတဲ့ ယူနိုက္တက္ ထံကေန ဂရင္း၀ုဒ္ကို အလဲအထပ္ အျဖစ္ ထည့္သြင္း ကမ္းလွမ္းဖို႔ ျပီးခဲ့တဲ့ ေႏြက ေဆြးေႏြးခဲ့ေၾကာင္း သတင္း ထြက္ေပၚလာပါတယ္။
ဒါေပမယ့္ ယူနိုက္တက္က ဆယ္ေက်ာ္သက္ တိုက္စစ္မွဴးေလး ဂရင္း၀ုဒ္ကို ေရာင္းခ်ဖို႔ အစီအစဥ္ မရွိတာေၾကာင့္ ေဆြးေႏြးမႈကလည္း အထမေျမာက္ခဲ့ဘဲ အေျပာင္းအေရႊ႕ ပ်က္ျပယ္ခဲ့ပါတယ္။ ဒီနွစ္မွာလည္း ယူနိုက္တက္က ဆန္ခ်ိဳကို ေခၚယူဖို႔ ဆက္လက္ စိတ္၀င္စားေနေသာ္လည္း ဂရင္း၀ုဒ္ကိုေတာ့ ေျပာင္းေရႊ႕ေၾကး ညွိနိႈင္းမႈမွာ ထည့္သြင္းမွာ မဟုတ္ပါဘူး။
ေဒါ့မြန္အသင္းဟာ အဂၤလန္ရဲ႕ အရည္အေသြးျမင့္ လူငယ္ကစားသမားေတြကို ေခၚယူဖို႔ အျမဲ စိတ္အားထက္သန္ေနျပီး ဆန္ခ်ိဳကိုလည္း ထိုလမ္းစဥ္အတိုင္းပဲ အရေခၚယူခဲ့တာပါ။ ေလာေလာဆယ္မွာလည္း ဘာမင္ဂမ္ စီးတီးမွ လူငယ္ၾကယ္ပြင့္ ဘယ္လင္ဟမ္ကို ကင္းေထာက္ ခ်ိတ္ဆက္ေနပါတယ္။
ဆန္ခ်ိဳဟာ မန္စီးတီးကေန ေဒါ့မြန္ထံ ၂၀၁၇ မွာေျပာင္းေရႊ႕ခဲ့တာ ျဖစ္ျပီး ဒီရာသီမွာ ၂၃ ပြဲ ကစား ၁၄ ဂိုးသြင္း၊ ၁၅ ၾကိမ္ ဂိုးေထာက္ပံ့ထားကာ မွတ္တမ္းေကာင္းမ်ား ဆက္လက္ ထိန္းသိမ္းထားပါတယ္။ အသက္ ၂၀ အရြယ္ အဂၤလန္သားကို ဥေရာပတလႊားမွ ထိပ္သီးကလပ္ေတြက အလိုရွိေနၾကျပီး ကစားသမား ကိုယ္တိုင္ကေတာ့ အဂၤလန္သို႔ ျပန္ ကစားဖို႔ လိုလားေနပါတယ္။
ဆန္ခ်ိဳကို ယူနိုက္တက္ စိတ္၀င္စား ေစာင့္ၾကည့္ေနတာက ေဒါ့မြန္အသင္း အသိ ျဖစ္ျပီး ၄င္းတို႔ကလည္း အျပန္အလွန္ အေနနဲ႕ ယူနိုက္တက္ လူငယ္ ဂရင္း၀ုဒ္ကို ေခၚယူလိုေနပါတယ္။ ေဒါ့မြန္ အေနနဲ႕ ဆန္ခ်ိဳ အေျပာင္းအေရႊ႕မွာ ဂရင္း၀ုဒ္ကို ထည့္သြင္းဖို႔ ထပ္မံ ၾကိဳးစားသည့္တိုင္ ယူနိုက္တက္ကေတာ့ အသင္း လူငယ္ၾကယ္ပြင့္ေလးကို အထိခံဦးမွာ မဟုတ္ပါဘူး။
ဂရင္း၀ုဒ္က ယူနိုက္တက္နဲ႕ ကာလရွည္ သက္တမ္းတိုး စာခ်ဳပ္သစ္ တစ္ရပ္ ခ်ဳပ္ဆုိထားျပီး ဒီရာသီမွာ ပထမအသင္းၾကီးနဲ႕ အတူ ကစားခြင့္မ်ား ပိုမို ရရွိထားပါတယ္။ ဒီတစ္ရာသီတည္းတင္ ယူနိုက္တက္ အတြက္ သြင္းဂိုး ၁၂ ဂိုး ရိွထားျပီး ျဖစ္ပါတယ္။