ဒါဘီပြိုင်ဘက် မန်စီးတီးကို ဖရတ် မရောက်ပဲ ယူနိုက်တက် ရောက်လာခြင်းကို အေးဂျင့် ထုတ်ပြော

၂၀၁၈ ခုနှစ်မှာ ဘရာဇီးကွင်းလယ်လူ ဖရတ်ဟာ မန်ချက်စတာနှစ်သင်းလုံးရဲ့ ချိတ်ဆက်မှုကို ခံရပေမယ့် နွေအပြောင်းအရွှေ့မှာတော့ ယူနိုက်တက်ကိုပဲ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပါတယ်။

ချန်ပီယံလိဂ်မှာ ထူးချွန်တဲ့ခြေစွမ်း ပြသနိုင်ခြင်းကြောင့် မန်နေဂျာဂွာဒီယိုလာ စိတ်ဝင်စားခဲ့ ကမ်းလှမ်းခဲ့ပေမယ့် ထိုစဉ် ဥရောပ စည်းမျဉ်းအရ ချန်ပီယံလိဂ် နှစ်သင်းမှာ ကစားခွင့် မရနိုင်ခြင်းက ဖရတ် မန်စီးတီးကို မရောက်ခဲ့ခြင်းလို့ သူ့ရဲ့ အေးဂျင့် မယ်လိုက ဆိုတယ်။

ဘရာဇီးသားရဲ့ အပြောင်းအရွှေ့နဲ့ ပက်သက်ပြီး အေးဂျန့် မယ်လိုက ” ဖရက် ယူနိုက်တက်ကို ပြောင်းခဲ့တာက ကျနော်အတွက် အမြင့်ဆုံး အပြောင်းအရွှေ့ ကိစ္စပါ။ ဖရက်ဟာ ရှက်တာဒိုးနက်မှာတည်းက ထိပ်တန်းကစားသမားအဖြစ် ကစားနေခဲ့သူဖြစ်တယ်။ ဒါကြောင့်လည်း သူ့ကို ဘရာဇီး လက်ရွေးစင်အသင်းက ရွေးချယ် ခေါ်ယူခဲ့တာဖြစ်တယ်။

၂၀၁၈ ဇန်နဝါရီမှာ မန်စီးတီးက သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ချန်ပီယံလိဂ်မှာ ရှက်တာဒိုးနက်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်ထားနိုင်တာကြောင့် အပြောင်းအရွှေ့ကိစ္စ ငြင်းဆန်ခြင်း ခံခဲ့ရပါတယ်။ နောက်ထပ် ကမ်းလှမ်းမှုတွေလည်း ထပ်ရှိခဲ့ပြီး ဆွေးနွေးမှုတွေလည်း လုပ်ခဲ့ရပါသေးတယ်။

ကျနေ်ာတို့နဲ့ ရှက်တာဒိုးနက်ကြားမှာ အဆက်အသွယ်တွေ ဆက်ပြီး ရှိနေခဲ့ကာ ကမ္ဘာဖလားအပြီးမှာတော့ ယူနိုက်တက်က ကမ်းလှမ်းလာခဲ့ကာ အပြောင်းအရွှေ့ သဘောတူညီမှု ရခဲ့ပါတယ်။ ယူနိုက်တက် မန်နေဂျာအဖြစ် မော်ရင်ညို ကိုင်တွယ်နေတာဖြစ်ပြီး ကျနော်အတွက်တော့ ဒီအပြောင်းအရွှေ့က ကြီးကျယ်တဲ့ ကိစ္စဖြစ်ကာ အပြီးသတ် လုပ်ဆောင်နိုင်တာအတွက်လည်း အရမ်းကို ကျေနပ်အားရ ဖြစ်မိပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

၂၀၁၈ ခုႏွစ္မွာ ဘရာဇီးကြင္းလယ္လူ ဖရတ္ဟာ မန္ခ်က္စတာႏွစ္သင္းလံုးရဲ႕ ခ်ိတ္ဆက္မႈကို ခံရေပမယ့္ ေႏြအေျပာင္းအေရႊ႔မွာေတာ့ ယူႏုိက္တက္ကိုပဲ ေျပာင္းေရႊ႔ေရာက္ရွိလာခဲ့ပါတယ္။

ခ်န္ပီယံလိဂ္မွာ ထူးခၽြန္တဲ့ေျခစြမ္း ျပသႏုိင္ျခင္းေၾကာင့္ မန္ေနဂ်ာဂြာဒီယိုလာ စိတ္ဝင္စားခဲ့ ကမ္းလွမ္းခဲ့ေပမယ့္ ထိုစဥ္ ဥေရာပ စည္းမ်ဥ္းအရ ခ်န္ပီယံလိဂ္ ႏွစ္သင္းမွာ ကစားခြင့္ မရႏုိင္ျခင္းက ဖရတ္ မန္စီးတီးကို မေရာက္ခဲ့ျခင္းလို႔ သူ႔ရဲ႕ ေအးဂ်င့္ မယ္လိုက ဆိုတယ္။

ဘရာဇီးသားရဲ႕ အေျပာင္းအေရႊ႔နဲ႔ ပက္သက္ျပီး ေအးဂ်န္႔ မယ္လိုက ” ဖရက္ ယူနုိက္တက္ကို ေျပာင္းခဲ့တာက က်ေနာ္အတြက္ အျမင့္ဆံုး အေျပာင္းအေရႊ႔ ကိစၥပါ။ ဖရက္ဟာ ရွက္တာဒိုးနက္မွာတည္းက ထိပ္တန္းကစားသမားအျဖစ္ ကစားေနခဲ့သူျဖစ္တယ္။ ဒါေၾကာင့္လည္း သူ႔ကို ဘရာဇီး လက္ေရြးစင္အသင္းက ေရြးခ်ယ္ ေခၚယူခဲ့တာျဖစ္တယ္။

၂၀၁၈ ဇန္နဝါရီမွာ မန္စီးတီးက သူ႔ကို ေခၚယူဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ ခ်န္ပီယံလိဂ္မွာ ရွက္တာဒိုးနက္က ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ အဆင့္ကို တက္ေရာက္ထားႏုိင္တာေၾကာင့္ အေျပာင္းအေရႊ႔ကိစၥ ျငင္းဆန္ျခင္း ခံခဲ့ရပါတယ္။ ေနာက္ထပ္ ကမ္းလွမ္းမႈေတြလည္း ထပ္ရွိခဲ့ျပီး ေဆြးေႏြးမႈေတြလည္း လုပ္ခဲ့ရပါေသးတယ္။

က်ေန္ာတုိ႔နဲ႔ ရွက္တာဒိုးနက္ၾကားမွာ အဆက္အသြယ္ေတြ ဆက္ျပီး ရွိေနခဲ့ကာ ကမၻာဖလားအျပီးမွာေတာ့ ယူႏုိက္တက္္က ကမ္းလွမ္းလာခဲ့ကာ အေျပာင္းအေရႊ႔ သေဘာတူညီမႈ ရခဲ့ပါတယ္။ ယူႏုိက္တက္ မန္ေနဂ်ာအျဖစ္ ေမာ္ရင္ညိဳ ကိုင္တြယ္ေနတာျဖစ္ျပီး က်ေနာ္အတြက္ေတာ့ ဒီအေျပာင္းအေရႊ႔က ၾကီးက်ယ္တဲ့ ကိစၥျဖစ္ကာ အျပီးသတ္ လုပ္ေဆာင္ႏုိင္တာအတြက္လည္း အရမး္ကို ေက်နပ္အားရ ျဖစ္မိပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။