ယူနိုက်တက်မှာ အတူတွဲ ကစားဖို့ ခေါ်လိုတဲ့ ကစားသမား ဖာနန်ဒက်စ် ထုတ်ဖော်

ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်ဟာ မန်ချက်စတာကလပ်မှာ သူနဲ့ အတူ တွဲကစားဖို့ သူ ခေါ်ယူလိုတဲ့ ကစားသမား အဖြစ် ပေါ်တူဂီသား ကွင်းလယ်သမား ဖရန်ဆစ္စကို ရာမို့စ် ကို ရွေးချယ် လိုက်ပါတယ်။

ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကမှ ယူနိုက်တက်ထံ ပေါင် ၆၇.၇ သန်းနဲ့ ပြောင်းရွှေ့လာတာ ဖြစ်ပြီး အချိန်တို အတွင်း အမြန် အသားကျကာ ယူနိုက်တက် အတွက် အစွမ်းပြနေပြီ ဖြစ်ပါတယ်။

အသက် ၂၅ နှစ် အရွယ် ပေါ်တူဂီသားဟာ ဆိုးရှားရဲ့ ယူနိုက်တက်နဲ့ အတူ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အတွက် အားထုတ် ကစားခဲ့ပါတယ်။ အခုလို ဘောလုံးပွဲတွေ ရပ်နားထားချိန်မှာ ကစားသမားတွေနဲ့ ပရိသတ်တွေ ကင်းကွာမှု မရှိအောင် အင်စတာဂရမ်မှ အမေး အဖြေ အစီအစဉ်များ ပြုလုပ်နေရာ ဖာနန်ဒက်စ်လည်း အလှည့်ကျ ပါဝင်ခဲ့ပါတယ်။

တကယ်လို့သာ အိုးထရက်ဖို့ဒ်ကို သူ့ စိတ်ကြိုက် ကစားသမား တစ်ယောက် ခေါ်ဆောင်ခွင့် ရှိမယ်ဆိုရင် ဘယ်သူ ဖြစ်မလဲလို့ အင်စတာဂရမ် မှာ မေးခွန်းထုတ်ခံတဲ့ အခါမှာ ဖာနန်ဒက်စ် က ဖရန်ဆစ္စကို ရာမို့စ် လို့ ဖြေကြားလာခဲ့ပါတယ်။

၎င်းက လောလောဆယ် ပေါ်တူဂီကလပ် ဆန်တာကလာရာကလပ်မှာ အငှား ကစားနေပြီး ဖာနန်ဒက်စ်နဲ့ အတူ ပေါ်တူဂီ U21 လက်ရွေးစင် အသင်းမှာ အတူ တွဲကစားခဲ့ဖူးပါတယ်။ ဖာနန်ဒက်စ်က ဖရန်ဆစ္စကို ရာမို့စ် နဲ့ အတူ ကစားသမားဘ၀ လက်ကျန် ကာလ တလျောက်လုံး အတူ တွဲ ကစားလိုသေးတယ်လို့ ပြောဆိုခဲ့ပါတယ်။

” ရွေးချယ်ရခက်တဲ့ မေးခွန်းပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အဝတ်လဲခန်းထဲမှာ ကျနော့် ဘော်ဒါတွေ အများကြီးပဲ ရှိတယ်။ ဒါပေမယ့် ဘယ်မှာ ကစားခဲ့ ကစားခဲ့ ကျနော်ကတော့ ဖရန်ဆစ္စကို ရာမို့စ် ကို အလိုရှိတယ်။ ” လို့ ဖာနန်ဒက်စ်က ပြောကြားခဲ့ပါတယ်။

Zawgyi – ယူနိုက္တက္ ကြင္းလယ္တိုုက္စစ္သမား ဘရူနို ဖာနန္ဒက္စ္ဟာ မန္ခ်က္စတာကလပ္မွာ သူနဲ႕ အတူ တြဲကစားဖို႔ သူ ေခၚယူလိုတဲ့ ကစားသမား အျဖစ္ ေပၚတူဂီသား ကြင္းလယ္သမား ဖရန္ဆစၥကို ရာမို႔စ္ ကို ေရြးခ်ယ္ လိုက္ပါတယ္။

ဖာနန္ဒက္စ္ဟာ ျပီးခဲ့တဲ့ ဇန္န၀ါရီ အေျပာင္းအေရႊ႕ကမွ ယူနိုက္တက္ထံ ေပါင္ ၆၇.၇ သန္းနဲ႕ ေျပာင္းေရႊ႕လာတာ ျဖစ္ျပီး အခ်ိန္တို အတြင္း အျမန္ အသားက်ကာ ယူနိုက္တက္ အတြက္ အစြမ္းျပေနျပီ ျဖစ္ပါတယ္။

အသက္ ၂၅ နွစ္ အရြယ္ ေပၚတူဂီသားဟာ ဆိုးရွားရဲ႕ ယူနိုက္တက္နဲ႕ အတူ ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာ အတြက္ အားထုတ္ ကစားခဲ့ပါတယ္။ အခုလို ေဘာလံုးပြဲေတြ ရပ္နားထားခ်ိန္မွာ ကစားသမားေတြနဲ႕ ပရိသတ္ေတြ ကင္းကြာမႈ မရွိေအာင္ အင္စတာဂရမ္မွ အေမး အေျဖ အစီအစဥ္မ်ား ျပဳလုပ္ေနရာ ဖာနန္ဒက္စ္လည္း အလွည့္က် ပါ၀င္ခဲ့ပါတယ္။

တကယ္လို႔သာ အိုးထရက္ဖို႕ဒ္ကို သူ႔ စိတ္ၾကိဳက္ ကစားသမား တစ္ေယာက္ ေခၚေဆာင္ခြင့္ ရွိမယ္ဆိုရင္ ဘယ္သူ ျဖစ္မလဲလို႔ အင္စတာဂရမ္ မွာ ေမးခြန္းထုတ္ခံတဲ့ အခါမွာ ဖာနန္ဒက္စ္ က ဖရန္ဆစၥကို ရာမို႔စ္ လို႔ ေျဖၾကားလာခဲ့ပါတယ္။

၄င္းက ေလာေလာဆယ္ ေပၚတူဂီကလပ္ ဆန္တာကလာရာကလပ္မွာ အငွား ကစားေနျပီး ဖာနန္ဒက္စ္နဲ႕ အတူ ေပၚတူဂီ U21 လက္ေရြးစင္ အသင္းမွာ အတူ တြဲကစားခဲ့ဖူးပါတယ္။ ဖာနန္ဒက္စ္က ဖရန္ဆစၥကို ရာမို႔စ္ နဲ႕ အတူ ကစားသမားဘ၀ လက္က်န္ ကာလ တေလ်ာက္လံုး အတူ တြဲ ကစားလိုေသးတယ္လုိ႔ ေျပာဆိုခဲ့ပါတယ္။

” ေရြးခ်ယ္ရခက္တဲ့ ေမးခြန္းပါ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ အ၀တ္လဲခန္းထဲမွာ က်ေနာ့္ ေဘာ္ဒါေတြ အမ်ားၾကီးပဲ ရွိတယ္။ ဒါေပမယ့္ ဘယ္မွာ ကစားခဲ့ ကစားခဲ့ က်ေနာ္ကေတာ့ ဖရန္ဆစၥကို ရာမို႔စ္ ကို အလိုရွိတယ္။ ” လို႔ ဖာနန္ဒက္စ္က ေျပာၾကားခဲ့ပါတယ္။