ယူနိုက်တက်နဲ့ ဆက်ဆံရေးကောင်းရှိတဲ့ စူပါအေးဂျင့်က အပြောင်းအရွှေ့ကိစ္စ ချိတ်ဆက်ပေးလာ

ပေါ်တူဂီလူမျိုး အေးဂျင့် ဂျော့မန်ဒက်က ကွင်းလယ်လူ ရိုဒရီဂွက်စ်ကို ယူနိုက်တက်ထံ ပြောင်းရွှေ့ခွင့်ရဖို့အတွက် ကြိုးပမ်းပေးနေတယ်လို့ စပိန်သတင်းတွေက ဖော်ပြလာပါတယ်။

မန်နေဂျာဇီဒန်းရဲ့ တစ်ကျော့ပြန် ကိုင်တွယ်မှုမှာ ရီးရဲလ်မက်ဒရစ်ဟာ တိုက်စစ်သမားတွေဖြစ်တဲ့ ဟာဇက်၊ ဂျိုဗစ်၊ ရိုဒရီဂိုအပြင် ခံစစ်သမားတွေဖြစ်တဲ့ မီလီတို၊ မန်ဒီတို့ကို ခေါ်ယူဖို့ ပေါင် သန်း ၃၀၀ ကျော် အကုန်အကျခံထားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အပြောင်းအရွှေ့မှာ ဝင်ရောက်လှုပ်ရှားမှု လက်လွန်ထားခဲ့ပြီး ဘဏ္ဍာရေးပိုင်းအတွက် ကစားသမား ရှင်းထုတ်မှု အနည်းငယ်ကို လုပ်ဆောင်လာနိုင်တာဖြစ်တယ်။

ရီးရဲလ်မက်ဒရစ်ဟာ လုပ်ခပေးချေမှုမှာလည်း ရော်နယ်ဒို မရှိတော့ပေမယ့် ဘေလ်းနဲ့ ရိုဒရီဂွက်စ်တို့အတွက် ငွေအများအပြား ပေးချေနေရတာဖြစ်ပါတယ်။ ဒါကြောင့် ဘိုင်ယန်ကနေ ပြန်လာပြီးနောက် အသင်းမှာ ဆက်ထားနေရတဲ့ ရိုဒရီဂွက်စ်ကို နွေရာသီ အပြောင်းအရွှေ့မှာ ကျိန်းသေပေါက် ရောင်းချသွားမှာဖြစ်ပြီး ဝယ်ယူနိုင်မယ့် အသင်း ရှာဖွေနေတယ်လို့ သိရပါတယ်။

အေးဂျင့်မန်ဒက်ဟာ ယူနိုက်တက်နဲ့ ဆက်ဆံရေးကောင်းတွေ ရှိတဲ့အပြင် စပို့တင်းအသင်းရဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်ရဲ့ အပြောင်းအရွှေ့ ကိစ္စမှာလည်း အဓိက ပါဝင်ပေးခဲ့သေးတာပါ။ ကိုလီဘီယာသားရဲ့ ပြောင်းရွှေ့ကြေးကိုလည်း ပေါင် ၃၅ သန်း ဝန်းကျင်နဲ့ ခေါ်ယူခွင့်ပေးမယ်လို့ သတင်းတွေ ထွက်လာနေခဲ့တယ်။

ယူနိုက်တက်ဟာ ဖာနန်ဒက်စ်ကို ခေါ်ယူထားပေမယ့် ကွင်းလယ်ပိုင်းမှာ ဖရတ်၊ တော်မီနေး၊ ဖာနန်ဒက်စ်ပဲ အမာခံရှိပြီး ပေါ့ဘာရဲ့ အနာဂတ်က မသေချာပါဘူး။ ဟာရဲရာ မရှိတဲ့နောက်ပိုင်း မာတစ်ကိုတော့ သက်တမ်းတိုးခဲ့ပေမယ့် လင်ဂတ်၊ ပါရဲရားတို့ကိုလည်း ရောင်းထုတ်ဖို့ စီစဉ်ထားဆဲဖြစ်ကာ ကွင်းလယ်လူသစ်အဖြစ် မတ်ဒီဆန်၊ ဂရီလစ်တို့နဲ့ သတင်း ကြီးနေဆဲဖြစ်ပါတယ်။

ZAWGYI

ေပၚတူဂီလူမ်ိဳး ေအးဂ်င့္ ေဂ်ာ့မန္ဒက္က ကြင္းလယ္လူ ႐ိုဒရီဂြက္စ္ကို ယူႏုိက္တက္ထံ ေျပာင္းေ႐ႊ႕ခြင့္ရဖို႔အတြက္ ႀကိဳးပမ္းေပးေနတယ္လို႔ စပိန္သတင္းေတြက ေဖာ္ျပလာပါတယ္။

မန္ေနဂ်ာဇီဒန္းရဲ႕ တစ္ေက်ာ့ျပန္ ကိုင္တြယ္မႈမွာ ရီးရဲလ္မက္ဒရစ္ဟာ တုိက္စစ္သမားေတြျဖစ္တဲ့ ဟာဇက္၊ ဂ်ိဳဗစ္၊ ရိုဒရီဂိုအျပင္ ခံစစ္သမားေတြျဖစ္တဲ့ မီလီတို၊ မန္ဒီတို႔ကို ေခၚယူဖို႔ ေပါင္ သန္း ၃၀၀ ေက်ာ္ အကုန္အက်ခံထားခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္ဟာ အေျပာင္းအေရႊ႔မွာ ဝင္ေရာက္လႈပ္ရွားမႈ လက္လြန္ထားခဲ့ျပီး ဘ႑ာေရးပိုင္းအတြက္ ကစားသမား ရွင္းထုတ္မႈ အနည္းငယ္ကို လုပ္ေဆာင္လာႏုိင္တာျဖစ္တယ္။

ရီးရဲလ္မက္ဒရစ္ဟာ လုပ္ခေပးေခ်မႈမွာလည္း ေရာ္နယ္ဒို မရွိေတာ့ေပမယ့္ ေဘလ္းနဲ႔ ရိုဒရီဂြက္စ္တို႔အတြက္ ေငြအမ်ားအျပား ေပးေခ်ေနရတာျဖစ္ပါတယ္။ ဒါေၾကာင့္ ဘိုင္ယန္ကေန ျပန္လာျပီးေနာက္ အသင္းမွာ ဆက္ထားေနရတဲ့ ႐ိုဒရီဂြက္စ္ကို ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ က်ိန္းေသေပါက္ ေရာင္းခ်သြားမွာျဖစ္ၿပီး ဝယ္ယူႏုိင္မယ့္ အသင္း ရွာေဖြေနတယ္လုိ႔ သိရပါတယ္။

ေအးဂ်င့္မန္ဒက္ဟာ ယူႏုိက္တက္နဲ႔ ဆက္ဆံေရးေကာင္းေတြ ရွိတဲ့အျပင္ စပို႔တင္းအသင္းရဲ႕ ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္ရဲ႕ အေျပာင္းအေရႊ႔ ကိစၥမွာလည္း အဓိက ပါဝင္ေပးခဲ့ေသးတာပါ။ ကိုလီဘီယာသားရဲ႕ ေျပာင္းေ႐ႊ႕​ေၾကးကိုလည္း ေပါင္ ၃၅ သန္း ဝန္းက်င္နဲ႔ ေခၚယူခြင့္ေပးမယ္လို႔ သတင္းေတြ ထြက္လာေနခဲ့တယ္။

ယူႏုိက္တက္ဟာ ဖာနန္ဒက္စ္ကို ေခၚယူထားေပမယ့္ ကြင္းလယ္ပိုင္းမွာ ဖရတ္၊ ေတာ္မီေနး၊ ဖာနန္ဒက္စ္ပဲ အမာခံရွိျပီး ေပါ့ဘာရဲ႕ အနာဂတ္က မေသခ်ာပါဘူး။ ဟာရဲရာ မရွိတဲ့ေနာက္ပိုင္း မာတစ္ကိုေတာ့ သက္တမ္းတိုးခဲ့ေပမယ့္ လင္ဂတ္၊ ပါရဲရားတို႔ကိုလည္း ေရာင္းထုတ္ဖို႔ စီစဥ္ထားဆဲျဖစ္ကာ ကြင္းလယ္လူသစ္အျဖစ္ မတ္ဒီဆန္၊ ဂရီလစ္တို႔နဲ႔ သတင္း ၾကီးေနဆဲျဖစ္ပါတယ္။