ယူနိုက်တက် နံပါတ် ၉ ထိ ရောက်သွားနိုင်တဲ့ အချမ်းသာဆုံး လိဂ်အသင်းပိုင်ရှင်များ စာရင်း
ကမ္ဘာအချမ်းသာဆုံး ကလပ်တွေထဲ အပါအဝင်ဖြစ်တဲ့ ယူနိုက်တက်ဟာ ဘဏ္ဍာရေး တောင့်တင်းတဲ့ အသင်းဖြစ်ပေမယ့် အသင်းပိုင်ရှင်တွေက လိဂ်ရဲ့ အချမ်းသာဆုံး ပိုင်ရှင်တွေစာရင်းရဲ့ ထိပ်ဆုံးတွေနား မပါဝင်ပါဘူး။
ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ကို ဆော်ဒီအာရေးဗျက ရင်းနှီးမြုပ်နှံသူတွေ ဝင်ရောက်လာဖို့ ရှိနေပြီး ၎င်းတို့ဟာ အင်္ဂလန်လိဂ်မှာ အချမ်းသာဆုံးသော ပိုင်ရှင်တွေတောင် ဖြစ်လာနိုင်ပါတယ်။ အဆိုပါ ရင်းနှီးမြုပ်နှံမှုအဖွဲ့ဟာ ပေါင် ဘီလီယံ ၂၆၀ သန်းထိတောင် ချမ်းသာကြွယ်ဝမှု ရှိတယ်လို့ သိရတယ်။
ဒါဟာ ယူနိုက်တက်ရဲ့ ဒါဘီပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီးအသင်း ပိုင်ရှင်ဖြစ်သူတွေ ရယူထားတဲ့ ပရီးမီးယားလိဂ် အချမ်းသာဆုံးသော ကလပ်ပိုင်ရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကိုတောင် လွဲပြောင်းယူသွားတော့မှာဖြစ်တယ်။ ၎င်းတို့ဟာ နယူးကာဆယ်ကိုတော့ ပေါင် သန်း ၃၀၀ နဲ့ အပြီးသတ် ဝယ်ယူဖို့ ကိစ္စတွေ လုပ်ဆောင်နေပါပြီ။
ဆော်ဒီအာရေးဗျ အိမ်ရှေ့မင်းသား Mohammed bin Salman ဟာ နယူးကာဆယ်ကို မဝယ်ယူခင်က ယူနိုက်တက်ကို ကမ်းလှမ်းမှုတောင် ရှိခဲ့သေးတာဖြစ်ပြီး ပေါင် ၄ ဘီလီယံ ကြွယ်ဝတဲ့ ဂလေဗာ မိသားစုက မန်ချက်စတာ ယူနိုက်တက်ကို ရောင်းထုတ်ဖို့ ငြင်းဆန်ထားခဲ့တာဖြစ်တယ်။
နယူးကာဆယ်အသင်း ပိုင်ရှင်အပြောင်းအလဲ ဖြစ်လာပြီးရင် ပေါ်ပေါက်လာမယ့် အချမ်းသာဆုံး အသင်းပိုင်ရှင်များ စာရင်းက အောက်ပါအတိုင်း ဖြစ်ပါတယ်။
- 20. Norwich City: Delia Smith and Michael Wynn-Jones (£23m)
- 19. Burnley: Mike Garlick (£62m)
- 18. Watford: Gino Pozzo (£93m)
- 17. Sheffield United: Prince Abdullah bin Musa’ed (£198m)
- 16. Bournemouth: Maxim Demin (£900m)
- 15. West Ham United: David Sullivan and David Gold (£1.2bn)
- 14. Brighton and Hove Albion: Tony Bloom (£1.3bn)
- 13. Everton: Farhad Moshiri (£1.5bn)
- 12. Liverpool: John Henry (£2.1bn)
- 11. Crystal Palace: Joshua Harris (£2.7bn)
- 10. Southampton: Gao Jisheng (£3.1bn)
- 9. Manchester United: Glazers (£3.6bn)
- 8. Tottenham Hotspur: Joe Lewis (£3.9bn)
- 7. Leicester City: Aiyawatt Srivaddhanaprabha (£4.6bn)
- 6. Aston Villa: Nassef Sawiris (£5bn)
- 5. Wolverhampton Wanderers: Guo Guangchang (£5.2bn)
- 4. Arsenal: Stan Kroenke (£6.8bn)
- 3. Chelsea: Roman Abramovich (£9.6bn)
- 2. Manchester City: Sheikh Mansour (£23.3bn)
- 1. Newcastle United: Public Investment Fund of Saudi Arabia (£260bn)
ကမၻာအခ်မ္းသာဆံုး ကလပ္ေတြထဲ အပါအဝင္ျဖစ္တဲ့ ယူႏုိက္တက္ဟာ ဘ႑ာေရး ေတာင့္တင္းတဲ့ အသင္းျဖစ္ေပမယ့္ အသင္းပိုင္ရွင္ေတြက လိဂ္ရဲ႕ အခ်မ္းသာဆံုး ပိုင္ရွင္ေတြစာရင္းရဲ႕ ထိပ္ဆံုးေတြနား မပါဝင္ပါဘူး။
ပရီးမီးယားလိဂ္ကလပ္ နယူးကာဆယ္ကို ေဆာ္ဒီအာေရးဗ်က ရင္းႏွီးျမဳပ္ႏွံသူေတြ ဝင္ေရာက္လာဖို႔ ရွိေနျပီး ၄င္းတို႔ဟာ အဂၤလန္လိဂ္မွာ အခ်မ္းသာဆံုးေသာ ပိုင္ရွင္ေတြေတာင္ ျဖစ္လာႏုိင္ပါတယ္။ အဆုိပါ ရင္းႏွီးျမဳပ္နွံမႈအဖြဲ႔ဟာ ေပါင္ ဘီလီယံ ၂၆၀ သန္းထိေတာင္ ခ်မ္းသာၾကြယ္ဝမႈ ရွိတယ္လို႔ သိရတယ္။
ဒါဟာ ယူနုိက္တက္ရဲ႕ ဒါဘီျပိဳင္ဘက္ျဖစ္တဲ့ မန္စီးတီးအသင္း ပိုင္ရွင္ျဖစ္သူေတြ ရယူထားတဲ့ ပရီးမီးယားလိဂ္ အခ်မ္းသာဆံုးေသာ ကလပ္ပိုင္ရွင္ဆိုတဲ့ ဂုဏ္ပုဒ္ကိုေတာင္ လြဲေျပာင္းယူသြားေတာ့မွာျဖစ္တယ္။ ၄င္းတို႔ဟာ နယူးကာဆယ္ကိုေတာ့ ေပါင္ သန္း ၃၀၀ နဲ႔ အျပီးသတ္ ဝယ္ယူဖို႔ ကိစၥေတြ လုပ္ေဆာင္ေနပါျပီ။
ေဆာ္ဒီအာေရးဗ် အိမ္ေရွ႔မင္းသား Mohammed bin Salman ဟာ နယူးကာဆယ္ကို မဝယ္ယူခင္က ယူႏုိက္တက္ကို ကမ္းလွမ္းမႈေတာင္ ရွိခဲ့ေသးတာျဖစ္ျပီး ေပါင္ ၄ ဘီလီယံ ၾကြယ္ဝတဲ့ ဂေလဗာ မိသားစုက မန္ခ်က္စတာ ယူႏုိက္တက္ကို ေရာင္းထုတ္ဖို႔ ျငင္းဆန္ထားခဲ့တာျဖစ္တယ္။
နယူးကာဆယ္အသင္း ပိုင္ရွင္အေျပာင္းအလဲ ျဖစ္လာျပီးရင္ ေပၚေပါက္လာမယ့္ အခ်မ္းသာဆံုး အသင္းပိုင္ရွင္မ်ား စာရင္းကို ေဖာ္ျပလိုက္ပါတယ္။