မာတီနက်စ်ကို လက်လွတ်ရရင် အစားထိုးဖို့ ယူနိုက်တက် တိုက်စစ်မှူးကို ချိန်ရွယ်ပြန်တဲ့ အင်တာ

အင်တာမီလန်အသင်းဟာ ၎င်းတို့အသင်း တိုက်စစ်မှူး မာတီနက်ဇ်ကို ဘာစီလိုနာအသင်းဆီ ရောင်းချပေးရမယ်ဆိုရင် ပြန်လည်အစားထိုးနိုင်ဖို့ တိုက်စစ်သမားများစာရင်းကို ပြုစုလာတယ်လို့ အီတလီသတင်းတွေရဲ့ ဖော်ပြမှုအရ သိလာရပါတယ်။

မာတီနက်ဇ်ကို ခေါ်ယူလိုနေတာက ဘာစီလိုနာတင် မဟုတ်ပါဘူး။ မန်ချက်စတာအခြေစိုက် ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ မန်စီးတီးနဲ့ ယူနိုက်တက်ဟာလည်း အာဂျင်တီးနား တိုက်စစ်သမားကို ခေါ်ယူလိုနေတာပါ။ မာတီနက်ဇ်ကတော့ တစ်နိုင်ငံတည်းသား အသင်းဖော် မက်ဆီရှရာာ ဘာစီလိုနာအသင်းကိုပဲ ပြောင်းရွှေ့ဖို့ ပိုမိုအားသန်နေတယ်။

အင်တာဘက်က ဘာစီလိုနာ တိုက်စစ်သမား ဂရစ်စမန်းနဲ့ လိုက်ဇစ်တိုက်စစ်သမား တီမိုဝါနာအပြင် ယူနိုက်တက် တိုက်စစ်သမား မာရှယ်ကိုပါ မာတီနက်စ်အတွက် အစားထိုးမယ့် တိုက်စစ်သမားစာရင်းထဲ ထည့်သွင်းလာတာပါ။ အင်တာဟာ ယူနိုက်တက် ကစားသမားတွေဖြစ်တဲ့ လူကာကူနဲ့ ယန်းတို့ကို ခေါ်ယူထားသလို မာတစ်ကိုလည်း ချိတ်ဆက်မှုတွေ လုပ်ထားခဲ့ဖူးပါတယ်။

မာရှယ်ဟာ နည်းပြ မော်ရင်ဟို လက်ထက်မှာ ခြေစွမ်း နဲ့ ယုံကြည်ချက်တွေ ပျောက်ဆုံးခဲ့ ပေမယ့် နည်းပြ ဆိုးရှား လက်ထက်၊ ဒီရာသီမှာ တော့ ဂိုးတွေ ဆက်တိုက် သွင်းကာ ယုံကြည်မှုတွေ ပြန်လည် ရရှိ လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် မာရှယ် ဟာ ဆိုးရှား ရဲ့ ၃ ယောက်တန်း တိုက်စစ်မှာ ပင်တိုင် ပွဲထွက်ခွင့် ရရှိမယ့် ဦးစားပေး တိုက်စစ်မှုး လည်း ဖြစ်နေတာ ကြောင့် မာရှယ် ကို ခေါ်ယူ နိုင်ရေးဟာလည်း တီမို ဝါနာ လို အလားအလာ နည်းပါး နေခဲ့ ပါတယ် ။

အင်တာမီလန်ရဲ့ ပစ်မှတ်စာရင်းမှာတော့ လူငယ်တိုက်စစ်သမားတွေဖြစ်တဲ့ ဝါနာနဲ့ မာရှယ်တို့အပြင် ဘွန်ဒက်လီဂါ တိုက်စစ်သမားဟောင်း ဂျိုဗစ်နဲ့ ပြင်သစ်လိဂ်မှာ တောက်ပနေတဲ့ အိုဆင်ဟမ်တို့လည်း ပါဝင်နေပါတယ်။ ယူနိုက်တက်ကလည်း အိုဆင်ဟမ်ကို စောင့်ကြည့်မှုတွေ လုပ်ထားပေမယ့် ကမ်းလှမ်းမယ့် သဘောတော့ မတွေ့ရသေးပါဘူး။

ZAWGYI

အင္တာမီလန္အသင္းဟာ ၄င္းတို႔အသင္း တိုက္စစ္မႉး မာတီနက္ဇ္ကို ဘာစီလိုနာအသင္းဆီ ေရာင္းခ်ေပးရမယ္ဆိုရင္ ျပန္လည္အစားထိုးႏုိင္ဖို႔ တိုက္စစ္သမားမ်ားစာရင္းကို ျပဳစုလာတယ္လို႔ အီတလီသတင္းေတြရဲ႕ ေဖာ္ျပမႈအရ သိလာရပါတယ္။

မာတီနက္ဇ္ကို ေခၚယူလိုေနတာက ဘာစီလိုနာတင္ မဟုတ္ပါဘူး။ မန္ခ်က္စတာအေျခစိုက္ ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ မန္စီးတီးနဲ႔ ယူႏုိက္တက္ဟာလည္း အာဂ်င္တီးနား တိုက္စစ္သမားကို ေခၚယူလိုေနတာပါ။ မာတီနက္ဇ္ကေတာ့ တစ္ႏိုင္ငံတည္းသား အသင္းေဖာ္ မက္ဆီရွရာာ ဘာစီလိုနာအသင္းကိုပဲ ေျပာင္းေရႊ႔ဖို႔ ပိုမိုအားသန္ေနတယ္။

အင္တာဘက္က ဘာစီလိုနာ တုိက္စစ္သမား ဂရစ္စမန္းနဲ႔ လုိက္ဇစ္တိုက္စစ္သမား တီမိုဝါနာအျပင္ ယူႏုိက္တက္ တိုက္စစ္သမား မာရွယ္ကိုပါ မာတီနက္စ္အတြက္ အစားထိုးမယ့္ တိုက္စစ္သမားစာရင္းထဲ ထည့္သြင္းလာတာပါ။ အင္တာဟာ ယူႏုိက္တက္ ကစားသမားေတြျဖစ္တဲ့ လူကာကူနဲ႔ ယန္းတို႔ကို ေခၚယူထားသလို မာတစ္ကိုလည္း ခ်ိတ္ဆက္မႈေတြ လုပ္ထားခဲ့ဖူးပါတယ္။

မာရွယ္ဟာ နည္းျပ ေမာ္ရင္ဟို လက္ထက္မွာ ေျခစြမ္း နဲ႔ ယုံၾကည္ခ်က္ေတြ ေပ်ာက္ဆုံးခဲ့ ေပမယ့္ နည္းျပ ဆိုးရွား လက္ထက္၊ ဒီရာသီမွာ ေတာ့ ဂိုးေတြ ဆက္တိုက္ သြင္းကာ ယုံၾကည္မႈေတြ ျပန္လည္ ရရွိ လာခဲ့ၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ မာရွယ္ ဟာ ဆိုးရွား ရဲ႕ ၃ ေယာက္တန္း တိုက္စစ္မွာ ပင္တိုင္ ပြဲထြက္ခြင့္ ရရွိမယ့္ ဦးစားေပး တိုက္စစ္မႈး လည္း ျဖစ္ေနတာ ေၾကာင့္ မာရွယ္ ကို ေခၚယူ ႏိုင္ေရးဟာလည္း တီမို ဝါနာ လို အလားအလာ နည္းပါး ေနခဲ့ ပါတယ္ ။

အင္တာမီလန္ရဲ႕ ပစ္မွတ္စာရင္းမွာေတာ့ လူငယ္တိုက္စစ္သမားေတြျဖစ္တဲ့ ဝါနာနဲ႔ မာရွယ္တို႔အျပင္ ဘြန္ဒက္လီဂါ တိုက္စစ္သမားေဟာင္း ဂ်ိဳဗစ္နဲ႔ ျပင္သစ္လိဂ္မွာ ေတာက္ပေနတဲ့ အိုဆင္ဟမ္တို႔လည္း ပါဝင္ေနပါတယ္။ ယူႏုိုက္တက္ကလည္း အိုဆင္ဟမ္ကို ေစာင့္ၾကည့္မႈေတြ လုပ္ထားေပမယ့္ ကမ္းလွမ္းမယ့္ သေဘာေတာ့ မေတြ႔ရေသးပါဘူး။