ဆာအဲလက်စ်ကြီး ကိုယ်တိုင်က ပါဝင်ဆွေးနွေးပေးနေတဲ့ ဘယ်လင်ဟမ်အပြောင်းအရွှေ့ ကိစ္စ
ယူနိုက်တက်မန်နေဂျာကြီး ဆာအဲလစ်က ဘာမင်ဂမ် ကြယ်ပွင့် ကစားသမားကို ခေါ်ယူဖို့ကိစ္စမှာ ကလပ်ကိုယ်စား ပါဝင်ဆွေးနွေးပေးမှုတွေ လုပ်နေပါကြောင်း အင်္ဂလန်အားကစား သတင်းထောက် Daniel Cutts က ရှင်းပြလာပါတယ်။
လူငယ်လေးဟာ အင်္ဂလန်ရဲ့ အနာဂတ် ကွင်းလယ်လူအဖြစ် နာမည်ကြီးနေပြီး ဂျာမနီကလပ် ဒေါ့မွန်အသင်းက ခေါ်ယူဖို့ အလေးအနက်ထား စောင့်ကြည့်နေသလို ယူနိုက်တက်ကလည်း အတော်လေးကို စိတ်ဝင်စားနေခဲ့တာဖြစ်တယ်။ ဒီရာသီမှာ မန်နေဂျာဆာအဲလစ် ကိုယ်တိုင်က ဒီလူငယ်လေးကို သဘောကျတာကြောင့် ကိုယ်တိုင် စောင့်ကြည့်မှုတွေ လုပ်ထားခဲ့တယ်။
ပြီးခဲ့တဲ့ လတုန်းက ကစားသမားလေးနဲ့ မိဘတွေ ကာရင်တန်ကို အလည်ရောက်လာတုန်းကလည်း ဆာအဲလစ်ဟာ ပုဂ္ဂိုလ်ရေးအရ ဘယ်လင်ဟမ်ကို တွေ့ဆုံမှုတွေ လုပ်ခဲ့ကြောင်း အိုထရတ်ဖိုဒ့် အတွင်းသတင်းကို ကိုးကားပြီး အဆိုပါ သတင်းဌာနက ဖော်ပြတယ်။ အဆိုပါ ဆွေးနွေးမှုမှာ မိဘတွေကော ကစားသမားတွေကပါ ဆာအဲလက်စ်နဲ့ စကားပြေပာခွင့်ရခြင်းကို အရမ်း စိတ်လှုပ်ရှားခဲ့တယ်လို့ ဆိုပါတယ်။
ကစားသမားလေးရဲ့ အနာဂတ်ကို ဆုံးဖြတ်ရခြင်း မရှိသေးပေမယ့် ယူရို ၃၅ သန်းနဲ့ ခေါ်ယူနိုင်မယ့် လူငယ်လေးကို ဒေါ့မွန်ထက် ယူနိုက်တက်က ပိုမို အလေးသာသွားဟန်ရှိပါတယ်။ ယူနိုက်တက်နဲ့ ဘယ်လင်ဟမ်ကြား အပြောင်းအရွှေ့ ဖြစ်လာဖို့က ယူနိုက်တက်ထံ ကိန်းရောက်လာမှာထက် ပိုမို ရေပန်းစားမှု ရှိပါတယ်။
ယူနိုက်တက်ဟာ စီနီယာလူစာရင်းအတွက် အင်အားဖြည့်မှုကိုပဲ အဓိက လုပ်ဆောင်မှာဖြစ်ကာ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသက် ၁၆ နှစ်အရွယ် ကွင်းလယ်လူကို ခေါ်ယူခဲ့ရင်တော့ ဘောနပ် ခေါ်ယူမှု ဖြစ်လာလိမ့်မယ်လို့ ဆိုခဲ့တာဖြစ်တယ်။ ဘယ်လင်ဟမ် ဟာ အသက် ၁၇ နှစ်အောက် အင်္ဂလန်လူငယ်တွေထဲမှာ ပွဲကစားခွင့် အများဆုံးရထားသူဖြစ်ပြီး ကွင်းလယ်နဲ့ ကွင်းလယ်ဖန်တီးရှင် နေရာတွေမှာ ကစားနိုင်သူဖြစ်ပါတယ်။
ZAWGYI
ယူႏုိက္တက္မန္ေနဂ်ာၾကီး ဆာအဲလစ္က ဘာမင္ဂမ္ ၾကယ္ပြင့္ ကစားသမားကို ေခၚယူဖို႔ကိစၥမွာ ကလပ္ကိုယ္စား ပါဝင္ေဆြးေႏြးေပးမႈေတြ လုပ္ေနပါေၾကာင္း အဂၤလန္အားကစား သတင္းေထာက္ Daniel Cutts က ရွင္းျပလာပါတယ္။
လူငယ္ေလးဟာ အဂၤလန္ရဲ႕ အနာဂတ္ ကြင္းလယ္လူအျဖစ္ နာမည္ၾကီးေနျပီး ဂ်ာမနီကလပ္ ေဒါ့မြန္အသင္းက ေခၚယူဖို႔ အေလးအနက္ထား ေစာင့္ၾကည့္ေနသလို ယူႏုိက္တက္ကလည္း အေတာ္ေလးကို စိတ္ဝင္စားေနခဲ့တာျဖစ္တယ္။ ဒီရာသီမွာ မန္ေနဂ်ာဆာအဲလစ္ ကိုယ္တိုင္က ဒီလူငယ္ေလးကို သေဘာက်တာေၾကာင့္ ကိုယ္တိုင္ ေစာင့္ၾကည့္မႈေတြ လုပ္ထားခဲ့တယ္။
ျပီးခဲ့တဲ့ လတုန္းက ကစားသမားေလးနဲ႔ မိဘေတြ ကာရင္တန္ကို အလည္ေရာက္လာတုန္းကလည္း ဆာအဲလစ္ဟာ ပုဂၢိဳလ္ေရးအရ ဘယ္လင္ဟမ္ကို ေတြ႕ဆံုမႈေတြ လုပ္ခဲ့ေၾကာင္း အိုထရတ္ဖိုဒ့္ အတြင္းသတင္းကို ကိုးကားျပီး အဆုိပါ သတင္းဌာနက ေဖာ္ျပတယ္။ အဆိုပါ ေဆြးေႏြးမႈမွာ မိဘေတြေကာ ကစားသမားေတြကပါ ဆာအဲလက္စ္နဲ႔ စကားေျပပာခြင့္ရျခင္းကို အရမ္း စိတ္လႈပ္ရွားခဲ့တယ္လို႔ ဆုိပါတယ္။
ကစားသမားေလးရဲ႕ အနာဂတ္ကို ဆံုးျဖတ္ရျခင္း မရွိေသးေပမယ့္ ယူရို ၃၅ သန္းနဲ႔ ေခၚယူႏုိင္မယ့္ လူငယ္ေလးကို ေဒါ့မြန္ထက္ ယူႏုိက္တက္က ပိုမို အေလးသာသြားဟန္ရွိပါတယ္။ ယူႏုိက္တက္နဲ႔ ဘယ္လင္ဟမ္ၾကား အေျပာင္းအေရႊ႔ ျဖစ္လာဖို႔က ယူႏုိက္တက္ထံ ကိန္းေရာက္လာမွာထက္ ပိုမို ေရပန္းစားမႈ ရွိပါတယ္။
ယူႏုိက္တက္ဟာ စီနီယာလူစာရင္းအတြက္ အင္အားျဖည့္မႈကိုပဲ အဓိက လုပ္ေဆာင္မွာျဖစ္ကာ အလားအလာေကာင္းေတြ ပိုင္ဆုိင္ထားတဲ့ အသက္ ၁၆ ႏွစ္အရြယ္ ကြင္းလယ္လူကို ေခၚယူခဲ့ရင္ေတာ့ ေဘာနပ္ ေခၚယူမႈ ျဖစ္လာလိမ့္မယ္လို႔ ဆိုခဲ့တာျဖစ္တယ္။ ဘယ္လင္ဟမ္ ဟာ အသက္ ၁၇ ႏွစ္ေအာက္ အဂၤလန္လူငယ္ေတြထဲမွာ ပြဲကစားခြင့္ အမ်ားဆံုးရထားသူျဖစ္ျပီး ကြင္းလယ္နဲ႔ ကြင္းလယ္ဖန္တီးရွင္ ေနရာေတြမွာ ကစားႏုိင္သူျဖစ္ပါတယ္။