အလန်ရှီးယား ရော်နယ်ဒိုလို အသင်းတိုင်း ထိန့်လန့်ရသူ ဖြစ်လာမယ့် ယူနိုက်တက် အသင်းသား

ရပ်ဖိုဒ့်ဟာ ယူနိုက်တက် အကယ်ဒမီထွက် ဖြစ်သလို စိတ်ဓါတ် ခံယူချက်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားဖြစ်ပြီး သူဟာ အသင်းရဲ့ အနာဂတ်မှာ အရေးပါသူ ဖြစ်လာမယ်လို့ နဗီးက ထုတ်ပြောလာပါတယ်။

၉၂ မျိုးဆက်ထဲက တစ်ဦးဖြစ်တဲ့ နဗီးကတော့ ရပ်ဖိုဒ့်ကို ပရီးမီးယားလိဂ် အထင်ကရ တိုက်စစ်သမားတွေဖြစ်တဲ့ အလန်ရှီးယား ရော်နယ်ဒိုတို့နဲ့ နှိုင်းယှဉ်ပြခဲ့ပြီး ငယ်ရွယ်သေးတဲ့ တိုက်စစ်သမားကို မျှော်လင့်ချက်တွေ ပုံမထားဖို့လည်း တောင်းဆိုခဲ့ပါတယ်။

နဗီးက ပြောရာမှာ ” ရပ်ဖိုဒ့်က ငယ်ရွယ်သေးတဲ့ ကစားသမားဖြစ်ပြီး သူက တိုးတက်လာတဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ ဆက်ပြီးလည်း ကြိုးစားရဦးမှာဖြစ်ပါတယ်။ ယူနိုက်တက်အတွက် ယုံကြည်မှု အပြည့်ရှိတဲ့ သူက ရှေ့ဆက် ကြိုးစားရမယ်။ သူ့က အရည်အချင်းရှိတဲ့ ကစားသမားဖြစ်လို့ ကလပ်ကလည်း ယုံကြည်မှုတွေ ဆက်ပြီး ပေးထားမှာ ဖြစ်ပါတယ်။

ရပ်ဖိုဒ့်က အလားအလာ သိပ်ကောင်းပါတယ်။ ပရီးမီးယားလိဂ် အကျော်အမော်ကြီး အလန်ရှီးယားတောင်မှ ဆောက်သမ်တန်နဲ့ သတင် တောက်ပလာခဲ့စဉ်မှာ တစ်ပွဲ တစ်ဂိုးနှုန်းလောက်ကို သွင်းယူနိုင်ခဲ့သေးတာ မဟုတ်ဘူး။ ရော်နယ်ဒိုကလည်း သူ့အသက်အရွယ်တုန်းက မန်ချက်စတာမှာ ဒီလောက် ကောင်းကောင်းတွေ လုပ်ပြနိုင်ခြင်း မရှိပါဘူး။

ကျနေ်ာတို့တွေကလည်း ရပ်ဖိုဒ့်အပေါ်မှာ မျှော်လင့်ချက်ကြီးတွေ စုပုံထားရှိမှုတွေ လုပ်ဖို့ မသင့်တော်သေးပါဘူး ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ရက်ဖို့ဒ်ဟာ လှိမ်ခေါက် ကျော်ဖြတ်နိုင်စွမ်း ရှိသလို ကြိုတင် မှန်းဆမရတဲ့ လှည့်စားနိုင်မှုတွေ ရှိတာကြောင့် ထိန်းချုပ်ရ ခက်ခဲသူတစ်ီးဖြစ်တယ်။ ယူနိုက်တက် အသင်းဖော်တွေထဲမှာ လေ့ကျင့်ကွင်းအတွင်း ရင်ဆိုင် ထိန်းချုပ်ရအခက်ဆုံး ကစားသမားက တိုက်စစ်မှူး ရက်ဖို့ဒ် ဖြစ်တယ်လို့ ညာအစွန်လူ ဝမ်ဘစ်ဆာကာက ပြောထားပါသေးပါတယ်။

ZAWGYI

ရပ္ဖိုဒ့္ဟာ ယူႏုိက္တက္ အကယ္ဒမီထြက္ ျဖစ္သလို စိတ္ဓါတ္ ခံယူခ်က္ေကာင္းေတြ ပိုင္ဆုိင္ထားတဲ့ ကစားသမားျဖစ္ျပီး သူဟာ အသင္းရဲ႕ အနာဂတ္မွာ အေရးပါသူ ျဖစ္လာမယ္လို႔ နဗီးက ထုတ္ေျပာလာပါတယ္။

၉၂ မ်ိဳးဆက္ထဲက တစ္ဦးျဖစ္တဲ့ နဗီးကေတာ့ ရပ္ဖိုဒ့္ကို ပရီးမီးယားလိဂ္ အထင္ကရ တိုက္စစ္သမားေတြျဖစ္တဲ့ အလန္ရွီးယား ေရာ္နယ္ဒိုတို႔နဲ႔ ႏိႈင္းယွဥ္ျပခဲ့ျပီး ငယ္ရြယ္ေသးတဲ့ တိုက္စစ္သမားကို ေမွ်ာ္လင့္ခ်က္ေတြ ပံုမထားဖို႔လည္း ေတာင္းဆိုခဲ့ပါတယ္။

နဗီးက ေျပာရာမွာ ” ရပ္ဖိုဒ့္က ငယ္ရြယ္ေသးတဲ့ ကစားသမားျဖစ္ျပီး သူက တိုးတက္လာတဲ့ ကစားသမား တစ္ဦးလည္းျဖစ္ပါတယ္။ ဆက္ျပီးလည္း ၾကိဳးစားရဦးမွာျဖစ္ပါတယ္။ ယူႏုိက္တက္အတြက္ ယံုၾကည္မႈ အျပည့္ရွိတဲ့ သူက ေရွ႔ဆက္ ၾကိဳးစားရမယ္။ သူ႔က အရည္အခ်င္းရွိတဲ့ ကစားသမားျဖစ္လို႔ ကလပ္ကလည္း ယံုၾကည္မႈေတြ ဆက္ျပီး ေပးထားမွာ ျဖစ္ပါတယ္။

ရပ္ဖိုဒ့္က အလားအလာ သိပ္ေကာင္းပါတယ္။ ပရီးမီးယားလိဂ္ အေက်ာ္အေမာ္ၾကီး အလန္ရွီးယားေတာင္မွ ေဆာက္သမ္တန္နဲ႔ သတင္ ေတာက္ပလာခဲ့စဥ္မွာ တစ္ပြဲ တစ္ဂိုးႏႈန္းေလာက္ကို သြင္းယူႏုိင္ခဲ့ေသးတာ မဟုတ္ဘူး။ ေရာ္နယ္ဒိုကလည္း သူ႔အသက္အရြယ္တုန္းက မန္ခ်က္စတာမွာ ဒီေလာက္ ေကာင္းေကာင္းေတြ လုပ္ျပႏုိင္ျခင္း မရွိပါဘူး။

က်ေန္ာတို႔ေတြကလည္း ရပ္ဖိုဒ့္အေပၚမွာ ေမွ်ာ္လင့္ခ်က္ၾကီးေတြ စုပံုထားရွိမႈေတြ လုပ္ဖို႔ မသင့္ေတာ္ေသးပါဘူး ” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ရက္ဖို႔ဒ္ဟာ လိွမ္ေခါက္ ေက်ာ္ျဖတ္ႏုိင္စြမ္း ရွိသလို ၾကိဳတင္ မွန္းဆမရတဲ့ လွည့္စားႏုိင္မႈေတြ ရွိတာေၾကာင့္ ထိန္းခ်ဳပ္ရ ခက္ခဲသူတစ္ီးျဖစ္တယ္။ ယူႏိုက္တက္ အသင္းေဖာ္ေတြထဲမွာ ေလ့က်င့္ကြင္းအတြင္း ရင္ဆိုင္ ထိန္းခ်ဳပ္ရအခက္ဆုံး ကစားသမားက တိုက္စစ္မႉး ရက္ဖို႔ဒ္ ျဖစ္တယ္လို႔ ညာအစြန္လူ ဝမ္ဘစ္ဆာကာက ေျပာထားပါေသးပါတယ္။