ရေပန်းစားပေမယ့် ယူနိုက်တက်က ဂရီလစ် ခေါ်ယူရေး လက်လွတ်မယ့် အဓိကအချက် ဒါရင့်ဘန့် ရှင်းပြ

ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာနဲ့ စပါးအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ အင်္ဂလန်သား တိုက်စစ်သမား ဒါရင့်ဘန့်ကတော့ အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂရီလစ်ဟာ စပါးကိုပဲ ရောက်လိမ့်မယ်လို့ ဆိုသွားပါတယ်။

လက်တလောမှာ ဂရီလစ်ကို ခေါ်ယူဖို့ ယူနိုက်တက်က သတင်းအကြီးဆုံး ဖြစ်ပေမယ့်လည်း မန်ချက်စတာကလပ်ဟာ ဆန်ချိုကို အဓိကထား ခေါ်ယူဖို့ ဦးစားပေးနေတာပါ။ ဆန်ချိုအတွက် ပေါင် သန်း ၁၀၀ လောက် သုံးရမှာဖြစ်လို့ ယူနိုက်တက်က အလုံးစုံ ကြိုးစားမှု လုပ်နေချိန်မှာ စပါးက သူတို့ရဲ့ အဓိက ပစ်မှတ်ကို ဂရီလစ်အတွက် ချိန်ရွယ်ခြင်းက ဖြစ်နိုင်တဲ့ ကိစ္စလို့ ဒါရင့်ဘန့်က မြင်ပါတယ်။

ဒါရင့်ဘန့်က ပြောရာမှာ ” အက်စတွန်ဗီလာက ဂရီလစ်အတွက် သန်း ၅၀ လောက် လိုချင်မှာဖြစ်ပြီး စပါးဘက်ကဆိုရင်လည်း သူက ငယ်ရွယ်သလို Homegrown ကစားသမားဖြစ်နေပါတယ်။ ဂရီလစ်ကို ခေါ်ယူဖို့ ယူနိုက်တက်က ရေပန်းအစားဆုံ ဖြစ်နေပေမယ့် စပါးဘက်ကလည်း ယူနိုက်တက်ထက် အရေးသာနေတာ ရှိပါတယ်။

ယူနိုက်တက်က ဆန်ချို၊ ကိန်း၊ ဂရီလစ်တို့ကို စိတ်ဝင်စားနေတာပါ။ အားလုံးကို ခေါ်မယ်ဆိုရင် အသုံးစရိတ် ပေါင် သန်း ၃၀၀ လောက်ထိ သုံးရမှာပါ။ ယူနိုက်တက်နဲ့ မန်စီးတီးက ဂရီလစ်ကို ခေါ်ယူဖို့ ရေပန်းစားပေမယ့် ဒီအချက်ကြောင့် ဂရီလစ်ကို ခေါ်ယူဖို့ စပါးကပဲ အလားအလာ များသွားပါလိမ့်မယ်။

အက်စတွန်ဗီလာကနေ ဂရီလစ်ကို ခေါ်ယူဖို့ ကြိုးစားမယ့် အသင်းတွေထဲမှာ သူတို့ သုံးသင်းက ရေပန်းစားမှု အမြင့်ဆုံး ဖြစ်နေတာဖြစ်တယ်။ ကစားသမား ကိုယ်တိုင်ကလည်း အက်စတွန်ဗီလာကနေ ထွက်ခွာမယ်ဆိုရင် အဲ့အသင်းတွေထဲက တစ်သင်းကိုပဲ ပြောင်းရွှေ့ပါလိမ့်မယ် ” လို့ သုံးသပ်သွားခြင်း ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ကလပ္ အက္စတြန္ဗီလာနဲ႔ စပါးအသင္းေတြမွာ ကစားခဲ့ဖူးတဲ့ အဂၤလန္သား တိုက္စစ္သမား ဒါရင့္ဘန္႔ကေတာ့ အက္စတြန္ဗီလာ အသင္းေခါင္းေဆာင္ ဂရီလစ္ဟာ စပါးကိုပဲ ေရာက္လိမ့္မယ္လို႔ ဆိုသြားပါတယ္။

လက္တေလာမွာ ဂရီလစ္ကို ေခၚယူဖို႔ ယူႏုိက္တက္က သတင္းအၾကီးဆံုး ျဖစ္ေပမယ့္လည္း မန္ခ်က္စတာကလပ္ဟာ ဆန္ခ်ိဳကို အဓိကထား ေခၚယူဖို႔ ဦးစားေပးေနတာပါ။ ဆန္ခ်ိဳအတြက္ ေပါင္ သန္း ၁၀၀ ေလာက္ သံုးရမွာျဖစ္လို႔ ယူႏုိက္တက္က အလံုးစံု ၾကိဳးစားမႈ လုပ္ေနခ်ိန္မွာ စပါးက သူတို႔ရဲ႕ အဓိက ပစ္မွတ္ကို ဂရီလစ္အတြက္ ခ်ိန္ရြယ္ျခင္းက ျဖစ္ႏုိင္တဲ့ ကိစၥလို႔ ဒါရင့္ဘန္႔က ျမင္ပါတယ္။

ဒါရင့္ဘန္႔က ေျပာရာမွာ ” အက္စတြန္ဗီလာက ဂရီလစ္အတြက္ သန္း ၅၀ ေလာက္ လိုခ်င္မွာျဖစ္ျပီး စပါးဘက္ကဆိုရင္လည္း သူက ငယ္ရြယ္သလို Homegrown ကစားသမားျဖစ္ေနပါတယ္။ ဂရီလစ္ကို ေခၚယူဖို႔ ယူႏုိက္တက္က ေရပန္းအစားဆံု ျဖစ္ေနေပမယ့္ စပါးဘက္ကလည္း ယူနုိက္တက္ထက္ အေရးသာေနတာ ရွိပါတယ္။

ယူႏုိက္တက္က ဆန္ခ်ိဳ၊ ကိန္း၊ ဂရီလစ္တို႔ကို စိတ္ဝင္စားေနတာပါ။ အားလံုးကို ေခၚမယ္ဆိုရင္ အသံုးစရိတ္ ေပါင္ သန္း ၃၀၀ ေလာက္ထိ သံုးရမွာပါ။ ယူႏုိက္တက္နဲ႔ မန္စီးတီးက ဂရီလစ္ကို ေခၚယူဖို႔ ေရပန္းစားေပမယ့္ ဒီအခ်က္ေၾကာင့္ ဂရီလစ္ကို ေခၚယူဖို႔ စပါးကပဲ အလားအလာ မ်ားသြားပါလိမ့္မယ္။

အက္စတြန္ဗီလာကေန ဂရီလစ္ကို ေခၚယူဖို႔ ၾကိဳးစားမယ့္ အသင္းေတြထဲမွာ သူတို႔ သံုးသင္းက ေရပန္းစားမႈ အျမင့္ဆံုး ျဖစ္ေနတာျဖစ္တယ္။ ကစားသမား ကိုယ္တုိင္ကလည္း အက္စတြန္ဗီလာကေန ထြက္ခြာမယ္ဆိုရင္ အဲ့အသင္းေတြထဲက တစ္သင္းကိုပဲ ေျပာင္းေရႊ႔ပါလိမ့္မယ္ ” လို႔ သံုးသပ္သြားျခင္း ျဖစ္ပါတယ္။