ဒီရာသီ ယူနိုက်တက်ကို ကြီးမားတဲ့ အခက်တွေ့စေခဲ့တဲ့ ကစားသမား နှစ်ဦး

ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် ရုန်းကန်နေ်ရခြင်းက အဓိက ကစားသမား နှစ်ဦး ဖြစ်တဲ့ ပေါ့ဘာနဲ့ ရက်ဖို့ဒ်တို့ နှစ်ဦး ဒဏ်ရာတွေနဲ့ ရုန်းကန်နေရခြင်းကြောင့်လည်း ဖြစ်တယ်လို့ ဒန်နီရယ်ဂျိမ်းစ်က ဆိုလိုက်ပြီး ပြန်ကစားနိုင်တော့မယ့် သရဲနီ နှစ်ဦးအတွက်လည်း ကစားခွင့် ပြန်ရဖို့ စိတ်အားထက်သန်နေပါတယ်။

လက်ရှိ ရာသီမှာ ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာက အသင်း အတွက် ၈ ပွဲသာ ကစားထားပြီး တိုက်စစ်မှူး ရက်ဖို့ဒ်ကလည်း နောက်ကျော ဒဏ်ရာ ရရှိသွားကာ အင်အားနည်းနေတဲ့ ယူနိုက်တက် တိုက်စစ်ကို ပို အထိနာစေခဲ့ပါတယ်။ ဒီကစားသမား နှစ်ဦး ပြန် ပါဝင်လာရင် ယူနိုက်တက် အရှိန်ကောင်း ရလာမယ်လို့ ဂျိမ်းစ်က ယုံကြည် မျှော်လင့်ထားပါတယ်။

” ရက်ဖို့ဒ်က မကြာခင် ပြန် ကစားနိုင်တော့မှာပါ သိပ် မကြာတော့ပါဘူး။ သူ မပါနိုင်တာက ကျနော်တို့ အတွက် ကြီးမားတဲ့ အခက်အခဲ ဖြစ်စေခဲ့တယ်။ အထူးသဖြင့် ဒီရာသီမှာ သူ့သွင်းဂိုးတွေက အရေးပါခဲ့တယ်။ သူပြန်လာတဲ့အခါ ထပ်မံပြီး တောက်ပပြဖို့ အဆင်သင့် ဖြစ်နေလိမ့်မယ်လို့ ထင်ပါတယ်။

ပေါ့ဘာလည်း ဒီလိုပါပဲ။ သူလည်း အခု ဒဏ်ရာ ရနေပေမယ့် ပြန်လာတဲ့ အခါ အကောင်းဆုံး ခြေစွမ်းပြနိုင်မှာပါ။ ပွဲတွေ ပြန် ကစားနိုင်တဲ့အခါ အသင်းနဲ့ အတူ ပြန် ပါဝင်နိုင်မယ့် ကစားသမားတွေ အများကြီးပါ၊ ဒီရာသီကို ကျနေ်ာတို့ အကောင်းဆုံး အဆုံးသတ်နိုင်မယ် မျှော်လင့်တယ်။ ” လို့ ဂျိမ်းစ်က ပြောဆိုခဲ့ပါတယ်။

ရက်ဖို့ဒ်နဲ့ ပေါ့ဘာတို့ မပါဝင်နိုင်တာကြောင့် ယူနိုက်တက် အခက်တွေ့ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီက ခေါ်ယူထားတဲ့ ဘရူနို ဖာနန်ဒက်စ်ဟာ မန်ချက်စတာကလပ် အတွက် အရေးပါစွာ အစွမ်းပြနိုင်ခဲ့ပါတယ်။ ဂျိမ်းစ်က စိတ်အားထက်သန်မှု ရှိပြီး တည်ကန်ဘောလည်း ကောင်းတဲ့ ကစားသမား အဖြစ် အသင်းဖော်သစ် ဖာနန်ဒက်စ်ကိုလည်း ချီးကျူးစကား ဆိုခဲ့ပါတယ်။

Zawgyi – ဒီရာသီမွာ မန္ခ်က္စတာယူနိုက္တက္ ရုန္းကန္ေနရျခင္းက အဓိက ကစားသမား နွစ္ဦး ျဖစ္တဲ့ ေပါ့ဘာနဲ႕ ရက္ဖို႔ဒ္တို႔ နွစ္ဦး ဒဏ္ရာေတြနဲ႕ ရုန္းကန္ေနရျခင္းေၾကာင့္လည္း ျဖစ္တယ္လို႔ ဒန္နီရယ္ဂ်ိမ္းစ္က ဆိုလိုက္ျပီး ျပန္ကစားနုိင္ေတာ့မယ့္ သရဲနီ နွစ္ဦးအတြက္လည္း ကစားခြင့္ ျပန္ရဖို႔ စိတ္အားထက္သန္ေနပါတယ္။

လက္ရွိ ရာသီမွာ ယူနိုက္တက္ ကြင္းလယ္ကစားသမား ေပါ့ဘာက အသင္း အတြက္ ၈ ပြဲသာ ကစားထားျပီး တိုက္စစ္မွဴး ရက္ဖို႔ဒ္ကလည္း ေနာက္ေက်ာ ဒဏ္ရာ ရရွိသြားကာ အင္အားနည္းေနတဲ့ ယူနိုက္တက္ တိုက္စစ္ကို ပို အထိနာေစခဲ့ပါတယ္။ ဒီကစားသမား နွစ္ဦး ျပန္ ပါ၀င္လာရင္ ယူနိုက္တက္ အရွိန္ေကာင္း ရလာမယ္လို႔ ဂ်ိမ္းစ္က ယံုၾကည္ ေမွ်ာ္လင့္ထားပါတယ္။

” ရက္ဖို႔ဒ္က မၾကာခင္ ျပန္ ကစားနုိင္ေတာ့မွာပါ သိပ္ မၾကာေတာ့ပါဘူး။ သူ မပါနိုင္တာက က်ေနာ္တို႔ အတြက္ ၾကီးမားတဲ့ အခက္အခဲ ျဖစ္ေစခဲ့တယ္။ အထူးသျဖင့္ ဒီရာသီမွာ သူ႔သြင္းဂိုးေတြက အေရးပါခဲ့တယ္။ သူျပန္လာတဲ့အခါ ထပ္မံၿပီး ေတာက္ပျပဖို႔ အဆင္သင့္ ျဖစ္ေနလိမ့္မယ္လို႔ ထင္ပါတယ္။

ေပါ့ဘာလည္း ဒီလိုပါပဲ။ သူလည္း အခု ဒဏ္ရာ ရေနေပမယ့္ ျပန္လာတဲ့ အခါ အေကာင္းဆံုး ေျခစြမ္းျပနိုင္မွာပါ။ ပြဲေတြ ျပန္ ကစားနုိင္တဲ့အခါ အသင္းနဲ႕ အတူ ျပန္ ပါ၀င္နိုင္မယ့္ ကစားသမားေတြ အမ်ားႀကီးပါ၊ ဒီရာသီကို က်ေန္ာတို႔ အေကာင္းဆံုး အဆံုးသတ္နုိင္မယ္ ေမွ်ာ္လင့္တယ္။ ” လို႔ ဂ်ိမ္းစ္က ေျပာဆိုခဲ့ပါတယ္။

ရက္ဖို႔ဒ္နဲ႕ ေပါ့ဘာတို႔ မပါ၀င္နုိင္တာေၾကာင့္ ယူနိုက္တက္ အခက္ေတြ႔ခဲ့ေပမယ့္ ျပီးခဲ့တဲ့ ဇန္နဝါရီက ေခၚယူထားတဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ဟာ မန္ခ်က္စတာကလပ္ အတြက္ အေရးပါစြာ အစြမ္းျပနိုင္ခဲ့ပါတယ္။ ဂ်ိမ္းစ္က စိတ္အားထက္သန္မႈ ရွိျပီး တည္ကန္ေဘာလည္း ေကာငး္တဲ့ ကစားသမား အျဖစ္ အသင္းေဖာ္သစ္ ဖာနန္ဒက္စ္ကိုလည္း ခ်ီးက်ဴးစကား ဆိုခဲ့ပါတယ္။