ပေါစခိုးလ် တချိန်လုံး စောင့်ကြည့်နေဖြစ်တဲ့ ယူနိုက်တက် အသင်းသား

ယူနိုက်တက် ဂန္တဝင်ကစားသမားကြီး ဖြစ်တဲ့ ပေါစခိုးလ်က တိုက်စစ်မှူး ရက်ဖို့ဒ်ကို သူ တချိန်လုံးလိုလို စောင့်ကြည့် ဖြစ်ပြီး ဒီတလောမှာ ရက်ဖို့ဒ်က တိုးတက်မှုတွေ ရှိလာတယ်လို့ သုံးသပ် ချီးကျူးသွားခဲ့ပါတယ်။

ရက်ဖို့ဒ်က ပေါစခိုးလ်နည်းတူ ယူနိုက်တက် အကယ်ဒမီထွက် သရဲနီစစ်စစ် တစ်ဦး ဖြစ်ပါတယ်။ စခိုးလ်က ရက်ဖို့ဒ် တိုးတက်လာတဲ့ အပိုင်းတွေကို အခုလို ပြောဆိုသွားခဲ့ပါတယ်။

” မှတ်မိသလောက်တော့ ကျနော် ရက်ဖို့ဒ်ကို တချိန်လုံးလိုလို စောင့်ကြည့်ဖြစ်ပါတယ်။ သူ အရန် ကစားသမား ဘဝတည်းကပေါ့။ ကျနော်က ဘောလုံးပွဲ တစ်ပွဲကို ကြည့်နေတယ်ဆိုရင် တခါတလေ ဘောလုံး ရှိရာကို လိုက်ကြည့်နေတာမျိုး မဟုတ်ဘူး။ ရက်ဖို့ဒ် တစ်ယောက်တည်းကိုပဲ စောင့်ကြည့်ပြီး သူ ဘာလုပ်နေလဲ လေ့လာဖြစ်သေးတယ်။

သူ့ ဘယ်လို လှုပ်ရှားလဲ၊ ဘောလုံး ရှိချိန်ရော ဘောလုံး မရှိချိန်မှာပါ အသင်းဖော် ကွင်းလယ်သမားတွေနဲ့ သူ ဘယ်လို ချိတ်ဆက်လဲ ဆိုတာတွေပေါ့။ ကျနော့် အမြင်တော့ ဒါတွေ သူ လုပ်နိုင်ပါတယ်။ ရက်ဖို့ဒ် အသင်းကြီး အတွက် ပွဲထွက် ကစားခွင့်ရတော့ ကျနော်ပါ စိတ်လှုပ်ရှားမိတယ်။ သူ ကံနည်းနည်းတော့ ကောင်းခဲ့တယ်ပြောရမှာပါ ဒဏ်ရာရတာတွေ သိပ် မရှိခဲ့ဘူး။

ရက်ဖို့ဒ်က အထောင် တိုက်စစ်နေရာထက် ဘယ်တောင်ပံဘက် ထွက်ကစားရင် ပို ခြေစွမ်းပြနိုငတယ်လို့ ကျနော်ထင်တယ်။ အဲဒီမှာဆို သူ ပိုပြီး တိုးတက်လာဦးမှာပါ။ ” လို့ စခိုးလ်က သုံးသပ် ပြောကြားခဲ့ပါတယ်။

ရက်ဖို့ဒ်ဟာ အသကသ် ၂၂ နှစ် အရွယ်တည်းက နည်းပြ လူးဝစ်ဗန်ဂါး ရဲ့လက်ထက်မှာ ယူနိုက်တက် စီနီယာ အသင်းကြီးဆီ ရောက်ရှိခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့မှုကြောင့် အဓိက တိုက်စစ်မှူး အဖြစ် နေရာရလာခဲ့ပါတယ်။ လက်ရှိမှာလည်း လူကာကူ ထွက်ခွာသွားပြီးနောက် တိုက်စစ်မှူးသစ် မခေါ်ယူထားတဲ့ ယူနိုက်တက်မှာ သွင်းဂိုးတွေကို ဒိုင်ခံသွင်းယူပေးနေတဲ့ တိုက်စစ်မှူးကောင်း ဖြစ်လာနေပါတယ်။

Zawgyi – ယူနိုက္တက္ ဂႏၱ၀င္ကစားသမားၾကီး ျဖစ္တဲ့ ေပါစခိုးလ္က တိုက္စစ္မွဴး ရက္ဖို႔ဒ္ကို သူ တခ်ိန္လံုးလိုလို ေစာင့္ၾကည့္ ျဖစ္ျပီး ဒီတေလာမွာ ရက္ဖို႔ဒ္က တိုးတက္မႈေတြ ရွိလာတယ္လို႔ သံုးသပ္ ခ်ီးက်ဴးသြားခဲ့ပါတယ္။

ရက္ဖို႔ဒ္က ေပါစခိုးလ္နည္းတူ ယူနိုက္တက္ အကယ္ဒမီထြက္ သရဲနီစစ္စစ္ တစ္ဦး ျဖစ္ပါတယ္။ စခိုးလ္က ရက္ဖို႔ဒ္ တိုးတက္လာတဲ့ အပိုင္းေတြကို အခုလို ေျပာဆိုသြားခဲ့ပါတယ္။

” မွတ္မိသေလာက္ေတာ့ က်ေနာ္ ရက္ဖို႕ဒ္ကို တခ်ိန္လံုးလိုလို ေစာင့္ၾကည့္ျဖစ္ပါတယ္။ သူ အရန္ ကစားသမား ဘ၀တည္းကေပါ့။ က်ေနာ္က ေဘာလံုးပြဲ တစ္ပြဲကို ၾကည့္ေနတယ္ဆိုရင္ တခါတေလ ေဘာလံုး ရွိရာကို လိုက္ၾကည့္ေနတာမ်ိဳး မဟုတ္ဘူး။ ရက္ဖို႔ဒ္ တစ္ေယာက္တည္းကိုပဲ ေစာင့္ၾကည့္ျပီး သူ ဘာလုပ္ေနလဲ ေလ့လာျဖစ္ေသးတယ္။

သူ႔ ဘယ္လို လႈပ္ရွားလဲ၊ ေဘာလံုး ရွိခ်ိန္ေရာ ေဘာလံုး မရွိခ်ိန္မွာပါ အသင္းေဖာ္ ကြင္းလယ္သမားေတြနဲ႕ သူ ဘယ္လို ခိ်တ္ဆက္လဲ ဆိုတာေတြေပါ့။ က်ေနာ့္ အျမင္ေတာ့ ဒါေတြ သူ လုပ္နိုင္ပါတယ္။ ရက္ဖို႔ဒ္ အသင္းၾကီး အတြက္ ပြဲထြက္ ကစားခြင့္ရေတာ့ က်ေနာ္ပါ စိတ္လႈပ္ရွားမိတယ္။ သူ ကံနည္းနည္းေတာ့ ေကာင္းခဲ့တယ္ေျပာရမွာပါ ဒဏ္ရာရတာေတြ သိပ္ မရွိခဲ့ဘူး။

ရက္ဖို႔ဒ္က အေထာင္ တိုက္စစ္ေနရာထက္ ဘယ္ေတာင္ပံဘက္ ထြက္ကစားရင္ ပို ေျခစြမ္းျပနို္ငတယ္လို႔ က်ေနာ္ထင္တယ္။ အဲဒီမွာဆို သူ ပိုျပီး တိုးတက္လာဦးမွာပါ။ ” လို႔ စခိုးလ္က သံုးသပ္ ေျပာၾကားခဲ့ပါတယ္။

ရက္ဖို႕ဒ္ဟာ အသကသ္ ၂၂ နွစ္ အရြယ္တည္းက နည္းျပ လူးဝစ္ဗန္ဂါး ရဲ႕လက္ထက္မွာ ယူနိုက္တက္ စီနီယာ အသင္းႀကီးဆီ ေရာက္ရွိခဲ့ၿပီး ေျခစြမ္းျပသႏိုင္ခဲ့မႈေၾကာင့္ အဓိက တိုက္စစ္မွဴး အျဖစ္ ေနရာရလာခဲ့ပါတယ္။ လက္ရွိမွာလည္း လူကာကူ ထြက္ခြာသြားျပီးေနာက္ တိုက္စစ္မွဴးသစ္ မေခၚယူထားတဲ့ ယူနိုက္တက္မွာ သြင္းဂိုးေတြကို ဒိုင္ခံသြင္းယူေပးေနတဲ့ တိုက္စစ္မွဴးေကာင္း ျဖစ္လာေနပါတယ္။