တိုက်စစ်မှာ ပိုစိတ်ကြိုက်တွေ့တဲ့နေရာ ထုတ်ဖော် ပြောဆိုလိုက်တဲ့ ရက်ဖို့ဒ်

ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်က ၎င်း အနေနဲ့ အထောင် တိုက်စစ်မှူး ကစားရတာထက် ဘယ်တောင်ပံ တိုက်စစ်မှာ ကစားရတာ ပိုအကြိုက်တွေ့မိကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ နွေက လူကာကူ ထွက်ခွာသွားပြီးနောက် ယူနိုက်တက်ဟာ တိုက်စစ်မှူးသစ် မခေါ်ယူဖြစ်ခဲ့ပါဘူး။ မာရှယ်ကလည်း ဒဏ်ရာ ရနေတဲ့ ကာလတွေ ရှိခဲ့ပြီး အသက် ၂၂ နှစ် အရွယ် အင်္ဂလန်သား ရက်ဖို့ဒ်က အထောင်ရော တောင်ပံတိုက်စစ်မှာပါ ကစားဖြစ်ခဲ့ပါတယ်။

ရက်ဖို့ဒ်ကတော့ မာရှယ်ကို အထောင်တိုက်စစ် အဖြစ် ပွဲထုတ်ပြီး သူက ဘယ်တောင်ပံကနေ ပံ့ပိုး ချိတ်ဆက် ကစားရတာကို ပိုမို သဘောကျကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

” ကျနော် ဘယ်တောင်ပံမှာ ကစားရင် ဖန်တီးမှုတွေ ပိုလုပ်နိုင်ပြီး အသင်းကို ပို အကူအညီပေးနိုင်တယ်လို့ ထင်တယ်။ တိုက်စစ်မှာ ရှေ့တက် အထောင် ကစားရတဲ့ အခါကျ သီးသန့် တစ်ယောက်တည်း လှုပ်ရှားရသလို ဖြစ်နေပြီး ပံ့ပိုး ဖန်တီးမှုတွေ လုပ်နိုင်တဲ့ ကွင်းလယ်ကို လိုအပ်တယ်။

ဒါကြောင့် တဖြည်းဖြည်း နံပါတ် ၉ တိုက်စစ်နေရာက မှေးမှိန်လာနိုင်တယ်။ ကျနော် ငယ်ငယ်တုန်းက နံပါတ် ၉ တိုက်စစ်နေရာ ကစားတော့ အစွမ်းပြချင်တာကြောင့် ရုန်းကန်ရတယ်။ ဒါပေမယ့် အဲဒီနေရာက ဘောလုံးသိပ်မကိုင်ရပေမယ့် ကိုင်ရပြီဆိုလည်း ဂိုးသွင်းဖို့က လုံး၀ အခွင့်ကောင်းပဲ။

အထောင်တိုက်စစ်နေရာကို ကျနော်လည်း သဘောကျပါတယ်။ ဒါပေမယ့် တောင်ပံမှာ လွတ်လွတ်လပ်လပ် ကစားရတာကို ပို ပျော်နေပြီ။ ဒါက ကျနော့် အတွက်ရော မာရှယ် အတွက်ပါ အတော် အဆင်ပြေတယ် ထင်ပါတယ်။ ” လို့ ရက်ဖို့ဒ်က ပြောကြားခဲ့ပါတယ်။

မာရှယ် ကစားနိုင်ချိန်မှာ ရက်ဖို့ဒ်က တောင်ပံ ထွက်ကစားခဲ့တာ ဖြစ်ပြီး၊ မာရှယ် မပါနိုင်ရင်တော့ ရက်ဖို့ဒ်က အထောင် တိုက်စစ် အနေနဲ့ ကစားဖြစ်ခဲ့တာပါ။ နှစ်နေရာလုံးမှာလည်း ရက်ဖို့ဒ်က အစွမ်းပြနိုင်ခဲ့ပြီး ယူနိုက်တက် အတွက် ဒီရာသီ ၃၁ ပွဲ ကစားပြီး ၁၉ ဂိုး သွင်းယူထားပါတယ်။

Zawgyi – ယူနိုက္တက္ တိုက္စစ္မွဴး မားကပ္ ရက္ဖို႔ဒ္က ၄င္း အေနနဲ႕ အေထာင္ တိုက္စစ္မွဴး ကစားရတာထက္ ဘယ္ေတာင္ပံ တိုက္စစ္မွာ ကစားရတာ ပိုအၾကိဳက္ေတြ႕မိေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ျပီးခဲ့တဲ့ ေႏြက လူကာကူ ထြက္ခြာသြားျပီးေနာက္ ယူနုိက္တက္ဟာ တိုက္စစ္မွဴးသစ္ မေခၚယူျဖစ္ခဲ့ပါဘူး။ မာရွယ္ကလည္း ဒဏ္ရာ ရေနတဲ့ ကာလေတြ ရွိခဲ့ျပီး အသက္ ၂၂ နွစ္ အရြယ္ အဂၤလန္သား ရက္ဖို႕ဒ္က အေထာင္ေရာ ေတာင္ပံတိုက္စစ္မွာပါ ကစားျဖစ္ခဲ့ပါတယ္။

ရက္ဖို႔ဒ္ကေတာ့ မာရွယ္ကို အေထာင္တိုက္စစ္ အျဖစ္ ပြဲထုတ္ျပီး သူက ဘယ္ေတာင္ပံကေန ပံ့ပိုး ခ်ိတ္ဆက္ ကစားရတာကို ပိုမို သေဘာက်ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလာခဲ့ပါတယ္။

” က်ေနာ္ ဘယ္ေတာင္ပံမွာ ကစားရင္ ဖန္တီးမႈေတြ ပိုလုပ္နုိင္ျပီး အသင္းကို ပို အကူအညီေပးနုိင္တယ္လို႔ ထင္တယ္။ တိုက္စစ္မွာ ေရွ႕တက္ အေထာင္ ကစားရတဲ့ အခါက် သီးသန္႔ တစ္ေယာက္တည္း လႈပ္ရွားရသလို ျဖစ္ေနျပီး ပံ့ပိုး ဖန္တီးမႈေတြ လုပ္နုိင္တဲ့ ကြင္းလယ္ကို လိုအပ္တယ္။

ဒါေၾကာင့္ တျဖည္းျဖည္း နံပါတ္ ၉ တိုက္စစ္ေနရာက ေမွးမွိန္လာနိုင္တယ္။ က်ေနာ္ ငယ္ငယ္တုန္းက နံပါတ္ ၉ တိုက္စစ္ေနရာ ကစားေတာ့ အစြမ္းျပခ်င္တာေၾကာင့္ ရုန္းကန္ရတယ္။ ဒါေပမယ့္ အဲဒီေနရာက ေဘာလံုးသိပ္မကိုင္ရေပမယ့္ ကိုင္ရျပီဆိုလည္း ဂိုးသြင္းဖို႔က လံုး၀ အခြင့္ေကာင္းပဲ။

အေထာင္တိုက္စစ္ေနရာကို က်ေနာ္လည္း သေဘာက်ပါတယ္။ ဒါေပမယ့္ ေတာင္ပံမွာ လြတ္လြတ္လပ္လပ္ ကစားရတာကို ပို ေပ်ာ္ေနျပီ။ ဒါက က်ေနာ့္ အတြက္ေရာ မာရွယ္ အတြက္ပါ အေတာ္ အဆင္ေျပတယ္ ထင္ပါတယ္။ ” လို႔ ရက္ဖို႔ဒ္က ေျပာၾကားခဲ့ပါတယ္။

မာရွယ္ ကစားနုိင္ခ်ိန္မွာ ရက္ဖို႔ဒ္က ေတာင္ပံ ထြက္ကစားခဲ့တာ ျဖစ္ျပီး၊ မာရွယ္ မပါနိုင္ရင္ေတာ့ ရက္ဖို႔ဒ္က အေထာင္ တိုုက္စစ္ အေနနဲ႕ ကစားျဖစ္ခဲ့တာပါ။ နွစ္ေနရာလံုးမွာလည္း ရက္ဖို႕ဒ္က အစြမ္းျပနိုင္ခဲ့ျပီး ယူနိုက္တက္ အတြက္ ဒီရာသီ ၃၁ ပြဲ ကစားျပီး ၁၉ ဂိုး သြင္းယူထားပါတယ္။