အလန်းစား ဒီဇိုင်းနဲ့ ပေါက်ကြားလာတဲ့ လာမယ့်ရာသီအတွက် ယူနိုက်တက်ရဲ့ အဝေးကွင်းဂျာစီ
၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ဝတ်ဆင်ကစားမယ့် ယူနိုက်တက်ရဲ့ အဝေးကွင်းဂျာစီ ဒီဇိုင်းက အွန်လိုင်းမှာ ပေါက်ကြားလာပြီး ပရိသတ်တွေ နှစ်သက်ခြင်းကို ခံနေရပါတယ်။
၁၉၉၆ ခုနှစ်က ဝတ်ဆင်ခဲ့ပြီး နာမည်မကျော်ခဲ့တဲ့ မီးခိုးရောင်ဂျာစီကို ပြန်လည် ဒီဇိုင်းထွက်ထားခြင်းလို့ သိထားရတယ်။ သို့ပေမယ့် Adidas သစ်က ဖန်တီးလိုက်တဲ့ အဆိုပါ အဝေးကွင်းဂျာစီဟာ မီးခိုးရောင် လည်ရှိတ်ကိုမှ ဂန္တဝင်စိမ်းရောင်ကို အသားပေးထားတဲ့ ဂျာစီအရောင်လည်း ဖြစ်ပါတယ်။
ေ
၁၉၉၆ ခုနှစ်က ထွက်ပေါ်ခဲ့တဲ့ မီခိုးရောင်အသားပေး ဂျာစီကို ပရိသတ် အများအပြားက မနှစ်သက်ခဲ့ပါဘူး။ သရဲနီတွေက ဂျာစီကို နှစ်သက်မှုအား အမြင့်ဆုံး ၅ မှတ်ပေးခွင့်နဲ့ ဆန္ဒကောက်ခဲ့သေးပြီး ၁ မှတ်ပဲ ရခဲ့တာဖြစ်တယ်။ ယူနိုက်တက်က ဆောက်သမ်တန်ကို ၃ ဂိုး အရေးနိမ့်ခြင်းကြောင့် အဆိုပါ ဂျာစီကို ဒုတိယပိုင်းမှာ အခြားဂျာစီနဲ့ ပြန်လဲပြီး ဝတ်ဆင်ခဲ့ပါသေးတယ်။
ဂျာစီလဲရတဲ့ အဓိက အကြောင်းရင်းကတော့ အသင်းဖော်တွေက ကွင်းထဲမှာ တစ်ဦးနဲ့တစ်ဦး ရှာရာမှာ ထင်ပေါ်ခြင်း မရှိတဲ့ အရောင်ကြောင့် လူပျောက်နေတယ်လို့ ယူဆခြင်းကြောင့်ဖြစ်တယ်။ အဖြူနဲ့ အပြာ ရောစပ်ထားတဲ့ ဂျာစီကို ပြန်လဲပြီး ဝတ်မှပဲ တောက်ပတဲ့ နေရာအောက်မှာ အသင်းဖော်တွေကို ကောင်းကောင်း မြင်ရတယ်လို့ ဆိုတယ်။
လာမယ့်ရာသီအတွက် ဂျာစီသစ်မှာ ဒီဇိုင်းထွင်ထားတဲ့ မီးခိုးရောင် လည်ပင်း ဒီဇိုင်းဟာ မန်နေဂျာ ဆာအဲလစ်ကိုယ်တိုင်နဲ့ ကစားသမားတွေကပါ မနှစ်သက်ခဲ့တဲ့ အဆိုပါ ဒီဇိုင်းကို အသစ် ပြန်လည် ဖန်တီးခြင်းလို့ သိရတယ်။ ဒီတစ်ကြိမ် အသစ်ပြုပြင်လာရာမှာတော့ ထူးခြားတဲ့ ဒီဇိုင်း ဖြစ်လာခဲ့ပါတယ်။
ZAWGYI
ေ