ယူနိုက်တက်နဲ့ ပက်သက်ပြီး ထူးထူးဆန်းဆန်းတွေ မေးမြန်းခဲ့တဲ့ ဘာစီလိုနာ တိုက်စစ်သမား ဒမ်ဘီလီ

ဘာစီလိုနာ တိုက်စစ်သမားဖြစ်သူ ဒမ်ဘီလီက ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်နဲ့ ပက်သက်ပြီး လက်ရွေးစင် အသင်းဖော် မာရှယ်ဖြစ်သူထံ မေးမြန်းမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြင်သစ်သတင်းတွေက ဒမ်ဘီလီရဲ့ မေးမြန်းမှုကို ဖော်ပြလာခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်က ဒေါ့မွန်အသင်းကနေ ဘာစီလိုနာကို ပေါင် ၉၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဒမ်ဘီလီဟာ အသက် ၂၂ နှစ်အရွယ်ပဲ ရှိသေးတာဖြစ်ပြီး ကက်တလန်ကလပ်အတွက် ၆၅ ပွဲမှာ ၁၈ ဂိုး သွင်းယူထားသူဖြစ်တယ်။ သူ့ရဲ့ စိတ်ဓါတ်ပိုင်းနဲ့ ကြံ့ခိုင်မှုပိုင်းဟာ အားနည်းခြင်းကြောင့် ဘာစီလိုနာက ပြန်လည်ရောင်းထုတ်မယ် သတင်းကြီးနေပါတယ်။

ဒမ်ဘီလီဟာ မာရှယ်ကို ယူနိုက်တက်မှာ မန်နေဂျာဆိုးရှားရဲ့ နည်းစနစ်နဲ့ အသင်းဖော်အကြောင်းတွေပါ စုံစမ်းခဲ့တဲ့အပြင် မန်ချက်စတာရဲ့ နေထိုင်မှု ပုံစံတွေကိုလည်း မေးမြန်းခဲ့တယ်လို့ သိရတယ်။ ယူနိုက်တက်ဟာ ဆန်ချိုကို ဆက်သွယ်နေပေမယ့် ဒမ်ဘီလီကိုလည်း စိတ်ဝင်စားခဲ့ဖူးတာကြောင့် မန်ချက်စတာဘက်က ကမ်းလှမ်းမှုတွေ ရှိထားလို့ ဒမ်ဘီလီကလည်း ယူနိုက်တက်အကြောင်း စိတ်ဝင်စားနေခြင်းလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်လာပါတယ်။

ဘာစီလိုနာအသင်းက မျှော်လင့်ချက် ကြီးကြီးဖြင့် ခေါ်ယူထားခြင်း ခံရတဲ့ လူငယ် တောင်ပံကစားသမား ဒမ်ဘီလီဟာ စပိန်မြေကို ရောက်ရှိသွားချိန်မှာ ထင်ထားသလို ခြေစွမ်းပြ ကစားနိုင်ခဲ့ခြင်း မရှိပဲ ဒဏ်ရာ ပြဿနာ အများအပြားနဲ့ ကြုံတွေ့ခဲ့ရကာ မကြာခဏဆိုသလို အနားယူနေခဲ့ရသူပါ။

ယခုနှစ် ဘောလုံးရာသီမှာဆိုရင်လဲ ဒမ်ဘီလီ ဟာ ဘာစီလိုနာအသင်းအတွက် လာလီဂါပြိုင်ပွဲ မှာ ၅ပွဲသာ ဝင်ရောက် ကစားပေးထားနိုင်ခဲ့ပြီး သွင်းဂိုး ၁ဂိုးတည်းသာ သွင်းယူထားနိုင်သူဖြစ်ပါတယ်။

ZAWGYI

ဘာစီလိုနာ တိုက္စစ္သမားျဖစ္သူ ဒမ္ဘီလီက ပရီးမီးယားလိဂ္ကလပ္ ယူႏုိက္တက္နဲ႔ ပက္သက္ျပီး လက္ေရြးစင္ အသင္းေဖာ္ မာရွယ္ျဖစ္သူထံ ေမးျမန္းမႈေတြ လုပ္ခဲ့တယ္လို႔ သိရပါတယ္။

ျပင္သစ္သတင္းေတြက ဒမ္ဘီလီရဲ႕ ေမးျမန္းမႈကို ေဖာ္ျပလာျခင္းျဖစ္ျပီး ၂၀၁၇ ခုႏွစ္က ေဒါ့မြန္အသင္းကေန ဘာစီလိုနာကို ေပါင္ ၉၃ သန္းနဲ႔ ေျပာင္းေရႊ႔ခဲ့တဲ့ ဒမ္ဘီလီဟာ အသက္ ၂၂ ႏွစ္အရြယ္ပဲ ရွိေသးတာျဖစ္ျပီး ကက္တလန္ကလပ္အတြက္ ၆၅ ပြဲမွာ ၁၈ ဂိုး သြင္းယူထားသူျဖစ္တယ္။ သူ႔ရဲ႕ စိတ္ဓါတ္ပိုင္းနဲ႔ ၾကံ႕ခိုင္မႈပိုင္းဟာ အားနည္းျခင္းေၾကာင့္ ဘာစီလိုနာက ျပန္လည္ေရာင္းထုတ္မယ္ သတင္းၾကီးေနပါတယ္။

ဒမ္ဘီလီဟာ မာရွယ္ကို ယူႏုိက္တက္မွာ မန္ေနဂ်ာဆိုးရွားရဲ႕ နည္းစနစ္နဲ႔ အသင္းေဖာ္အေၾကာင္းေတြပါ စံုစမ္းခဲ့တဲ့အျပင္ မန္ခ်က္စတာရဲ႕ ေနထိုင္မႈ ပံုစံေတြကိုလည္း ေမးျမန္းခဲ့တယ္လို႔ သိရတယ္။ ယူႏုိက္တက္ဟာ ဆန္ခ်ိဳကို ဆက္သြယ္ေနေပမယ့္ ဒမ္ဘီလီကိုလည္း စိတ္ဝင္စားခဲ့ဖူးတာေၾကာင့္ မန္ခ်က္စတာဘက္က ကမ္းလွမ္းမႈေတြ ရွိထားလို႔ ဒမ္ဘီလီကလည္း ယူႏုိက္တက္အေၾကာင္း စိတ္ဝင္စားေနျခင္းလားဆိုတဲ့ ေမးခြန္းေတြလည္း ထြက္လာပါတယ္။

ဘာစီလိုနာအသင္းက ေမွ်ာ္လင့္ခ်က္ ၾကီးၾကီးျဖင့္ ေခၚယူထားျခင္း ခံရတဲ့ လူငယ္ ေတာင္ပံကစားသမား ဒမ္ဘီလီဟာ စပိန္ေျမကို ေရာက္ရွိသြားခ်ိန္မွာ ထင္ထားသလို ေျခစြမ္းျပ ကစားႏိုင္ခဲ့ျခင္း မရွိပဲ ဒဏ္ရာ ျပႆနာ အမ်ားအျပားနဲ႔ ႀကဳံေတြ႕ခဲ့ရကာ မၾကာခဏဆိုသလို အနားယူေနခဲ့ရသူပါ။

ယခုႏွစ္ ေဘာလုံးရာသီမွာဆိုရင္လဲ ဒမ္ဘီလီ ဟာ ဘာစီလိုနာအသင္းအတြက္ လာလီဂါၿပိဳင္ပြဲ မွာ ၅ပြဲသာ ဝင္ေရာက္ ကစားေပးထားႏိုင္ခဲ့ၿပီး သြင္းဂိုး ၁ဂိုးတည္းသာ သြင္းယူထားႏိုင္သူျဖစ္ပါတယ္။