လီဗာပူးနဲ့ အပြိုင် ကိုင်ဟာဗက်ဇ်ကို ခေါ်ယူဖို့ ယူနိုက်တက် ပြင်ဆင်လာ

မန်ချက်စတာယူနိုက်တက်ဟာ လီဗာပူးအသင်း ပစ်မှတ်ထားနေတဲ့ ဘိုင်ယန်လေဗာကူဆင် ကွင်းလယ်ကစားသမား ကိုင်ဟာဗက်ဇ်ကို အပြိုင် ဝင်ရောက် ခေါ်ယူရန် ကြံရွယ်နေပါတယ်။

အသက် ၂၀ အရွယ် ဂျာမနီလက်ရွေးစင် ကစာသမားဟာ လေဗာကူဆင် အသင်းအတွက် အဓိက ခြေစွမ်းပြလာသူ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက ပြိုင်ပွဲစုံ ဂိုး ၂၀ သွင်းခဲ့သလို ဒီရာသီ ၃၄ ပွဲ ကစားပြီးချိန်မှာ ၁၀ ဂိုးသွင်း ၈ ဂိုး ဖန်တီးထားပါတယ်။

ပရီးမီးယားလိဂ်မှာ အင်အားပြန်တောင့်လာတဲ့ လီဗာပူးက ကိုင်ဟာဗက်ဇ်ကို ခေါ်ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ထားပြီး ကစားသမား ကိုယ်တိုင် ကလည်း ကစားသမားဘဝအတွက် နောက်ထပ် ကြီးမားတဲ့ ခြေလှမ်းကို စတင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဒီတလောမှာ ထုတ်ဖော် ပြောဆိုထားပါတယ်။

ယူနိုက်တက်ကလည်း ၎င်းတို့ရဲ့ နွေ ပစ်မှတ် စာရင်းထဲ ကိုင်ဟာဗက်ဇ်ကိုပါ ထည့်သွင်းလိုက်ပါတယ်။ ဂျာမန် ကြယ်ပွင့်လေးဟာ ဘိုင်ယန်မြူးနစ် အသင်းထံ ရောက်သွားနိုင်တယ်လို့လည်း ရေပန်းစားနေပါတယ်။ ၎င်းရဲ့ လက်ရှိ စာချုပ်က သက်တမ်း နှစ်နှစ် ကျန်ရှိပါသေးတယ်။

ယူနိုက်တက်ဟာ ကွင်းလယ် အတွက် အက်စတွန်ဗီလာမှ ဂရေးလစ်ချ်နဲ့ လက်စတာမှ မက်ဒီဆန်တို့ကို ခေါ်ယူဖို့ သတင်းထွက်ထားပြီး လတ်တလောမှာတော့ ၎င်းတို့အတွက် လှုပ်ရှားမှုများ ငြိမ်သက်နေပါတယ်။

Zawgyi – မန္ခ်က္စတာယူနိုက္တက္ဟာ လီဗာပူးအသင္း ပစ္မွတ္ထားေနတဲ့ ဘိုင္ယန္ေလဗာကူဆင္ ကြင္းလယ္ကစားသမား ကိုင္ဟာဗက္ဇ္ကို အျပိဳင္ ၀င္ေရာက္ ေခၚယူရန္ ၾကံရြယ္ေနပါတယ္။

အသက္ ၂၀ အရြယ္ ဂ်ာမနီလက္ေရြးစင္ ကစာသမားဟာ ေလဗာကူဆင္ အသင္းအတြက္ အဓိက ေျခစြမ္းျပလာသူ ျဖစ္ျပီး ျပီးခဲ့တဲ့ ရာသီက ျပိဳင္ပြဲစံု ဂိုး ၂၀ သြင္းခဲ့သလို ဒီရာသီ ၃၄ ပြဲ ကစားျပီးခ်ိန္မွာ ၁၀ ဂိုးသြင္း ၈ ဂိုး ဖန္တီးထားပါတယ္။

ပရီးမီးယားလိဂ္မွာ အင္အားျပန္ေတာင့္လာတဲ့ လီဗာပူးက ကိုင္ဟာဗက္ဇ္ကို ေခၚဖို႔ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ထားျပီး ကစားသမား ကိုယ္တိုင္ ကလည္း ကစားသမားဘ၀အတြက္ ေနာက္ထပ္ ၾကီးမားတဲ့ ေျခလွမ္းကို စတင္ဖို႔ အဆင္သင့္ျဖစ္ေနျပီလို႔ ဒီတေလာမွာ ထုတ္ေဖာ္ ေျပာဆိုထားပါတယ္။

ယူနိုက္တက္ကလည္း ၄င္းတို႔ရဲ႕ ေႏြ ပစ္မွတ္ စာရင္းထဲ ကိုင္ဟာဗက္ဇ္ကိုပါ ထည့္သြင္းလိုက္ပါတယ္။ ဂ်ာမန္ ၾကယ္ပြင့္ေလးဟာ ဘိုင္ယန္ျမဴးနစ္ အသင္းထံ ေရာက္သြားနုိင္တယ္လို႔လည္း ေရပန္းစားေနပါတယ္။ ၄င္းရဲ႕ လက္ရွိ စာခ်ဳပ္က သက္တမ္း နွစ္နွစ္ က်န္ရွိပါေသးတယ္။

ယူနိုက္တက္ဟာ ကြင္းလယ္ အတြက္ အက္စတြန္ဗီလာမွ ဂေရးလစ္ခ်္နဲ႕ လက္စတာမွ မက္ဒီဆန္တို႔ကို ေခၚယူဖို႔ သတင္းထြက္ထားျပီး လတ္တေလာမွာေတာ့ ၄င္းတို႔အတြက္ လႈပ္ရွားမႈမ်ား ျငိမ္သက္ေနပါတယ္။