မန်နေဂျာဆိုးရှားရဲ့ အဓိက ပစ်မှတ်ကို ခေါ်ယူနိုင်ဖို့ အခွင့်အရေး နည်းခဲ့ပြီဖြစ်တဲ့ ယူနိုက်တက်
ယူနိုက်တက်က စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ မတ်ဒီဆန်ဟာ နွေမှာ အသင်းပြောင်းဖို့ စိတ်ဝင်စားခြင်း မရှိပဲ လက်စတာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုသွားတော့မယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ နွေမှာတော့ ကွင်းလယ်လူ ပေါ့ဘာကို လက်လွတ်သွားဖွယ်ရှိသလို မာတစ်၊ မာတာကလည်း အရွယ်ရလာပြီဖြစ်လို့ ကွင်းလယ်ကို ပိုမိုအင်အားဖြည့်ဖို့ လိုအပ်နေတာပါ။ လက်စတာနဲ့ စာချုပ်ကိစ္စ အဆင်မပြေသေးတဲ့ မတ်ဒီဆန်ကို ယူနိုက်တက်က ပေါင် ၇၀ သန်းဝန်းကျင် ပေးပြီး ခေါ်ယူမယ်လို့ ကြားထားရတာဖြစ်တယ်။
မတ်ဒီဆန်ဟာ ဘောလုံးကို သက်သောင့်သက်သာ ကစားနိုင်တဲ့ ကွင်းလယ်လူတစ်ဦးဖြစ်ပြီး သေချာတဲ့ နေရာတစ်ခုကို တာဝန်ယူနိုင်ပြီး အခြားသော နေရာတွေကိုလည်း ပါဝင်ကူညီနိုင်သူဖြစ်တယ်။ သူက အသင်းဖော်တွေအတွက် အခွင့်အရေး ဖန်တီးပေးနိုင်စွမ်းတင်မကပဲ သွင်းဂိုးတွေလည်း ရယူနိုင်ပါတယ်။
လက်စတားအနေနဲ့ လက်ရှိ ပရီးမီးယားလိဂ် ပြန်စတဲ့အခါ အဆင့်ရပ်တည်မှုကို ဆက်ထိန်းထားနိုင်ခဲ့မယ်ဆိုရင် လာမယ့်ရာသီသစ်မှာ ချန်ပီယံလိဂ် ဝင်ကစားရမှာဖြစ်တယ်။ ဒါကြောင့်လည်း အဓိက ကစားသမားတွေဖြစ်တဲ့ မက်ဒီဆင်နဲ့ ချီဝဲလ်တို့ကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့အတွက် အားစိုက် ညိနှိုင်းနေတာဖြစ်ပါ။
ဒီရက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေမှာတော့ မတ်ဒီဆန်က အသင်းကြီးတွေရဲ့ သူ့အပေါ် စိတ်ဝင်စားမှုကို နှစ်သက်မိပေမယ့် လက်စတာမှာပဲ ဆက်နေဖို့ ဆုံးဖြတ်လာပြီး ကာလရှည် သက်တမ်းတိုးစာချုပ်ကို သဘောတူခဲ့တယ်လို့ သိရတယ်။ အတည်ပြု မလာသေးပေမယ့် စာချုပ်က ၅ နှစ် စာချုပ်ဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၁ သိန်း ဝန်းကျင်ရမယ်လို့ သိရပါတယ်။
ZAWGYI
ယူႏုိက္တက္က စိတ္ဝင္စားေနတဲ့ ကြင္းလယ္လူ မတ္ဒီဆန္ဟာ ေႏြမွာ အသင္းေျပာင္းဖို႔ စိတ္ဝင္စားျခင္း မရွိပဲ လက္စတာအသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုသြားေတာ့မယ္လို႔ သိရပါတယ္။
ယူႏုိက္တက္ဟာ ေႏြမွာေတာ့ ကြင္းလယ္လူ ေပါ့ဘာကို လက္လြတ္သြားဖြယ္ရွိသလို မာတစ္၊ မာတာကလည္း အရြယ္ရလာျပီျဖစ္လို႔ ကြင္းလယ္ကို ပိုမိုအင္အားျဖည့္ဖို႔ လိုအပ္ေနတာပါ။ လက္စတာနဲ႔ စာခ်ဳပ္ကိစၥ အဆင္မေျပေသးတဲ့ မတ္ဒီဆန္ကို ယူႏုိက္တက္က ေပါင္ ၇၀ သန္းဝန္းက်င္ ေပးျပီး ေခၚယူမယ္လို႔ ၾကားထားရတာျဖစ္တယ္။
မတ္ဒီဆန္ဟာ ေဘာလံုးကို သက္ေသာင့္သက္သာ ကစားႏုိင္တဲ့ ကြင္းလယ္လူတစ္ဦးျဖစ္ျပီး ေသခ်ာတဲ့ ေနရာတစ္ခုကို တာဝန္ယူႏုိင္ျပီး အျခားေသာ ေနရာေတြကိုလည္း ပါဝင္ကူညီႏုိင္သူျဖစ္တယ္။ သူက အသင္းေဖာ္ေတြအတြက္ အခြင့္အေရး ဖန္တီးေပးႏုိင္စြမ္းတင္မကပဲ သြင္းဂိုးေတြလည္း ရယူႏုိင္ပါတယ္။
လက္စတားအေနနဲ႔ လက္ရွိ ပရီးမီးယားလိဂ္ ျပန္စတဲ့အခါ အဆင့္ရပ္တည္မႈကို ဆက္ထိန္းထားႏိုင္ခဲ့မယ္ဆိုရင္ လာမယ့္ရာသီသစ္မွာ ခ်န္ပီယံလိဂ္ ဝင္ကစားရမွာျဖစ္တယ္။ ဒါေၾကာင့္လည္း အဓိက ကစားသမားေတြျဖစ္တဲ့ မက္ဒီဆင္နဲ႔ ခ်ီဝဲလ္တို႔ကို အသင္းမွာ ဆက္ထိန္းထားႏိုင္ဖို႔အတြက္ အားစိုက္ ညိႏိႈင္းေနတာျဖစ္ပါ။
ဒီရက္ပိုင္း ထြက္ေပၚလာတဲ့ သတင္းေတြမွာေတာ့ မတ္ဒီဆန္က အသင္းၾကီးေတြရဲ႕ သူ႔အေပၚ စိတ္ဝင္စားမႈကို ႏွစ္သက္မိေပမယ့္ လက္စတာမွာပဲ ဆက္ေနဖို႔ ဆံုးျဖတ္လာျပီး ကာလရွည္ သက္တမ္းတိုးစာခ်ဳပ္ကို သေဘာတူခဲ့တယ္လို႔ သိရတယ္။ အတည္ျပဳ မလာေသးေပမယ့္ စာခ်ဳပ္က ၅ ႏွစ္ စာခ်ဳပ္ျဖစ္ျပီး တစ္ပတ္လုပ္ခ ေပါင္ ၁ သိန္း ဝန္းက်င္ရမယ္လို႔ သိရပါတယ္။