နေမာလက်သစ်ကို လီဗာပူးမှာ မြင်လိုပေမယ့် ယူနိုက်တက် ရောက်ဖို့ များသွားပါပြီလို့ ရက်နပ် ဝန်ခံ

ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်း ကွင်းလယ်လူဟောင်း ဂျင်မီ ရက်နပ်က အင်္ဂလန်လက်ရွေးစင် တိုက်စစ်သမား ဆန်ချိုဟာ အင်္ဂလန်ကို ပြန်လာမှာဖြစ်ကာ ယူနိုက်တက်ထံ ပြောင်းရွှေ့ ရောက်ရှိလိမ့်မယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဆန်ချိုကို ခေါ်ယူဖို့ လီဗာပူး၊ ချယ်ဆီးနဲ့ ယူနိုက်တက်တို့က စိတ်ဝင်စားနေပေမယ့် တရားဝင် ချိတ်ဆက်မယ့် အသင်းတွေထဲမှာ ယူနိုက်တက်က ရေပန်းစားနေတာပါ။ အင်္ဂလန်သားဟာ မန်ချက်စတာကလပ် မန်စီးတီးကနေ ဒေါ့မွန်ကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ပိုမို ရင့်ကျက်တဲ့ ကစားသမားအဖြစ် မန်ချက်စတာကို ပြန်လာဖို့ ရှိနေပြီလို့ ရက်နပ်က ယူဆနေပါတယ်။

ရက်နပ်က “ ပရီးမီးယားလိဂ်ကို ဆန်ချို ရောက်လာဖို့ဆိုတာက ဘယ်တော့ ရောက်လာမလဲဆိုတာပဲ လိုတော့တာပါ။ ကျနေ်ာတို့က အရမ်းကို ထူးချွန်တဲ့ ဉာဏ်ကြီးရှင်အကြောင်း ပြောနေကြတာဖြစ်တယ်။ ဘောလုံးနဲ့အတူ မယုံနိုင်လောက်တာတွေကို လုပ်နိုင်စွမ်းရှိတဲ့ ကစားသမားအကြောင်းကို ပြောနေတာဖြစ်တယ်။

ဘွန်ဒက်လီဂါမှာ ပွဲပေါင်း ၇၀ လောက် ကစားပြီး သွင်းဂိုး ၂၇ ဂိုး သွင်းယူခဲ့ကာ တောက်ပံတွေမှာ အရမ်းကို ကောင်းကောင်း ကစားနိုင်ပါတယ်။ ပရီးမီးယားလိဂ်မှာ နေမာလို ကစားသမားကို ကျနေ်ာတို့ မြင်ရဖို့ တကယ်ကို လွမ်းဆွတ်နေရတာပါ။ ဒါပေမယ့် ဆန်ချိုက နေမာလို ကစားသမားဖြစ်လာနိုင်ပါတယ်။

ပုဂ္ဂိုလ်ရေးအရ ကျနော်ကတော့ သူ့ကို နေမာလို ကစားသမားအဖြစ် မြင်ပါတယ်။ ဘယ်အသင်းကို ရောက်ရောက် သူက အရမ်းကောင်းတဲ့ လက်မှတ်ထိုးမှုဖြစ်မှာပါ။ လီဗာပူးအသင်းမှာ သူ့ကို မြင်လိုပေမယ့် သူကတော့ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ဖြစ်မြောက်သွားမယ်လို့ ထင်ပါတယ် ” ဆိုပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ကလပ္ လီဗာပူးအသင္း ကြင္းလယ္လူေဟာင္း ဂ်င္မီ ရက္နပ္က အဂၤလန္လက္ေရြးစင္ တိုက္စစ္သမား ဆန္ခ်ိဳဟာ အဂၤလန္ကို ျပန္လာမွာျဖစ္ကာ ယူႏုိက္တက္ထံ ေျပာင္းေရႊ႔ ေရာက္ရွိလိမ့္မယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

ဆန္ခ်ိဳကို ေခၚယူဖို႔ လီဗာပူး၊ ခ်ယ္ဆီးနဲ႔ ယူႏုိက္တက္တို႔က စိတ္ဝင္စားေနေပမယ့္ တရားဝင္ ခ်ိတ္ဆက္မယ့္ အသင္းေတြထဲမွာ ယူႏုိက္တက္က ေရပန္းစားေနတာပါ။ အဂၤလန္သားဟာ မန္ခ်က္စတာကလပ္ မန္စီးတီးကေန ေဒါ့မြန္ကို ေျပာင္းေရႊ႔သြားခဲ့တာျဖစ္ျပီး အခုခ်ိန္မွာေတာ့ ပိုမို ရင့္က်က္တဲ့ ကစားသမားအျဖစ္ မန္ခ်က္စတာကို ျပန္လာဖို႔ ရွိေနျပီလို႔ ရက္နပ္က ယူဆေနပါတယ္။

ရက္နပ္က “ ပရီးမီးယားလိဂ္ကို ဆန္ခ်ိဳ ေရာက္လာဖို႔ဆိုတာက ဘယ္ေတာ့ ေရာက္လာမလဲဆိုတာပဲ လိုေတာ့တာပါ။ က်ေန္ာတုိ႔က အရမ္းကို ထူးခၽြန္တဲ့ ဥာဏ္ၾကီးရွင္အေၾကာင္း ေျပာေနၾကတာျဖစ္တယ္။ ေဘာလံုးနဲ႔အတူ မယံုႏုိင္ေလာက္တာေတြကို လုပ္ႏုိင္စြမ္းရွိတဲ့ ကစားသမားအေၾကာင္းကို ေျပာေနတာျဖစ္တယ္။

ဘြန္ဒက္လီဂါမွာ ပြဲေပါင္း ၇၀ ေလာက္ ကစားျပီး သြင္းဂိုး ၂၇ ဂိုး သြင္းယူခဲ့ကာ ေတာက္ပံေတြမွာ အရမ္းကို ေကာင္းေကာင္း ကစားႏုိင္ပါတယ္။ ပရီးမီးယားလိဂ္မွာ ေနမာလို ကစားသမားကို က်ေန္ာတို႔ ျမင္ရဖို႔ တကယ္ကို လြမ္းဆြတ္ေနရတာပါ။ ဒါေပမယ့္ ဆန္ခ်ိဳက ေနမာလို ကစားသမားျဖစ္လာႏုိင္ပါတယ္။

ပုဂၢိဳလ္ေရးအရ က်ေနာ္ကေတာ့ သူ႔ကို ေနမာလို ကစားသမားအျဖစ္ ျမင္ပါတယ္။ ဘယ္အသင္းကို ေရာက္ေရာက္ သူက အရမ္းေကာင္းတဲ့ လက္မွတ္ထိုးမႈျဖစ္မွာပါ။ လီဗာပူးအသင္းမွာ သူ႔ကို ျမင္လိုေပမယ့္ သူကေတာ့ ယူႏုိက္တက္ကို ေျပာင္းေရႊ႔ဖို႔ ျဖစ္ေျမာက္သြားမယ္လို႔ ထင္ပါတယ္ ” ဆိုျပီး ေျပာဆိုခဲ့တာျဖစ္ပါတယ္။