မော်ရင်ညို အကြိုက် ယူနိုက်တက်အသင်းသားကို ရောင်းချရန် ဆိုးရှား ပြင်ဆင်လာ

မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးရှားဟာ ယခင်နည်းပြ မော်ရင်ညို စိတ်ကြိုက် ကစားသမား တစ်ဦး ဖြစ်တဲ့ ဒီယေဂို ဒါလော့ အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုသာ ရရှိရင် ရောင်းချရန် ပြင်ဆင်လာပါတယ်။

ပင်ကို အရည်အချင်းရှိ ညာစွန်ခံစစ်မှူး ဒါလော့ အတွက် မော်ရင်ညိုက ရေရှည် အစီအစဉ်တွေ ရှိထားပြီး ၂၀၁၈ မှာ ပေါင် ၁၉ သန်းနဲ့ ခေါ်ယူခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် မော်ရင်ညို ထုတ်ပယ်ခံရပြီးနောက် ဆိုးရှား နည်းပြ ဖြစ်လာတဲ့ အခါ ပေါ်တူဂီသား ခံစစ်မှူး ရဲ့ အစီအစဉ်များ ပြောင်းလဲသွားရပြီ ဖြစ်ပါတယ်။

ဆိုးရှားက နွေမှာ ဝမ်ဘစ်ဆာကာကို ခေါ်ယူလိုက်တာကြောင့် ဒါလော့အတွက် ယူနိုက်တက်မှာ နေရာကောင်း မရှိသေးကြောင်း တပ်လှန့်လိုက်သလို ဖြစ်ခဲ့ကာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဒါလော့က ၄ ပွဲသာ ပါဝင် ကစားထားရပါတယ်။

ဒါလော့ရဲ့ လက်ရှိ စာချုပ်က ၂၀၂၃ ထိ ကျန်ရှိသေးတာ ဖြစ်တာကြောင့် ယူနိုက်တက်က လာမယ့် အပြောင်းအရွှေ့မှာ ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေ ရရင်တော့ ဒါလော့ကို ရောင်းချလိုနေပါတယ်။ ယူနိုက်တက်ဟာ ဒါလော့ အတွက် ပေါင် သန်း ၃၀ – ၃၅ သန်း ဝန်းကျင် ဆိုရင် ပေါ်တူဂီသားကို ရောင်းချမှာ ဖြစ်ပါတယ်။

ဒါလော့က ကွင်းတွင်းမှာနဲ့ အများအမြင်မှာ ယူနိုက်တက် အတွက် အရေးပါတဲ့ ကစားသမား တစ်ယောက် မဟုတ်သေးပေမယ့် ကန့်လန့်ကာ နောက်ကွယ်မှာတော့ နေရာကောင်းတွေ ရှိထားပါတယ်။ ဒါလော့က ယူနိုက်တက်မှာ အစွမ်းပြလာတဲ့ ဘရူနို ဖာနန်ဒက်စ်နဲ့ မိတ်ဆွေ ကောင်းတွေ ဖြစ်ပါတယ်။

ပေါ်တူဂီသား နှစ်ဦးရဲ့ ရင်းနှီးမှုကြောင့်လည်း ဖာနန်ဒက်စ်ကို ယူနိုက်တက်က ဇန်နဝါရီမှာ ခေါ်ယူခဲ့စဉ်က အရေးသာစေတဲ့ အကြောင်း တစ်ရပ် ဖြစ်ခဲ့ပါတယ်။ ဖာနန်ဒက်စ်ကို အသင်းမှာ ဆက်ပျော်စေချင်တာကြောင့် ဒါလော့ကိုလည်း ဆက်လက် ထိန်းထားမလားဆိုတာ ဆိုးရှား တစ်ယောက် ထည့်သွင်း စဉ်းစားရဖွယ် ရှိပါတယ်။

Zawgyi – မန္ခ်က္စတာယူနိုက္တက္ နည္းျပ ဆိုးရွားဟာ ယခင္နည္းျပ ေမာ္ရင္ညိဳ စိတ္ၾကိဳက္ ကစားသမား တစ္ဦး ျဖစ္တဲ့ ဒီေယဂို ဒါေလာ့ အတြက္ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈသာ ရရွိရင္ ေရာင္းခ်ရန္ ျပင္ဆင္လာပါတယ္။

ပင္ကို အရည္အခ်င္းရွိ ညာစြန္ခံစစ္မွဴး ဒါေလာ့ အတြက္ ေမာ္ရင္ညိဳက ေရရွည္ အစီအစဥ္ေတြ ရွိထားျပီး ၂၀၁၈ မွာ ေပါင္ ၁၉ သန္းနဲ႕ ေခၚယူခဲ့ျခင္း ျဖစ္ပါတယ္။ ဒါေပမယ့္ ေမာ္ရင္ညိဳ ထုတ္ပယ္ခံရျပီးေနာက္ ဆိုးရွား နည္းျပ ျဖစ္လာတဲ့ အခါ ေပၚတူဂီသား ခံစစ္မွဴး ရဲ႕ အစီအစဥ္မ်ား ေျပာင္းလဲသြားရျပီ ျဖစ္ပါတယ္။

ဆိိုးရွားက ေႏြမွာ ၀မ္ဘစ္ဆာကာကို ေခၚယူလိုက္တာေၾကာင့္ ဒါေလာ့အတြက္ ယူနိုက္တက္မွာ ေနရာေကာင္း မရွိေသးေၾကာင္း တပ္လွန္႔လိုက္သလို ျဖစ္ခဲ့ကာ ဒီရာသီ ပရီးမီးယားလိဂ္မွာ ဒါေလာ့က ၄ ပြဲသာ ပါ၀င္ ကစားထားရပါတယ္။

ဒါေလာ့ရဲ႕ လက္ရွိ စာခ်ဳပ္က ၂၀၂၃ ထိ က်န္ရွိေသးတာ ျဖစ္တာေၾကာင့္ ယူနိုက္တက္က လာမယ့္ အေျပာင္းအေရႊ႕မွာ ေကာင္းမြန္တဲ့ ကမ္းလွမး္မႈေတြ ရရင္ေတာ့ ဒါေလာ့ကို ေရာင္းခ်လိုေနပါတယ္။ ယူနိုက္တက္ဟာ ဒါေလာ့ အတြက္ ေပါင္ သန္း ၃၀ – ၃၅ သန္း ၀န္းက်င္ ဆိုရင္ ေပၚတူဂီသားကို ေရာင္းခ်မွာ ျဖစ္ပါတယ္။

ဒါေလာ့က ကြင္းတြင္းမွာနဲ႕ အမ်ားအျမင္မွာ ယူနိုက္တက္ အတြက္ အေရးပါတဲ့ ကစားသမား တစ္ေယာက္ မဟုတ္ေသးေပမယ့္ ကန္႔လန္႔ကာ ေနာက္ကြယ္မွာေတာ့ ေနရာေကာင္းေတြ ရွိထားပါတယ္။ ဒါေလာ့က ယူနိုက္တက္မွာ အစြမ္းျပလာတဲ့ ဘရူနို ဖာနန္ဒက္စ္နဲ႕ မိတ္ေဆြ ေကာင္းေတြ ျဖစ္ပါတယ္။

ေပၚတူဂီသား နွစ္ဦးရဲ႕ ရင္းနွီးမႈေၾကာင့္လည္း ဖာနန္ဒက္စ္ကုိုု ယူနိုက္တက္က ဇန္န၀ါရီမွာ ေခၚယူခဲ့စဥ္က အေရးသာေစတဲ့ အေၾကာင္း တစ္ရပ္ ျဖစ္ခဲ့ပါတယ္။ ဖာနန္ဒက္စ္ကို အသင္းမွာ ဆက္ေပ်ာ္ေစခ်င္တာေၾကာင့္ ဒါေလာ့ကိုလည္း ဆက္လက္ ထိန္းထားမလားဆိုတာ ဆိုးရွား တစ္ေယာက္ ထည့္သြင္း စဥ္းစားရဖြယ္ ရွိပါတယ္။