ဒင်းဟန်ဒါဆန်က အသင်း နံပါတ် ၁ ဂိုးသမားနေရာနဲ့ ထိုက်တန်ပြီလို့ ယူနိုက်တက် ခံစစ်မှူး ထောက်ခံ

ရှက်ဖီးယူနိုက်တက်မှာ အငှား သွားရောက် ကစားရင်း လက်စွမ်းပြနေတဲ့ ယူနိုက်တက် လူငယ်ဂိုးသမား ဒင်း ဟန်ဒါဆန်ဟာ မန်ချက်စတာ ကလပ်ထံ ပြန်လာရင် အသင်း နံပါတ် ၁ ဂိုးသမားနေရာနဲ့ ထိုက်တန်နေပြီ ဖြစ်တယ်လို့ ယူနိုက်တက် ခံစစ်မှူး တူရမ်ဇီဘီ က ထောက်ခံ ပြောဆိုလိုက်ပါတယ်။

တူရမ်ဇီဘီဟာ ဟန်ဒါဆန်နဲ့ အတူ ယူနိုက်တက် အကယ်ဒမီမှာ နှစ်ကာလကြာ အတူ တွဲကစားခဲ့ကြတဲ့ အသင်းဖော်တွေ ဖြစ်ပါတယ်။ လူငယ် ဂိုးသမာ ဒင်း ဟန်ဒါဆန်က ၂၀၁၅ တည်းက စီနီယာအသင်းကြီးထံ ခေါ်ယူခြင်း ခံခဲ့ရပေမယ့် အငှားထွက် ကစားရင်း အတွေ့အကြုံ ပိုရလာခဲ့ပါတယ်။

ရှက်ဖီးယူနိုက်တက်မှာ ဟန်ဒါဆန်ဟာ လက်စွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့် ယူနိုက်တက်က ပြန်ခေါ်ယူဖို့အတွက် စိတ်ဝင်စား လာခဲ့ပါတယ်။ ယူနိုက်တက် ပရိတ်သတ်တွေကလည်း အသက်အရွယ်ရလာပြီဖြစ်တဲ့ ဒီဂီယာ ရဲ့နေရာမှာ အစာထိုးဖို့အတွက် ဟန်ဒါဆန် ကိုပြန်ခေါ်ယူဖို့ တိုက်တွန်းမှုတွေ ရှိလာခဲ့ပါတယ်။

ဟန်ဒါဆန် ဟာ ကြီးမားတဲ့အကျင့်စရိုက်ရှိပြီးကောင်းမွန်တဲ့သူပါ၊ သူဒီကိုပြန်လာတဲ့အခါ ကျွန်တော်လည်း ယူနိုက်တက်ရဲ့နောက်ခံလူအဖြစ် နေရာ တစ်နေရာရအောင် ကြိုးစားထားမှာပါ၊ ရှက်ဖီး မှာ သူ အကောင်းဆုံး လုပ်ဆောင်ထားနိုင်တယ်ဆိုတာကို ပြသထားပါတယ်။ ဟန်ဒါဆန် ဟာ ယူနိုက်တက်ရဲ့ နံပါတ်တစ် ဂိုးသမားနေရာအတွက် လုံလောက်မှု ရှိနေပါပြီ။ ” လို့ တူရမ်ဇီဘီက ဆိုခဲ့ပါတယ်။

အသက် ၂၃ နှစ် သာ ရှိသေးတဲ့ ဒင်း ဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့ရာသီက ရှက်ဖီးယူနိုက်တက်ကို ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့် ရအောင် ကူညီပေးခဲ့သူဖြစ်ပြီး ဒီရာသီမှာလည်း ပရီးမီးယားလိဂ်မှာ မျှော်လင့်ထားကြတာထက် ပိုမို အစွမ်းပြနေရာမှာ ဟန်ဒါဆန် လက်စွမ်းတွေက အရေးပါခဲ့ပါတယ်။

Zawgyi – ရွက္ဖီးယူနိုက္တက္မွာ အငွား သြားေရာက္ ကစားရင္း လက္စြမ္းျပေနတဲ့ ယူနိုက္တက္ လူငယ္ဂိုးသမား ဒင္း ဟန္ဒါဆန္ဟာ မန္ခ်က္စတာ ကလပ္ထံ ျပန္လာရင္ အသင္း နံပါတ္ ၁ ဂိုးသမားေနရာနဲ႕ ထိုက္တန္ေနျပီ ျဖစ္တယ္လို႔ ယူနိုက္တက္ ခံစစ္မွဴး တူရမ္ဇီဘီ က ေထာက္ခံ ေျပာဆိုလိုက္ပါတယ္။

တူရမ္ဇီဘီဟာ ဟန္ဒါဆန္နဲ႕ အတူ ယူနိုက္တက္ အကယ္ဒမီမွာ နွစ္ကာလၾကာ အတူ တြဲကစားခဲ့ၾကတဲ့ အသင္းေဖာ္ေတြ ျဖစ္ပါတယ္။ လူငယ္ ဂိုးသမာ ဒင္း ဟန္ဒါဆန္က ၂၀၁၅ တည္းက စီနီယာအသင္းၾကီးထံ ေခၚယူျခင္း ခံခဲ့ရေပမယ့္ အငွားထြက္ ကစားရင္း အေတြ႔အၾကံဳ ပိုရလာခဲ့ပါတယ္။

ရွက္ဖီးယူႏိုက္တက္မွာ ဟန္ဒါဆန္ဟာ လက္စြမ္းေကာင္းေတြ ျပသထားႏိုင္တာေၾကာင့္ ယူႏိုက္တက္က ျပန္ေခၚယူဖို႔အတြက္ စိတ္ဝင္စား လာခဲ့ပါတယ္။ ယူနိုက္တက္ ပရိတ္သတ္ေတြကလည္း အသက္အ႐ြယ္ရလာၿပီျဖစ္တဲ့ ဒီဂီယာ ရဲ႕ေနရာမွာ အစာထိုးဖို႔အတြက္ ဟန္ဒါဆန္ ကိုျပန္ေခၚယူဖို႔ တိုက္တြန္းမႈေတြ ရွိလာခဲ့ပါတယ္။

ဟန္ဒါဆန္ ဟာ ႀကီးမားတဲ့အက်င့္စ႐ိုက္ရွိၿပီးေကာင္းမြန္တဲ့သူပါ၊ သူဒီကိုျပန္လာတဲ့အခါ ကြၽန္ေတာ္လည္း ယူႏိုက္တက္ရဲ႕ေနာက္ခံလူအျဖစ္ ေနရာ တစ္ေနရာရေအာင္ ၾကိဳးစားထားမွာပါ၊ ရွက္ဖီး မွာ သူ အေကာင္းဆုံး လုပ္ေဆာင္ထားႏိုင္တယ္ဆိုတာကို ျပသထားပါတယ္။ ဟန္ဒါဆန္ ဟာ ယူႏိုက္တက္ရဲ႕ နံပါတ္တစ္ ဂိုးသမားေနရာအတြက္ လုံေလာက္မႈ ရွိေနပါၿပီ။ ” လို႔ တူရမ္ဇီဘီက ဆိုခဲ့ပါတယ္။

အသက္ ၂၃ နွစ္ သာ ရွိေသးတဲ့ ဒင္း ဟန္ဒါဆန္ဟာ ၿပီးခဲ့တဲ့ရာသီက ရွက္ဖီးယူႏိုက္တက္ကို ပရီးမီးယားလိဂ္ဆီ တန္းတက္ခြင့္ ရေအာင္ ကူညီေပးခဲ့သူျဖစ္ၿပီး ဒီရာသီမွာလည္း ပရီးမီးယားလိဂ္မွာ ေမွ်ာ္လင့္ထားၾကတာထက္ ပိုမို အစြမ္းျပေနရာမွာ ဟန္ဒါဆန္ လက္စြမ္းေတြက အေရးပါခဲ့ပါတယ္။