ခံစစ်မှူးသစ် ခေါ်ယူမှာ မဟုတ်ခြင်းနဲ့ သုံးဦးထက် ပိုခေါ်မှာ မဟုတ်တဲ့ ယူနိုက်တက် နွေအစီအစဉ်

ဒီလတွေအတွင်း ကျယ်ပြန့်စွာ ထွက်ပေါ်နေတဲ့ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ ကိစ္စတွေန့ ပက်သက်ပြီး ဖြစ်လာနိုင်ဖွယ် မရှိတဲ့ ကိစ္စ နှစ်ခုကို The Athletic က ဖော်ပြသွားပါတယ်။

ယူနိုက်တက်ဟာ နွေအပြောင်းအရွှေ့ကို အသုံးစရိတ် အလုံးအရင်းနဲ့ ဝင်ရောက်လာမှာ ဖြစ်ပေမယ့် တစ်ကြိမ်ထဲမှာ ကစားသမားသုံးဦးထက် ပိုပြီး ခေါ်ယူခြင်း လုပ်မှာ မဟုတ်ဘူး။ ဒါ့အပြင် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် အိုထရတ်ဖိုဒ့်ကို ဝင်ရောက်လာမယ့် ကစားသမားသစ်တွေထဲမှာ ခံစစ်မှူးသစ် ပါဝင်လာဖို့ မရှိပါဘူး။

ယူနိုက်တက်ဟာ မက်ဂွဲရားကို ခေါ်ယူထားခဲ့ရာမှာ ခံစစ်ပိုင်း တည်ငြိမ်မှုတွေ ရှိလာခဲ့ပြီး အခြေခံကောင်းတွေ တည်ဆောက်လာနိုင်ပါပြီ။ တွဲဘက်တွေအဖြစ် လင်ဒီအော့နဲ့ ဘိုင်လီတို့ကို အခွင့်အရေး ပေးမှာဖြစ်ကာ ဗဟိုခံစစ်နေရာအတွက် ကစားသမားသစ် ထည့်သွင်းဖို့က မဖြစ်နိုင်သလောက် အနေအထားဖြစ်တယ်။

ယူနိုက်တက်ရဲ့ ဦးစားပေး အစီအစဉ်က တိုက်စစ်သမား တစ်ဦးနဲ့ ကွင်းလယ်လူ နှစ်ဦးကို ခေါ်ယူဖို့ ဖြစ်ပြီး ဈေးကွက် တစ်ခုတည်းမှာ ကစားသမား သုံးဦးထက် ပိုပြီး ခေါ်ယူဖို့လည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ စမောလင်းနဲ့ ဖီးဂျုံးလို ကစားသမားတွေကို ရောင်းထုတ်မှာဖြစ်ကာ ကစားသမား အထွက်အပေါ် မူတည်းပြီး နောက်ထပ် ရွှေးချယ်မှုတွေတော့ ရှိလာပါမယ်။

ယူနိုက်တက်ဟာ ဆန်ချိုကို ခေါ်ယူဖို့ကို အဓိက ပစ်မှတ်အဖြစ် ဦးတည်နေတာဖြစ်ပြီး ကွင်းလယ်ပိုင်းမှာလည်း ကစားသမားသစ်တွေနဲ့ ချိတ်ဆက်နေတယ်။ ခံစစ်မှာတော့ လူငယ်လေး ဖိုဆူ မန်ဆာကို နေရာပေးမှုတွေလည်း ပြုလုပ်မှာဖြစ်ကာ မန်နေဂျာဆိုးရှားအတွက် လူစာရင်း ရွှေ့းချယ်မှုထဲ ဆန်းချက်စ်လည်း ပြန်လည် ပါဝင်လာမှာ ဖြစ်ပါတယ်။

ZAWGYI

ဒီလေတြအတြင္း က်ယ္ျပန္႔စြာ ထြက္ေပၚေနတဲ့ ယူႏုိက္တက္ရဲ႕ အေျပာင္းအေရႊ႔ ကိစၥေတြန႔ ပက္သက္ျပီး ျဖစ္လာႏုိင္ဖြယ္ မရွိတဲ့ ကိစၥ ႏွစ္ခုကို The Athletic က ေဖာ္ျပသြားပါတယ္။

ယူႏုိက္တက္ဟာ ေႏြအေျပာင္းအေရႊ႔ကို အသံုးစရိတ္ အလံုးအရင္းနဲ႔ ဝင္ေရာက္လာမွာ ျဖစ္ေပမယ့္ တစ္ၾကိမ္ထဲမွာ ကစားသမားသံုးဦးထက္ ပိုျပီး ေခၚယူျခင္း လုပ္မွာ မဟုတ္ဘူး။ ဒါ့အျပင္ ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီအတြက္ အိုထရတ္ဖိုဒ့္ကို ဝင္ေရာက္လာမယ့္ ကစားသမားသစ္ေတြထဲမွာ ခံစစ္မွဴးသစ္ ပါဝင္လာဖို႔ မရွိပါဘူး။

ယူႏုိက္တက္ဟာ မက္ဂြဲရားကို ေခၚယူထားခဲ့ရာမွာ ခံစစ္ပိုင္း တည္ျငိမ္မႈေတြ ရွိလာခဲ့ျပီး အေျခခံေကာင္းေတြ တည္ေဆာက္လာႏုိင္ပါျပီ။ တြဲဘက္ေတြအျဖစ္ လင္ဒီေအာ့နဲ႔ ဘိုင္လီတို႔ကို အခြင့္အေရး ေပးမွာျဖစ္ကာ ဗဟိုခံစစ္ေနရာအတြက္ ကစားသမားသစ္ ထည့္သြင္းဖို႔က မျဖစ္ႏုိင္သေလာက္ အေနအထားျဖစ္တယ္။

ယူႏုိက္တက္ရဲ႕ ဦးစားေပး အစီအစဥ္က တိုက္စစ္သမား တစ္ဦးနဲ႔ ကြင္းလယ္လူ ႏွစ္ဦးကို ေခၚယူဖို႔ ျဖစ္ျပီး ေစ်းကြက္ တစ္ခုတည္းမွာ ကစားသမား သံုးဦးထက္ ပိုျပီး ေခၚယူဖို႔လည္း ျဖစ္လာမွာ မဟုတ္ပါဘူး။ စေမာလင္းနဲ႔ ဖီးဂ်ံဳးလို ကစားသမားေတြကို ေရာင္းထုတ္မွာျဖစ္ကာ ကစားသမား အထြက္အေပၚ မူတည္းျပီး ေနာက္ထပ္ ေရႊးခ်ယ္မႈေတြေတာ့ ရွိလာပါမယ္။

ယူႏုိက္တက္ဟာ ဆန္ခ်ိဳကို ေခၚယူဖို႔ကို အဓိက ပစ္မွတ္အျဖစ္ ဦးတည္ေနတာျဖစ္ျပီး ကြင္းလယ္ပိုင္းမွာလည္း ကစားသမားသစ္ေတြနဲ႔ ခ်ိတ္ဆက္ေနတယ္။ ခံစစ္မွာေတာ့ လူငယ္ေလး ဖိုဆူ မန္ဆာကို ေနရာေပးမႈေတြလည္း ျပဳလုပ္မွာျဖစ္ကာ မန္ေနဂ်ာဆိုးရွားအတြက္ လူစာရင္း ေရႊ႔းခ်ယ္မႈထဲ ဆန္းခ်က္စ္လည္း ျပန္လည္ ပါဝင္လာမွာ ျဖစ္ပါတယ္။