ပေါ့ဘာ မပါလည်း ယူနိုက်တက်က ဘာမှ မဖြစ်ဘဲ ပိုတောင် ကောင်းသွားတယ်လို့ သုံးသပ်ခဲ့တဲ့ ရှီးယား
မန်ချက်စတာယူနိုက်တက်ဟာ အားထားရတဲ့ အဓိက ကွင်းလယ်ကစားသမား ပေါ့ဘာ မပါဝင်နိုင်ချိန်မှာ တိုးတက်ပြောင်းလဲ လာနိုင်တာက တိုက်ဆိုင်မှု သက်သက် မဟုတ်ကြောင်း နယူးကာဆယ် ကစားသမားဟောင်းကြီး အလန်ရှီးယားက သုံးသပ် ပြောဆိုလိုက်ပါတယ်။
ပေါ့ဘာဟာ ဘောလုံးသုံးသပ်သူများရဲ့ ပစ်မှတ် တစ်ခုလို ဖြစ်နေပြီး အမြဲလို ဝေဖန်ပြောဆိုမှုများလည်း ခံယူရလေ့ ရှိပါတယ်။ ဒါပေမယ့် ဒီဘောလုံးရာသီမှာတော့ ဒဏ်ရာများကြောင့် ယူနိုက်တက်ရဲ့ ပွဲစဉ် တော်တော်များများ မပါဝင်နိုင်ဘဲ လွဲချော်ခဲ့ပါတယ်။
ဆိုးရှား ဦးဆောင်တဲ့ ယူနိုက်တက်ဟာ ပေါ့ဘာ မပါဝင်နိုင်တဲ့ ကွင်းလယ်မှာ တော်မီနေးနဲ့ ရအောင် ထိန်းကျောင်းထားခဲ့ပြီး အသင်းရဲ့ လိုအပ်တဲ့နေရာများကို ကောင်းစွာ စီမံနိုင်ခဲ့ပါတယ်။ ကိုရိုနာကြောင့် ဘောလုံးပွဲများ မရပ်နားခင်မှာ ယူနိုက်တက်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာ ရောက်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ အခြေအနေကောင်းများ ရှိနေခဲ့ပါတယ်။
ပေါ့ဘာကို ရီးရဲလ်မက်ဒရစ်နဲ့ အသင်းဟောင်း ဂျူဗင်တပ်တို့ကို ခေါ်ယူလိုနေပြီး အလန်ရှီးယားကတော့ ပေါ့ဘာကို ရောင်းထုတ်လိုက်တောင် ယူနိုက်တက်က ဘာမှ ထိခိုက်မှာ မဟုတ်ဘဲ ပိုတောင် ကောင်းသွားဦးမယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။
” ပေါ့ဘာနဲ့ ပတ်သတ်တဲ့ ကိစ္စမှန်သမျှဟာ စိတ်ဝင်စားစရာအတော်လေးကောင်းပါတယ်။ သူ့အနေနဲ့ အလုပ်ကို လက်ကြောတင်းတင်း လုပ်မလား.. ဒါမှမဟုတ် စာချုပ်သက်တမ်း နောက်ဆုံးနှစ်မှာ တခြားအသင်းကို အလွတ်ကြေးနဲ့ ပြောင်းမလား။ ဆိုးရှားကတော့ အသင်းအတွက် ပေးဆပ်လိုစိတ်ရှိတဲ့ ကစားသမားတွေကိုပဲ အသင်းမှာ ဆက်ထားချင်မှာပါ။ ဒါမှလည်း မျှမျှတတဖြစ်မှာပေါ့၊ ပေါ့ဘာရယ် သူ့ရဲ့ အေးဂျင့် ရိုင်းအိုလာတို့နဲ့ ပတ်သတ်ပြီး ဆိုးရှားလည်း ကောင်းကောင်း သဘောပေါက်လောက်ပါပြီ။
ဘောလုံးပွဲတွေ မနားခင်တုန်းက မန်ချက်စတာ ယူနိုက်တက်မှာ ပေါ့ဘာ မပါနိုင်ပေမယ့် အသင်းမှာ တိုးတက်ပြောင်းလဲမှုတွေကို မြင်လိုက် ရတယ်။ ပြင်သစ်သားက ရာသီအစကတည်းက အသင်းအတွက် နည်းနည်းလေးပဲ ကစားပေးထားတယ်။ ဒီအချက်တွေက ဆိုးလ်ရှားရဲ့ ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးလာနိုင်ပါတယ်။
ကျွန်တော့်ရဲ့ ခန့်မှန်းချက် အရတော့ ဆိုးရှားနဲ့ ကလပ်ဟာ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ချပြီးလောက်ပါပြီ။ ကစားသမားတစ်ယောက်က ဘာလုပ်ချင်မှန်း မသိဘဲ စာချုပ်သက်တမ်း နောက်ဆုံးတစ်နှစ်လောက်ထိ သူတို့ ထားမယ်လို့တော့ မထင်ပါဘူး။ ” လို့ ရှီးယားက သုံးသပ် ခဲ့ပါတယ်။
Zawgyi – မန္ခ်က္စတာယူနိုက္တက္ဟာ အားထားရတဲ့ အဓိက ကြင္းလယ္ကစားသမား ေပါ့ဘာ မပါ၀င္နိုင္ခ်ိန္မွာ တိုးတက္ေျပာင္းလဲ လာနုိင္တာက တိုက္ဆိုင္မႈ သက္သက္ မဟုတ္ေၾကာင္း နယူးကာဆယ္ ကစားသမားေဟာင္းၾကီး အလန္ရွီးယားက သံုးသပ္ ေျပာဆိုလိုက္ပါတယ္။
ေပါ့ဘာဟာ ေဘာလံုးသံုးသပ္သူမ်ားရဲ႕ ပစ္မွတ္ တစ္ခုလို ျဖစ္ေနျပီး အျမဲလို ေ၀ဖန္ေျပာဆိုမႈမ်ားလည္း ခံယူရေလ့ ရွိပါတယ္။ ဒါေပမယ့္ ဒီေဘာလံုးရာသီမွာေတာ့ ဒဏ္ရာမ်ားေၾကာင့္ ယူနိုက္တက္ရဲ႕ ပြဲစဥ္ ေတာ္ေတာ္မ်ားမ်ား မပါ၀င္နုိင္ဘဲ လြဲေခ်ာ္ခဲ့ပါတယ္။
ဆုိးရွား ဦးေဆာင္တဲ့ ယူနိုက္တက္ဟာ ေပါ့ဘာ မပါ၀င္နုိင္တဲ့ ကြင္းလယ္မွာ ေတာ္မီေနးနဲ႕ ရေအာင္ ထိန္းေက်ာင္းထားခဲ့ျပီး အသင္းရဲ႕ လိုအပ္တဲ့ေနရာမ်ားကို ေကာင္းစြာ စီမံနုိင္ခဲ့ပါတယ္။ ကိုရိုနာေၾကာင့္ ေဘာလံုးပြဲမ်ား မရပ္နားခင္မွာ ယူနိုက္တက္က ပရီးမီးယားလိဂ္ အမွတ္ေပးဇယား အဆင့္ ၅ ေနရာ ေရာက္ေနျပီး ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရဖို႔ အေျခအေနေကာင္းမ်ား ရွိေနခဲ့ပါတယ္။
ေပါ့ဘာကို ရီးရဲလ္မက္ဒရစ္နဲ႕ အသင္းေဟာင္း ဂ်ဴဗင္တပ္တို႔ကို ေခၚယူလိုေနျပီး အလန္ရွီးယားကေတာ့ ေပါ့ဘာကို ေရာင္းထုတ္လိုက္ေတာင္ ယူနိုက္တက္က ဘာမွ ထိခိုက္မွာ မဟုတ္ဘဲ ပိုေတာင္ ေကာင္းသြားဦးမယ္လို႔ သံုးသပ္ေျပာဆိုခဲ့ပါတယ္။
” ေပါ့ဘာနဲ႕ ပတ္သတ္တဲ့ ကိစၥမွန္သမွ်ဟာ စိတ္ဝင္စားစရာအေတာ္ေလးေကာင္းပါတယ္။ သူ႔အေနနဲ႔ အလုပ္ကို လက္ေၾကာတင္းတင္း လုပ္မလား.. ဒါမွမဟုတ္ စာခ်ဳပ္သက္တမ္း ေနာက္ဆုံးႏွစ္မွာ တျခားအသင္းကို အလြတ္ေၾကးနဲ႔ ေျပာင္းမလား။ ဆိုးရွားကေတာ့ အသင္းအတြက္ ေပးဆပ္လိုစိတ္ရွိတဲ့ ကစားသမားေတြကိုပဲ အသင္းမွာ ဆက္ထားခ်င္မွာပါ။ ဒါမွလည္း မွ်မွ်တတျဖစ္မွာေပါ့၊ ေပါ့ဘာရယ္ သူ႔ရဲ႕ ေအးဂ်င့္ ႐ိုင္းအိုလာတို႕နဲ႔ ပတ္သတ္ၿပီး ဆိုးရွားလည္း ေကာင္းေကာင္း သေဘာေပါက္ေလာက္ပါၿပီ။
ေဘာလုံးပြဲေတြ မနားခင္တုန္းက မန္ခ်က္စတာ ယူႏိုက္တက္မွာ ေပါ့ဘာ မပါႏိုင္ေပမယ့္ အသင္းမွာ တိုးတက္ေျပာင္းလဲမႈေတြကို ျမင္လိုက္ ရတယ္။ ျပင္သစ္သားက ရာသီအစကတည္းက အသင္းအတြက္ နည္းနည္းေလးပဲ ကစားေပးထားတယ္။ ဒီအခ်က္ေတြက ဆိုးလ္ရွားရဲ႕ ဆုံးျဖတ္ခ်က္ေတြကို လႊမ္းမိုးလာႏိုင္ပါတယ္။
ကြၽန္ေတာ့္ရဲ႕ ခန္႔မွန္းခ်က္ အရေတာ့ ဆိုးရွားနဲ႔ ကလပ္ဟာ သူတို႔ရဲ႕ ဆုံးျဖတ္ခ်က္ေတြကို ခ်ၿပီးေလာက္ပါၿပီ။ ကစားသမားတစ္ေယာက္က ဘာလုပ္ခ်င္မွန္း မသိဘဲ စာခ်ဳပ္သက္တမ္း ေနာက္ဆုံးတစ္ႏွစ္ေလာက္ထိ သူတို႔ ထားမယ္လို႔ေတာ့ မထင္ပါဘူး။ ” လိို႕ ရွီးယားက သံုးသပ္ ခဲ့ပါတယ္။