ဂရင်းဝုဒ်မဟုတ်ဘဲ ဖရက် ရွေးလိုက်တဲ့ ယူနိုက်တက် အကောင်းဆုံး လူငယ်ကစားသမား

မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ဖရက်က ဒီရာသီမှာ အသင်း အကယ်ဒမီ ကစားသမားတချို့ တောက်ပလာတဲ့ အပေါ် ချီးကျူးလိုက်ပြီး သူ အထင်ကြီးမိဆုံး ယူနိုက်တက် အကောင်းဆုံး လူငယ်ကစားသမား အဖြစ် ဂျိမ်းစ် ဂါနာကို ချီးကျူးလိုက်ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားဟာ အသင်းကို လူငယ်ကစားသမားတွေနဲ့ အခြေပြု တည်ဆောက်ဖို့ ကြိုးစားနေရာ ယူနိုက်တက် စီနီယာအသင်းကြီး အတွက် ကစားထားတဲ့ လူငယ်တွေထဲမှာ မေဆန် ဂရင်းဝုဒ်က ၃၆ ပွဲ ကစား ၁၂ ဂိုး သွင်းထားပြီး ဘရန်ဒန် ဝီလီယံကလည်း ၂၆ ပွဲ ပါဝင် ကစားခွင့် ရထားပါတယ်။

အသင်းကြီးနဲ့ အတူ မကြာခဏ ပါဝင် ကစားခွင့်ရထားတဲ့ နောက်ထပ် လူငယ်ကတော့ ကွင်းလယ်ကစားသမား ဂျိမ်းစ် ဂါနာပဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ပွဲတွေမှာ ဂါနာက တစ်ပွဲသာ ပါဝင်ကစားထားပေမယ့် ဖရက်ကတော့ ဂါနာဟာ တောက်ပတဲ့ အနာဂတ် ပိုင်ဆိုင်ထားတဲ့ လူငယ်လေး ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ယူနိုက်တက် လူငယ် ကစားသမားတွေထဲ ဘယ်သူ့ ခြေစွမ်းသဘောအကျဆုံးလဲ မေးခွန်းထုတ်ခံရရာမှာ ဖရက်က အခုလို ဖြေကြားခဲ့ပါတယ်။

” ကလပ်အသင်းက အကယ်ဒမီ လူငယ် ကစားသမားတွေကို သုံးနေတာက အရေးကြီးတဲ့ ကိစ္စ ဖြစ်တယ်။ ဒီလူငယ်လေးတွေကနေ ပရော်ဖက်ရှင်နယ် ဖြစ်လာပြီး ကလပ်အသင်း သမိုင်းမှာ နာမည်ကျော်လာတဲ့ သမိုင်းကြောင်းတွေကလည်း ရှိထားတယ်။

ဒီ လုပ်ငန်းစဉ်က တကယ်အရေးကြီးပါတယ်။ လူငယ်တွေ အားလုံးက သိပ်ကောင်းကြတယ်။ ဒီ ပရော်ဖက်ရှင်နယ် အလုပ်မှာ သူတို့က ခုမှ စတင်စ ဖြစ်တယ်။ ကျနော့်ကို အထင်ကြီးစေဆုံး ကစားသမားကတော့ ဂျိမ်းစ် ဂါနာပါ။ သူက ကျနော်နဲ့ နေရာတူ ကစားလို့ သဘောကျတာ မဟုတ်ဘူး။ သူ့ဆီမှာ ပွဲ အပေါ် အမြင်ကောင်းတွေ ရှိတယ်။ ယူနိုက်တက်နဲ့ အတူ အနာဂတ်ကြီး ပိုင်ဆိုင်ထားတဲ့ လူငယ်လေး ဖြစ်တယ်။

ပွဲ အပေါ် အမြင် အပြင် သူက အမြဲတမ်း တက်တက်ကြွကြွ ရှိတယ်။ ကန်ချက်ကောင်းတယ် ပေးပို့မှုလည်း ကောင်းတယ်။ ကျနေ်ာ သူ့ကို တော်တော် လေးစားသဘောကျတာပါ။ ” လို့ ဖရက်က ဆိုခဲ့ပါတယ်။

ဂါနာက စီနီယာအသင်းကြီးနဲ့ အတူ ဒီရာသီ ပွဲအများကြီး ပါဝင် ကစားခွင့် မရသေးသည့်တိုင် ဆိုးရှားက ကွင်းလယ်လူငယ်လေးကို အငှား မစေလွှတ်ဘဲ အသင်းနဲ့ အတူ ဆက်ထိန်းထားကာ အသုံးပြုဖို့ အစီအစဉ်ကောင်းတွေ ရှိထားပါတယ်။

Zawgyi – မန္ခ်က္စတာယူနိုက္တက္ ကြင္းလယ္ကစားသမား ဖရက္က ဒီရာသီမွာ အသင္း အကယ္ဒမီ ကစားသမားတခ်ိဳ႕ ေတာက္ပလာတဲ့ အေပၚ ခ်ီးက်ဴးလိုက္ျပီး သူ အထင္ၾကီးမိဆံုး ယူနိုက္တက္ အေကာင္းဆံုး လူငယ္ကစားသမား အျဖစ္ ဂ်ိမ္းစ္ ဂါနာကို ခ်ီးက်ဴးလိုက္ပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားဟာ အသင္းကို လူငယ္ကစားသမားေတြနဲ႕ အေျချပဳ တည္ေဆာက္ဖို႔ ၾကိဳးစားေနရာ ယူနိုက္တက္ စီနီယာအသင္းၾကီး အတြက္ ကစားထားတဲ့ လူငယ္ေတြထဲမွာ ေမဆန္ ဂရင္း၀ုဒ္က ၃၆ ပြဲ ကစား ၁၂ ဂိုး သြင္းထားျပီး ဘရန္ဒန္ ၀ီလီယံကလည္း ၂၆ ပြဲ ပါ၀င္ ကစားခြင့္ ရထားပါတယ္။

အသင္းၾကီးနဲ႕ အတူ မၾကာခဏ ပါ၀င္ ကစားခြင့္ရထားတဲ့ ေနာက္ထပ္ လူငယ္ကေတာ့ ကြငး္လယ္ကစားသမား ဂ်ိမ္းစ္ ဂါနာပဲ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ ပြဲေတြမွာ ဂါနာက တစ္ပြဲသာ ပါ၀င္ကစားထားေပမယ့္ ဖရက္ကေတာ့ ဂါနာဟာ ေတာက္ပတဲ့ အနာဂတ္ ပုိင္ဆိုင္ထားတဲ့ လူငယ္ေလး ျဖစ္တယ္လို႔ ယံုၾကည္ေနပါတယ္။

ယူနိုက္တက္ လူငယ္ ကစားသမားေတြထဲ ဘယ္သူ႔ ေျခစြမ္းသေဘာအက်ဆံုးလဲ ေမးခြန္းထုတ္ခံရရာမွာ ဖရက္က အခုလို ေျဖၾကားခဲ့ပါတယ္။

” ကလပ္အသင္းက အကယ္ဒမီ လူငယ္ ကစားသမားေတြကို သံုးေနတာက အေရးၾကီးတဲ့ ကိစၥ ျဖစ္တယ္။ ဒီလူငယ္ေလးေတြကေန ပေရာ္ဖက္ရွင္နယ္ ျဖစ္လာျပီး ကလပ္အသင္း သမိုင္းမွာ နာမည္ေက်ာ္လာတဲ့ သမိုင္းေၾကာင္းေတြကလည္း ရွိထားတယ္။

ဒီ လုပ္ငန္းစဥ္က တကယ္အေရးၾကီးပါတယ္။ လူငယ္ေတြ အားလံုးက သိပ္ေကာင္းၾကတယ္။ ဒီ ပေရာ္ဖက္ရွင္နယ္ အလုပ္မွာ သူတို႔က ခုမွ စတင္စ ျဖစ္တယ္။ က်ေနာ့္ကို အထင္ၾကီးေစဆံုး ကစားသမားကေတာ့ ဂ်ိမ္းစ္ ဂါနာပါ။ သူက က်ေနာ္နဲ႕ ေနရာတူ ကစားလို႔ သေဘာက်တာ မဟုတ္ဘူး။ သူ႔ဆီမွာ ပြဲ အေပၚ အျမင္ေကာင္းေတြ ရွိတယ္။ ယူနိုက္တက္နဲ႕ အတူ အနာဂတ္ၾကီး ပိုင္ဆိုင္ထားတဲ့ လူငယ္ေလး ျဖစ္တယ္။

ပြဲ အေပၚ အျမင္ အျပင္ သူက အျမဲတမ္း တက္တက္ၾကြၾကြ ရွိတယ္။ ကန္ခ်က္ေကာင္းတယ္ ေပးပို႔မႈလည္း ေကာင္းတယ္။ က်ေန္ာ သူ႔ကို ေတာ္ေတာ္ ေလးစားသေဘာက်တာပါ။ ” လို႔ ဖရက္က ဆိုခဲ့ပါတယ္။

ဂါနာက စီနီယာအသင္းၾကီးနဲ႕ အတူ ဒီရာသီ ပြဲအမ်ားၾကီး ပါ၀င္ ကစားခြင့္ မရေသးသည့္တိုင္ ဆိုးရွားက ကြင္းလယ္လူငယ္ေလးကို အငွား မေစလႊတ္ဘဲ အသင္းနဲ႕ အတူ ဆက္ထိန္းထားကာ အသံုးျပဳဖို႔ အစီအစဥ္ေကာင္းေတြ ရွိထားပါတယ္။