မေလမှာ လေ့ကျင့်ရေး ပြန်ဆင်းဖို့ ပြင်ဆင်နေပြီလို့ ယူနိုက်တက် လက်ထောက်နည်းပြ အတည်ပြု

မေလမှာ ယူနိုက်တက်ဟာ လေ့ကျင့်ရေး အစီအစဉ်တွေကို စတင် လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်လာကြောင်း ယူနိုက်တက် လက်ထောက်နည်းပြ ကီရန် မက်ကန်နာက အတည်ပြု ပြောဆိုလာပါတယ်။

ဗြိတိန်မှာ ကိုရိုနာကြောင် ပြိုင်ပွဲတွေကို ရပ်နားထားရတာဖြစ်ပြီး နောက်ထပ် သီတင်းပတ် အနည်းငယ် ဆက်လက် ရပ်နားရဦးမှာဖြစ်ကာ ပြန်ကစားနိုင်မယ့် ရက်စွဲကို မသိရသေးတာဖြစ်တယ်။ ဒါပေမယ့် ယူနိုက်တက်က ဘောလုံးပွဲတွေကို ပြန်ကစားနိုင်ရင် အဆင်သင့် ဖြစ်နေစေဖို့ လေ့ကျင့်ရေးကို ပုံမှန်အတိုင်း ပြန်စဖို့ ခြေလှမ်း ပြင်လာခဲ့တာဖြစ်ပါတယ်။

ကိုရိုနာ ကပ်ဘေးဟာ ဘောလုံးနဲ့ အားကစားလောကကို မယုံနိုင်လောက်အောင် ရိုက်ခတ်သွားမှာဖြစ်ပြီး သေချာရေရာတဲ့ နည်းလမ်း တစ်ခုကိုတောင် ဆက်လက် ညိနှိုင်း လုပ်ဆောင်လို့မရတဲ့ အနေအထားကို သယ်ဆောင်သွားခဲ့ပါတယ်။ အစောဆုံး ပွဲ ကျင်းပနိုင်ရင်တောင် ဧပရယ်လ ၃၀ ရက်နေ့လို့ ခန့်မှန်းခဲ့ပေမယ့် ဒီရက်စွဲက အကြောင်း အမျိုးမျိုးကြောင့် နောက်ကို ဆုတ်ရဖို့ ရှိလာခဲ့တယ်။

ပရီးမီးယားလိဂ် ကလပ်တွေထဲမှာတော့ လက်ကျန် ဘောလုံးရာသီကို ပုံမှန်အတိုင်း အပြီးမသတ်နိုင်ဘူးဆိုရင် ကွင်းပိတ်ကန်ဖို့ကို အစိတ်အပိုင်း တစ်ခုအနေနဲ့ လုပ်ဆောင်ဖို့ ယူဆချက်တွေ တိုးပွားလာပါတယ်။ များစွာသော အမှူဆောင်ချုပ်တွေနဲ့ ဥက္ကဌတွေက ကွင်းပိတ်ကန်ခြင်း တစ်ခုတည်းကပဲ ဘောလုံးရာသီကို ခပ်မြန်မြန် ဖြတ်ခြင်းကို ရှောင်ရှားဖို့နဲ့ ရာသီကို အပြီးသတ်ဖို့ ကိစ္စအတွက် တစ်ခုတည်းသော ရွှေးချယ်စရာလို့ မြင်တယ်။

ပရီးမီးယားလိဂ်ကလပ်တွေက ပြီးခဲ့တဲ့ ကြာသပတေးနေ့ အစည်းအဝေးမှာ ရာသီ ပုံမှန် အဆုံးသတ်နေကျ ဇွန်လ ၁ ရက်နေ့ နောက်ပိုင်းမှာလည်း ဘောလုံးရာသီကို ရှေ့ဆက်ဖို့ ဆန္ဒရှိကြောင်း ထပ်ပြီးတော့ အတည်ပြုခဲ့ပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်က ဇွန်လ ၃၀ ရက်နေ့မှာ အပြီးသတ်လိုကြောင်း သိထားရတာဖြစ်ပါတယ်။

ZAWGYI – ေမလမွာ ယူႏုိက္တက္ဟာ ေလ့က်င့္ေရး အစီအစဥ္ေတြကို စတင္ လုပ္ေဆာင္ႏုိင္ဖို႔ ရည္ရြယ္လာေၾကာင္း ယူႏုိက္တက္ လက္ေထာက္နည္းျပ ကီရန္ မက္ကန္နာက အတည္ျပဳ ေျပာဆိုလာပါတယ္။

ျဗိတိန္မွာ ကိုရိုနာေၾကာင္ ျပိဳင္ပြဲေတြကို ရပ္နားထားရတာျဖစ္ျပီး ေနာက္ထပ္ သီတင္းပတ္ အနည္းငယ္ ဆက္လက္ ရပ္နားရဦးမွာျဖစ္ကာ ျပန္ကစားႏုိင္မယ့္ ရက္စြဲကို မသိရေသးတာျဖစ္တယ္။ ဒါေပမယ့္ ယူႏုိက္တက္က ေဘာလံုုးပြဲေတြကို ျပန္ကစားႏုိင္ရင္ အဆင္သင့္ ျဖစ္ေနေစဖို႔ ေလ့က်င့္ေရးကို ပံုမွန္အတိုင္း ျပန္စဖို႔ ေျခလွမ္း ျပင္လာခဲ့တာျဖစ္ပါတယ္။

ကိုရိုနာ ကပ္ေဘးဟာ ေဘာလံုးနဲ႔ အားကစားေလာကကို မယံုႏုိင္ေလာက္ေအာင္ ရိုက္ခတ္သြားမွာျဖစ္ျပီး ေသခ်ာေရရာတဲ့ နည္းလမ္း တစ္ခုကိုေတာင္ ဆက္လက္ ညိႏိႈင္း လုပ္ေဆာင္လို႔မရတဲ့ အေနအထားကို သယ္ေဆာင္သြားခဲ့ပါတယ္။ အေစာဆံုး ပြဲ က်င္းပႏုိင္ရင္ေတာင္ ဧပရယ္လ ၃၀ ရက္ေန႔လို႔ ခန္႔မွန္းခဲ့ေပမယ့္ ဒီရက္စြဲက အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ေနာက္ကို ဆုတ္ရဖို႔ ရွိလာခဲ့တယ္။

ပရီးမီးယားလိဂ္ ကလပ္ေတြထဲမွာေတာ့ လက္က်န္ ေဘာလံုးရာသီကို ပံုမွန္အတိုင္း အျပီးမသတ္ႏုိင္ဘူးဆိုရင္ ကြင္းပိတ္ကန္ဖို႔ကို အစိတ္အပိုင္း တစ္ခုအေနနဲ႔ လုပ္ေဆာင္ဖို႔ ယူဆခ်က္ေတြ တိုးပြားလာပါတယ္။ မ်ားစြာေသာ အမွဴေဆာင္ခ်ဳပ္ေတြနဲ႔ ဥကၠဌေတြက ကြင္းပိတ္ကန္ျခင္း တစ္ခုတည္းကပဲ ေဘာလံုးရာသီကို ခပ္ျမန္ျမန္ ျဖတ္ျခင္းကို ေရွာင္ရွားဖို႔နဲ႔ ရာသီကို အျပီးသတ္ဖို႔ ကိစၥအတြက္ တစ္ခုတည္းေသာ ေရႊးခ်ယ္စရာလို႔ ျမင္တယ္။

ပရီးမီးယားလိဂ္ကလပ္ေတြက ျပီးခဲ့တဲ့ ၾကာသပေတးေန႔ အစည္းအေဝးမွာ ရာသီ ပံုမွန္ အဆံုးသတ္ေနက် ဇြန္လ ၁ ရက္ေန႔ ေနာက္ပိုင္းမွာလည္း ေဘာလံုးရာသီကို ေရွ႔ဆက္ဖို႔ ဆႏၵရွိေၾကာင္း ထပ္ျပီးေတာ့ အတည္ျပဳခဲ့ပါတယ္။ ဥေရာပေဘာလံုးအဖြဲ႔ခ်ဳပ္က ဇြန္လ ၃၀ ရက္ေန႔မွာ အျပီးသတ္လိုေၾကာင္း သိထားရတာျဖစ္ပါတယ္။