ပေါင် သန်း ၅၀ တန် ခံစစ်မှူးကို ဗန်ဟားလ် ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရနိုင်ခဲ့ပေမယ့် မအောင်မြင်ခဲ့

မန်ချက်စတာယူနိုက်တက်ဟာ လိုက်ပ်ဇစ်အသင်းမှ ပေါင် သန်း ၅၀ တန် ခံစစ်မှူး ဒါရော့ အူပါမီကာနိုကို လာမယ့် အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ အူပါမီကာနိုကို လွန်ခဲ့တဲ့ ငါးနှစ် ဗန်ဟားလ် ယူနိုက်တက် နည်းပြ အဖြစ် ရှိစဉ်က ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူခွင့် ရှိခဲ့ပေမယ့် ၎င်းက မအောင်မြင်ခဲ့ပါဘူး။

လောလောဆယ်မှာတော့ ပြင်သစ်သား ခံစစ်မှူးဟာ အတည်ငြိမ်ဆုံး ဗဟိုခံစစ်မှူးတွေထဲ ပါဝင်လာသူ ဖြစ်ပြီး အသက် ၂၁ နှစ် အရွယ်မှာတင် လိုက်ပ်ဇစ်ရဲ့ ဗဟိုခံစစ်မှာ အဓိက ကစားသမား အဖြစ် နေရာယူနိုင်သူ ဖြစ်ပါတယ်။

အူပါမီကာနိုကို ကို ခေါ်ယူလိုနေတဲ့ အသင်းတွေထဲမှာ ယူနိုက်တက် အပြင် အာဆင်နယ်၊ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာ အသင်းတို့ ပါဝင်နေပြီး ထိုအသင်းတွေ အားလုံးက ပြင်သစ်သားကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေလည်း ပြုလုပ်ထားပါတယ်။ လိုက်ပ်ဇစ်ကတော့ သူတို့ ခံစစ်မှူး အတွက် ပေါင် သန်း ၅၀ ကျော်တဲ့ ကမ်းလှမ်းမှုမှ လက်ခံ စဉ်းစားလိုနေပါတယ်။

လိုက်ပ်ဇစ်ဟာ အူပါမီကာနို ကို ၂၀၁၅ မှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရခဲ့တာ ဖြစ်ပြီး ထိုစဉ်က ယူနိုက်တက်လည်း ကြိုးစားခဲ့ပါတယ်။ အူပါမီကာနို ရဲ့ အရည်အချင်းကို အသက် ၁၆ နှစ်သားတည်းက သတိပြုမိခြင်း ခံခဲ့ရတာ ဖြစ်ပြီး ယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်ကွင်းထံ လာရောက် လည်ပတ်ဖို့ပါ ဖိတ်ခေါ်ခြင်း ခံခဲ့ရပါတယ်။

ထိုစဉ်က ပြင်သစ်ကလပ် Valenciennes မှာပဲ ရှိသေးတဲ့ အူပါမီကာနို ကို ယူနိုက်တက်က ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ပြင်သစ်သားကို မစည်းရုံးနိုင်ခဲ့ဘဲ လိုက်ပ်ဇစ်ရဲ့ မိတ်ဖက်ကလပ် Liefering ထံ သွားဖို့ အူပါမီကာနို က ရွေးချယ်ခဲ့တာပါ။

၂၀၁၅ က မအောင်မြင်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ ယူနိုက်တက် အတွက် ပေါင် သန်း ၅၀ လောက် ထပ်မံ ကုန်ကျသွားရဖွယ် ရှိလာနေပါတယ်။ ယူနိုက်တက်ဟာ အူပါမီကာနို ကို နာပိုလီမှ ကူလီဘိုင်လေကဲ့သို့ အရည်သွေးမြင့် ခံစစ်မှူး အဖြစ် သတ်မှတ်ထားပြီး ဆီနီဂေါသားကို ခေါ်ယူပါက ပေါင် သန်း ၉၀ လောက်ထိ သုံးရဖွယ် ရှိပါတယ်။ အူပါမီကာနို က ကူလီဘိုင်လေထက်တော့ ပို ဈေးသက်သာတဲ့ အနေအထားမှာ ရှိတာကြောင့် ယူနိုက်တက်တို့ ဒီတစ်ကြိမ်မှာတော့ အားစိုက် ကြိုးစားမယ် ယူဆရပါတယ်။

Zawgyi – မန္ခ်က္စတာယူနိုက္တက္ဟာ လိုက္ပ္ဇစ္အသင္းမွ ေပါင္ သန္း ၅၀ တန္ ခံစစ္မွဴး ဒါေရာ့ အူပါမီကာနိုကို လာမယ့္ အေျပာင္းအေရႊ႕မွာ ေခၚယူဖို႔ ပစ္မွတ္ထားေနပါတယ္။ အူပါမီကာနိုကို လြန္ခဲ့တဲ့ ငါးနွစ္ ဗန္ဟားလ္ ယူနုိက္တက္ နည္းျပ အျဖစ္ ရွိစဥ္က ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ေခၚယူခြင့္ ရွိခဲ့ေပမယ့္ ၄င္းက မေအာင္ျမင္ခဲ့ပါဘူး။

ေလာေလာဆယ္မွာေတာ့ ျပင္သစ္သား ခံစစ္မွဴးဟာ အတည္ျငိမ္ဆံုး ဗဟိုခံစစ္မွဴးေတြထဲ ပါ၀င္လာသူ ျဖစ္ျပီး အသက္ ၂၁ နွစ္ အရြယ္မွာတင္ လိုက္ပ္ဇစ္ရဲ႕ ဗဟိုခံစစ္မွာ အဓိက ကစားသမား အျဖစ္ ေနရာယူနိုင္သူ ျဖစ္ပါတယ္။

အူပါမီကာနိုကို ကို ေခၚယူလိုေနတဲ့ အသင္းေတြထဲမွာ ယူနိုက္တက္ အျပင္ အာဆင္နယ္၊ မန္စီးတီး၊ ဘိုင္ယန္ျမဴးနစ္နဲ႕ ဘာစီလိုနာ အသင္းတို႔ ပါ၀င္ေနျပီး ထိုအသင္းေတြ အားလံုးက ျပင္သစ္သားကို ေခၚယူဖို႔ ခ်ိတ္ဆက္မႈေတြလည္း ျပဳလုပ္ထားပါတယ္။ လိုက္ပ္ဇစ္ကေတာ့ သူတို႔ ခံစစ္မွဴး အတြက္ ေပါင္ သန္း ၅၀ ေက်ာ္တဲ့ ကမ္းလွမ္းမႈမွ လက္ခံ စဥ္းစားလိုေနပါတယ္။

လိုက္ပ္ဇစ္ဟာ အူပါမီကာနို ကို ၂၀၁၅ မွာ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ရခဲ့တာ ျဖစ္ျပီး ထိုစဥ္က ယူနိုက္တက္လည္း ၾကိဳးစားခဲ့ပါတယ္။ အူပါမီကာနို ရဲ႕ အရည္အခ်င္းကို အသက္ ၁၆ နွစ္သားတည္းက သတိျပဳမိျခင္း ခံခဲ့ရတာ ျဖစ္ျပီး ယူနိုက္တက္ရဲ႕ အိုးထရက္ဖို႔ဒ္ကြင္းထံ လာေရာက္ လည္ပတ္ဖို႔ပါ ဖိတ္ေခၚျခင္း ခံခဲ့ရပါတယ္။

ထိုစဥ္က ျပင္သစ္ကလပ္ Valenciennes မွာပဲ ရွိေသးတဲ့ အူပါမီကာနို ကို ယူနိုက္တက္က ေခၚယူဖို႔ ၾကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္ ျပင္သစ္သားကို မစည္းရံုးနုိင္ခဲ့ဘဲ လိုက္ပ္ဇစ္ရဲ႕ မိတ္ဖက္ကလပ္ Liefering ထံ သြားဖို႔ အူပါမီကာနို က ေရြးခ်ယ္ခဲ့တာပါ။

၂၀၁၅ က မေအာင္ျမင္ခဲ့တဲ့ ဆံုးျဖတ္ခ်က္ဟာ ယူနိုက္တက္ အတြက္ ေပါင္ သန္း ၅၀ ေလာက္ ထပ္မံ ကုန္က်သြားရဖြယ္ ရွိလာေနပါတယ္။ ယူနိုက္တက္ဟာ အူပါမီကာနို ကို နာပိုလီမွ ကူလီဘိုင္ေလကဲ့သို႔ အရည္ေသြးျမင့္ ခံစစ္မွဴး အျဖစ္ သတ္မွတ္ထားျပီး ဆီနီေဂါသားကို ေခၚယူပါက ေပါင္ သန္း ၉၀ ေလာက္ထိ သံုးရဖြယ္ ရွိပါတယ္။ အူပါမီကာနို က ကူလီဘိုင္ေလထက္ေတာ့ ပို ေစ်းသက္သာတဲ့ အေနအထားမွာ ရွိတာေၾကာင့္ ယူနိုက္တက္တို႔ ဒီတစ္ၾကိမ္မွာေတာ့ အားစိုက္ ၾကိဳးစားမယ္ ယူဆရပါတယ္။