ဆန်ချိုအတွက် ဂရင်းဝုဒ် အလိုရှိတဲ့ ဒေါ့မွန်ကို အရွှဲ့တိုက်တဲ့ ကမ်းလှမ်းမှု ပေးစေလိုတဲ့ ပရိသတ်များ

ယူနိုက်တက်ဟာ ဒေါ့မွန်တိုက်စစ်သမား ဆန်ချိုကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ လုပ်နေပြီး ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့က ချိတ်ဆက်ရာမှာ ဒေါ့မွန်ဘက်က ဂရင်းဝုဒ်ကို အလိုက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် ယူနိုက်တက်က ဆယ်ကျော်သက် တိုက်စစ်မှူးလေး ဂရင်းဝုဒ်ကို ရောင်းချဖို့ အစီအစဉ် မရှိတာကြောင့် ဆွေးနွေးမှုကလည်း အထမမြောက်ခဲ့ဘဲ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း ယူနိုက်တက်က ဆန်ချိုကို ခေါ်ယူဖို့ ဆက်လက် စိတ်ဝင်စားနေသော်လည်း ဂရင်းဝုဒ်ကိုတော့ ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုမှာ ထည့်သွင်းမှာ မဟုတ်ပါဘူး။

ဒေါ့မွန်အသင်းဟာ အင်္ဂလန်ရဲ့ အရည်အသွေးမြင့် လူငယ်ကစားသမားတွေကို ခေါ်ယူဖို့ အမြဲ စိတ်အားထက်သန်နေပြီး ဆန်ချိုကိုလည်း ထိုလမ်းစဉ်အတိုင်းပဲ အရခေါ်ယူခဲ့တာပါ။ လောလောဆယ်မှာလည်း ဘာမင်ဂမ် စီးတီးမှ လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်ကို ကင်းထောက် ချိတ်ဆက်နေပါတယ်။

သတင်းထောက် Duncan Castles က ယူနိုက်တက်ဟာ ဆန်ချိုကို ဒီနွေမှာ ခေါ်ယူဖို့ ထပ်မံ ညိနှိုင်းမှာဖြစ်ပေမယ့် ဂျာမနီကလပ်က တောင်းဆိုတဲ့ ပေါင် သန်း ၁၀၀ ကို မပေးလိုဘူးလို့ ဆိုတယ်။ ကိုရိုနာ ကပ်ဘေးကြောင့် ဘောလုံးသမားတွေရဲ့ တန်ကြေးတွေ ကျဆင်းမှာဖြစ်ကာ ယူနိုက်တက်ဘက်က ဆန်ချိုအတွက် ပေးလိုတဲ့ ပြောင်းရွှေ့ကြေးမှာ ယူရို သန်း ၆၀ ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

အဲ့သည် ပြောင်းရွှေ့ကြေးနဲ့တော့ ဒေါ့မွန်က ရောင်းထုတ်မှာ မဟုတ်ပဲ ကစားသမားကို အခြားသော အသင်းတွေထံ ချိတ်ဆက်ခွင့်ပြုတာ (သို့) နောက်တစ်နှစ်ကို ဒေါ့မွန်မှာပဲ ဆက်ကစားစေတာမျိုး လုပ်ဆောင်သွားမှာပါ။ ယူနိုက်တက် ပရိသတ်တွေကတော့ ကပ်စေးနဲ့တဲ့ အသင်းတာဝန်ရှိသူတွေကိုကော အကောင်းကြိုက်တဲ့ ဒေါ့မွန်ကိုပါ အရွှ့ဲတိုက်သောအားဖြင့် ပါရဲရား၊ လင်ဂတ်တို့ကို အလိုက်ပေးပြီး ယူရို သန်း ၆၀ နဲ့ ကမ်းလှမ်းဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္ဟာ ေဒါ့မြန္တိုက္စစ္သမား ဆန္ခ်ိဳကို ေခၚယူဖို႔ ခ်ဥ္းကပ္မႈေတြ လုပ္ေနျပီး ျပီးခဲ့တဲ့ ေႏြအေျပာင္းအေရႊ႔က ခ်ိတ္ဆက္ရာမွာ ေဒါ့မြန္ဘက္က ဂရင္းဝုဒ္ကို အလုိက္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။

ဒါေပမယ့္ ယူနိုက္တက္က ဆယ္ေက်ာ္သက္ တိုက္စစ္မွဴးေလး ဂရင္း၀ုဒ္ကို ေရာင္းခ်ဖို႔ အစီအစဥ္ မရွိတာေၾကာင့္ ေဆြးေႏြးမႈကလည္း အထမေျမာက္ခဲ့ဘဲ အေျပာင္းအေရႊ႕ ပ်က္ျပယ္ခဲ့ပါတယ္။ ဒီနွစ္မွာလည္း ယူနိုက္တက္က ဆန္ခ်ိဳကို ေခၚယူဖို႔ ဆက္လက္ စိတ္၀င္စားေနေသာ္လည္း ဂရင္း၀ုဒ္ကိုေတာ့ ေျပာင္းေရႊ႕ေၾကး ညွိနိႈင္းမႈမွာ ထည့္သြင္းမွာ မဟုတ္ပါဘူး။

ေဒါ့မြန္အသင္းဟာ အဂၤလန္ရဲ႕ အရည္အေသြးျမင့္ လူငယ္ကစားသမားေတြကို ေခၚယူဖို႔ အျမဲ စိတ္အားထက္သန္ေနျပီး ဆန္ခ်ိဳကိုလည္း ထိုလမ္းစဥ္အတိုင္းပဲ အရေခၚယူခဲ့တာပါ။ ေလာေလာဆယ္မွာလည္း ဘာမင္ဂမ္ စီးတီးမွ လူငယ္ၾကယ္ပြင့္ ဘယ္လင္ဟမ္ကို ကင္းေထာက္ ခ်ိတ္ဆက္ေနပါတယ္။

သတင္းေထာက္ Duncan Castles က ယူနုိက္တက္ဟာ ဆန္ခ်ိဳကို ဒီေႏြမွာ ေခၚယူဖို႔ ထပ္မံ ညိႏိႈင္းမွာျဖစ္ေပမယ့္ ဂ်ာမနီကလပ္က ေတာင္းဆိုတဲ့ ေပါင္ သန္း ၁၀၀ ကို မေပးလိုဘူးလို႔ ဆိုတယ္။ ကိုရိုနာ ကပ္ေဘးေၾကာင့္ ေဘာလံုးသမားေတြရဲ႕ တန္ေၾကးေတြ က်ဆင္းမွာျဖစ္ကာ ယူႏုိက္တက္ဘက္က ဆန္ခ်ိဳအတြက္ ေပးလိုတဲ့ ေျပာင္းေရႊ႔ေၾကးမွာ ယူရို သန္း ၆၀ ျဖစ္တယ္လို႔ ၄င္းက ဆိုပါတယ္။

အဲ့သည္ ေျပာင္းေရႊ႔ေၾကးနဲ႔ေတာ့ ေဒါ့မြန္က ေရာင္းထုတ္မွာ မဟုတ္ပဲ ကစားသမားကို အျခားေသာ အသင္းေတြထံ ခ်ိတ္ဆက္ခြင့္ျပဳတာ (သို႔) ေနာက္တစ္ႏွစ္ကို ေဒါ့မြန္မွာပဲ ဆက္ကစားေစတာမ်ိဳး လုပ္ေဆာင္သြားမွာပါ။ ယူႏုိက္တက္ ပရိသတ္ေတြကေတာ့ ကပ္ေစးနဲ႔တဲ့ အသင္းတာဝန္ရွိသူေတြကိုေကာ အေကာင္းၾကိဳက္တဲ့ ေဒါ့မြန္ကိုပါ အရႊ႔ဲတိုက္ေသာအားျဖင့္ ပါရဲရား၊ လင္ဂတ္တို႔ကို အလိုက္ေပးျပီး ယူရို သန္း ၆၀ နဲ႔ ကမ္းလွမ္းဖို႔ ေတာင္းဆိုေနၾကတာျဖစ္ပါတယ္။