ယူနိုက်တက် အကြီးအကဲ အက်ဝုဒ်ဝပ်က လာမယ့် အပြောင်းအရွှေ့ကာလအတွက် သတိပေးစကားဆို

မန်ချက်စတာယူနိုက်တက်ရဲ့ အမှုဆောင် ဒုတိယဥက္ကဌ ဖြစ်တဲ့ အက်ဝုဒ်ဝပ် က ကိုရိုနာ ရိုက်ခတ်မှုကြောင့် လာမယ့် နွေ အပြောင်းအရွှေ့ဟာ ခါတိုင်းလို ပုံမှန်လည်ပတ်နေဖို့ မမျှော်လင့်သင့်ကြောင်း သတိပေးစကား ဆိုလိုက်ပါတယ်။ ဝုဒ်ဝပ်က ဒေါ်လာသန်းပေါင်းများစွာ ပြောင်းရွှေ့ကြေးတွေ သိပ် မမျှော်လင့်ဖို့ ဆိုလိုခဲ့ခြင်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ သန်း ရာချီ တန်ကြေး ရှိတဲ့ ကစားသမားတွေကို ချိတ်ဆက်နေတယ် သတင်းကြီးနေပေမယ့် ဒါတွေက လက်တွေ့နဲ့ ကွင်းကွာနေတယ်လို့ ၎င်းက ဆိုခဲ့ပါတယ်။ အပြောင်းအရွှေ့ ဖွင့်တာနဲ့ ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေဆဲပါ။

ဒါပေမယ့် ကိုရိုနာကြောင့် ဘောလုံးပွဲတွေ ရပ်နားထားရတာက ကလပ်အသင်းတွေရဲ့ ဘဏ္ဍာရေးကို ထိခိုက်စေလာတာကြောင့် ယူနိုက်တက် အနေနဲ့လည်း မျှော်မှန်းထားတာထက် နည်းပါးတဲ့ အသုံးစရိတ်သာ သုံးစွဲရဖွယ် ရှိနေပါတယ်။

ယူနိုက်တက်ဟာ ဒေါ့မွန်တောင်ပံကစားသမား ဂျာဒန် ဆန်ချိုကို ထိပ်သီး ပစ်မှတ် အဖြစ် သတ်မှတ်ထားတဲ့အပြင် ပြီးခဲ့တဲ့နွေက ထွက်ခွာသွားတဲ့ တိုက်စစ်မှူး လူကာကူ နေရာ အစားထိုးဖို့ စပါးတိုက်စစ်မှူး ကိန်းကိုလည်း ပစ်မှတ်ထားနေကြောင်း သတင်းထွက်နေပါတယ်။

” ဘောလုံးမှာ အားလုံးက အခက်တွေ့နေတာကြောင့် ဘယ်ကလပ်အသင်း မဆို ပုံမှန် အတိုင်း လည်ပတ်နိုင်မယ်လို့ မျှော်လင့်ထားလို့ မရပါဘူး။ ကျနေ်ာတို့လည်း အပါအဝင်ပါပဲ။ အထူးသဖြင့် ဒီနွေ အပြောင်းအရွှေ့ ဈေးကွက်မှာပါ။ ကျနော်တို့ကတော့ အမြဲဦးစားပေးခဲ့သလိုပဲ အသင်း အောင်မြင်မှု ရဖို့ အဓိက ထားမှာပါ။ ဒါပေမယ့် ဒီ ဘောလုံးလောကတစ်ခုလုံးရဲ့ ရိုက်ခတ်မှုကိုလည်း မြင်နိုင်ဖို့ လိုတယ်။ ပုံမှန်အတိုင်း ပြန်မရောက်ခင် ရေရှည်ကို ပိုကြည့်ရပါမယ်။

အခြေခံအားဖြင့်တော့ ကစားသမား တစ်ယောက် အတွက် ပေါင် သန်း ရာချီ ကုန်မယ့် သတင်းစကားတွေကို ကျနော် ဘာာမှ လုပ်လို့ မရပါဘူး။ ဒါပေမယ့် ဒါတွေက တကယ့် လက်တွေ့နဲ့ ကင်းကွာနေတယ်ဆိုတာ မြင်နိုင်ဖို့ လိုပါတယ်။ ” လို့ ဝုဒ်ဝပ်က ပရိသတ်တွေနဲ့ ပြောဆိုတဲ့ ဖိုရမ်မှာ အသိပေးစကား ဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပြိုင်ပွဲကလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားရကာ ဘယ်နေ့မှာ ပြန် ကစားနိုင်မယ် အတိအကျ သတ်မှတ်နိုင်ခြင်း မရှိသေးဘဲ ရှိပါတယ်။ ယူနိုက်တက်ကတော့ အခြေအနေတွေ စိတ်ချရတာနဲ့ တပြိုင်နက် လက်ရှိ ဘောလုံးရာသီကို အဆုံးသတ်အောင် ကစားဖို့ စိတ်အားထက်သန်နေပါတယ်။

Zawgyi – မန္ခ်က္စတာယူနိုက္တက္ရဲ႕ အမႈေဆာင္ ဒုတိယဥကၠဌ ျဖစ္တဲ့ အက္၀ုဒ္၀ပ္ က ကိုရိုနာ ရိုက္ခတ္္မႈေၾကာင့္ လာမယ့္ ေႏြ အေျပာင္းအေရႊ႕ဟာ ခါတိုင္းလို ပံုမွန္လည္ပတ္ေနဖို႔ မေမွ်ာ္လင့္သင့္ေၾကာင္း သတိေပးစကား ဆိုလိုက္ပါတယ္။ ၀ုဒ္၀ပ္က ေဒၚလာသန္းေပါင္းမ်ားစြာ ေျပာင္းေရႊ႕ေၾကးေတြ သိပ္ မေမွ်ာ္လင့္ဖို႔ ဆိုလိုခဲ့ျခင္း ျဖစ္ပါတယ္။

ယူနိုက္တက္ဟာ သန္း ရာခ်ီ တန္ေၾကး ရွိတဲ့ ကစားသမားေတြကို ခ်ိတ္ဆက္ေနတယ္ သတင္းၾကီးေနေပမယ့္ ဒါေတြက လက္ေတြ႔နဲ႕ ကြင္းကြာေနတယ္လို႔ ၄င္းက ဆိုခဲ့ပါတယ္။ အေျပာင္းအေရႊ႕ ဖြင့္တာနဲ႕ ယူနိုက္တက္ နည္းျပ ဆိုးရွားကေတာ့ ကစားသမားသစ္ေတြ ေခၚယူနိုင္ဖို႔ ေမွ်ာ္လင့္ေနဆဲပါ။

ဒါေပမယ့္ ကိုရိုနာေၾကာင့္ ေဘာလံုးပြဲေတြ ရပ္နားထားရတာက ကလပ္အသင္းေတြရဲ႕ ဘ႑ာေရးကို ထိခိုက္ေစလာတာေၾကာင့္ ယူနိုက္တက္ အေနနဲ႕လည္း ေမွ်ာ္မွန္းထားတာထက္ နည္းပါးတဲ့ အသံုးစရိတ္သာ သံုးစြဲရဖြယ္ ရွိေနပါတယ္။

ယူနိုက္တက္ဟာ ေဒါ့မြန္ေတာင္ပံကစားသမား ဂ်ာဒန္ ဆန္ခ်ိဳကို ထိပ္သီး ပစ္မွတ္ အျဖစ္ သတ္မွတ္ထားတဲ့အျပင္ ျပီးခဲ့တဲ့ေႏြက ထြက္ခြာသြားတဲ့ တိုက္စစ္မွူး လူကာကူ ေနရာ အစားထိုးဖို႔ စပါးတိုက္စစ္မွဴး ကိန္းကိုလည္း ပစ္မွတ္ထားေနေၾကာင္း သတင္းထြက္ေနပါတယ္။

” ေဘာလံုးမွာ အားလံုးက အခက္ေတြ႔ေနတာေၾကာင့္ ဘယ္ကလပ္အသင္း မဆို ပံုမွန္ အတိုင္း လည္ပတ္နုိင္မယ္လို႔ ေမွ်ာ္လင့္ထားလို႔ မရပါဘူး။ က်ေန္ာတို႔လည္း အပါအ၀င္ပါပဲ။ အထူးသျဖင့္ ဒီေႏြ အေျပာင္းအေရႊ႕ ေစ်းကြက္မွာပါ။ က်ေနာ္တို႔ကေတာ့ အျမဲဦးစားေပးခဲ့သလိုပဲ အသင္း ေအာင္ျမင္မႈ ရဖို႔ အဓိက ထားမွာပါ။ ဒါေပမယ့္ ဒီ ေဘာလံုးေလာကတစ္ခုလံုးရဲ႕ ရိုက္ခတ္မႈကိုလည္း ျမင္နုိင္ဖို႕ လိုတယ္။ ပံုမွန္အတိုင္း ျပန္မေရာက္ခင္ ေရရွည္ကို ပိုၾကည့္ရပါမယ္။

အေျခခံအားျဖင့္ေတာ့ ကစားသမား တစ္ေယာက္ အတြက္ ေပါင္ သန္း ရာခ်ီ ကုန္မယ့္ သတင္းစကားေတြကို က်ေနာ္ ဘာာမွ လုပ္လို႔ မရပါဘူး။ ဒါေပမယ့္ ဒါေတြက တကယ့္ လက္ေတြ႔နဲ႕ ကင္းကြာေနတယ္ဆိုတာ ျမင္နိုင္ဖို႔ လုိပါတယ္။ ” လို႔ ၀ုဒ္၀ပ္က ပရိသတ္ေတြနဲ႕ ေျပာဆိုတဲ့ ဖိုရမ္မွာ အသိေပးစကား ဆိုခဲ့ပါတယ္။

ပရီးမီးယားလိဂ္ ျပိဳင္ပြဲကလည္း ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ရပ္နားထားရကာ ဘယ္ေန႔မွာ ျပန္ ကစားနုိင္မယ္ အတိအက် သတ္မွတ္နိုင္ျခင္း မရွိေသးဘဲ ရွိပါတယ္။ ယူနိုက္တက္ကေတာ့ အေျခအေနေတြ စိတ္ခ်ရတာနဲ႕ တျပိဳင္နက္ လက္ရွိ ေဘာလံုးရာသီကို အဆံုးသတ္ေအာင္ ကစားဖို႔ စိတ္အားထက္သန္ေနပါတယ္။